AD
AD
AD

တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတတစ်ဦးနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးတို့ စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် သမိုင်းဝင် ထိပ်သီးတွေ့ဆုံမှုကို ကမ္ဘာက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။

play


ယနေ့ (ဇွန်လ ၁၂ ရက်) မနက်ပိုင်းက ထိပ်သီးတွေ့ဆုံပွဲအတွက် စင်ကာပူမြို့လယ်ရှိ ၎င်းတို့တည်းခိုရာ ဟိုတယ်တွေကနေ အသီးသီး ထွက်ခွာလာကြတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ရဲ့ မော်တော်ယာဉ်တန်း ဖြတ်သန်းသွားမှုကို စင်ကာပူလမ်းမတွေမှာ လူအုပ်စုများက စောင့်ဆိုင်းကြည့်ရှုခဲ့ကြပါတယ်။

play


ကမ္ဘာတစ်ဝှမ်းမှ လူပေါင်းသန်းနဲ့ချီ အရေအတွက်ကလည်း အွန်လိုင်းနဲ့ ရုပ်မြင်သံကြားကနေ ထရန့်နဲ့ကင်မ် ထိပ်သီးနှစ်ဦး ပထမဆုံးအကြိမ်တွေ့ဆုံမှုကို တိုက်ရိုက်ကြည့်ရှုခဲ့ကြတယ်လို့ ဆိုပါတယ်။ ထရန့်နဲ့ကင်မ် ထိပ်သီးတွေ့ဆုံမှုကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ အထူးစိတ်ဝင်စား ကြည့်ရှုခဲ့ကြပါတယ်။

play


ဆိုးလ်မြို့တစ်ဝှမ်း ရထားဘူတာရုံတွေနဲ့ အများအပြည်သူအတွက် ရုပ်မြင်သံကြားများ ထားရှိပြသရာနေရာတွေမှာ လူပေါင်းထောင်နဲ့ချီပြီး ထရန့်နဲ့ကင်မ် သမိုင်းဝင် ထိပ်သီးတွေ့ဆုံမှု အခိုက်အတန့်ကို စုဝေးကြည့်ရှုခဲ့ကြတာ တွေ့ရပါတယ်။ ရုပ်မြင်သံကြားမှတစ်ဆင့် တိုက်ရိုက်ကြည့်ရှုနေသူတွေက ထရန့်နဲ့ကင်မ် လက်ဆွဲနှုတ်ဆက်ကြစဉ် လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။

play


ဆိုးလ်မြို့ရှိ အထပ်မြင့် အဆောက်အအုံတွေမှာ တင်ဆင်ထားတဲ့ ကြီးမားတဲ့ ရုပ်မြင်သံကြားတွေမှာလည်း ထရန့်နဲ့ကင်မ် ထိပ်သီးတွေ့ဆုံမှုကို တိုက်ရိုက်ထုတ်လွှင့်ပြသထားပါတယ်။ ထရန့်နဲ့ကင်မ် လက်ဆွဲနှုတ်ဆက်မှုကို တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ပြုံးပြီးကြည့်နေခဲ့ပုံကို ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

play


တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းဟာ ထရန့်နဲ့ကင်မ် ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်နိုင်ရေးအတွက် အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ ထရန့်နဲ့ကင်မ် ထိပ်သီးတွေ့ဆုံပွဲကို အားပေးကြသူတွေရှိသလို ကန့်ကွက်ဆန္ဒပြမှုတွေလည်း ဆိုးလ်မြို့မှာ ပေါ်ပေါက်ခဲ့ပါတယ်။

play


စစ်ပွဲဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေက အမေရိကန်သံရုံးအပြင်ဘက်ကို စုရုံးချီတက်ကာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက ငြိမ်းချမ်းရေး သဘောတူစာချုပ်ချုပ်ဆိုရေးနဲ့ နှစ်ပေါင်း ၇၀ နီးပါးရှိပြီဖြစ်တဲ့ စစ်ပွဲကာလကို အဆုံးသတ်ရန် တောင်းဆိုခဲ့ကြပါတယ်။

၁၉၅၀ ပြည့်နှစ်မှ ၁၉၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲဟာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်သာ ချုပ်ဆိုထားနိုင်သေးပြီး တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံကြား ယခုအချိန်ထိ စစ်ပွဲကိုအဆုံးသတ်တဲ့ ငြိမ်းချမ်းရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။

play


ထရန့်နဲ့ကင်မ် ထိပ်သီးတွေ့ဆုံမှုကို အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ရှိ Koreatown မှာလည်း ရုပ်မြင်သံကြားကနေ လူအများအပြားက တိုက်ရိုက်ကြည့်ရှုခဲ့ကြပြီး ခေါင်းဆောင်နှစ်ဦး လက်ဆွဲနှုတ်ဆက်ချိန်မှာ လက်ခုပ်တီးသြဘာပေးခဲ့ကြပါတယ်။

play


လော့စ်အိန်ဂျလိစ်ရှိ Koreatown ဟာ အမေရိကန်မှာ ကိုရီးယားလူမျိုးတွေ အများဆုံးနေထိုင်လျက်ရှိတဲ့ နေရာတစ်ခုဖြစ်ပြီး Koreatown မှာ နေထိုင်ကြသူတွေက စင်ကာပူထိပ်သီးဆွေးနွေးပွဲကနေ ကောင်းမွန်တဲ့ရလဒ်တစ်ခု ထွက်ပေါ်လာရန် မျှော်လင့်ကြောင်း ပြောကြပါတယ်။

play


နယူးယော့ခ်မြို့ရှိ Times Square မှာလည်း ထရန့်နဲ့ကင်မ် ထိပ်သီးဆွေးနွေးပွဲ တိုက်ရိုက်ထုတ်လွှင့်ပြသမှုကို လူအုပ်စုတွေက စုဝေးကြည့်ရှုခဲ့ကြကြောင်း သိရပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာလည်း ထရန့်နဲ့ကင်မ် ထိပ်သီးတွေ့ဆုံပွဲ အထူးထုတ် သတင်းစာတွေကို ဝယ်ယူသူတွေ များပြားခဲ့ပါတယ်။

play


ဂျပန်နိုင်ငံပေါ်ကိုကျော်ပြီး ဒုံးကျည်ပစ်လွှတ်ခဲ့ဖူးတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကို ဂျပန်လူမျိုးတွေက စိတ်ဝင်တစား စောင့်ကြည့်ကြတယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ရဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကို ယနေ့ မနက်ပိုင်းက စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းရှိ Capella ဟိုတယ်မှာ စတင်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD