AD
AD
AD

တောင်ကိုရီးယားသမ္မ မွန်ဂျေအင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ ထိပ်သီးဆွေးနွေးပွဲရလဒ်ကို ချီးကျူးဂုဏ်ပြုလိုက်ပြီး နောက်ဆုံးလက်ကျန် စစ်အေးပဋိပက္ခကို အဆုံးသတ်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခုအဖြစ် ညွန်းဆိုပြောခဲ့ပါတယ်။

play
ထရန့်နဲ့ကင်မ် လက်ဆွဲနှုတ်ဆက်မှုကို ကြည့်ရှုနေသည့် မွန်ဂျေအင်း (အလယ်)


"ကျွန်တော် လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ပါတယ်၊ မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးဆွေးနွေးပွဲ အောင်မြင်မှုကို ကြိုဆိုပါတယ်" လို့ မွန်ဂျေအင်းက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

"ဇွန် ၁၂ ရက် ဆန်တိုဆာ သဘောတူညီမှုက သမိုင်းဝင်ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်မှာပါ၊ ဒီသဘောတူညီမှုက ကမ္ဘာပေါ်မှာ နောက်ဆုံးလက်ကျန် စစ်အေးအမွေအနှစ်ကို ဖယ်ရှားရေးအတွက် အကူအညီဖြစ်စေပါတယ်" လို့ တောင်ကိုရီးယားသမ္မတကဆိုပါတယ်။

play
သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့ကြသည့် ထရန့်နဲ့ကင်မ်


သမ္မတမွန်ဂျေအင်းဟာ စစ်အေးကာလ ရန်ဘက်တွေဖြစ်ကြတဲ့ မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်ရေးမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ညှိနှိုင်းပေးခဲ့သူလည်း ဖြစ်ပါတယ်။ ထရန့်နဲ့ကင်မ် ထိပ်သီးဆွေးနွေးပွဲမှာ ရရှိခဲ့တဲ့ သဘောတူညီမှုကို အခြေခံပြီး ရှေ့ဆက်နိုင်ရန် လမ်းကြောင်းသစ်ကို လျှောက်လှမ်းသွားကြမယ်လို့လည်း မွန်ဂျေအင်းကဆိုပါတယ်။

play
ထရန်နဲ့ကင်မ် ထိပ်သီးဆွေးနွေးပွဲကို တောင်ကိုရီးယားအစိုးရအဖွဲ့ ကြည့်ရှုနေစဉ်


"စစ်ပွဲနဲ့ ပဋိပက္ခတွေရဲ့ အမှောင်နေ့ရက်တွေကို နောက်မှာချန်ထားခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍသစ်ကို ကျွန်တော်တို့ ရေးထိုးသွားကြမှာပါ၊ ဒီနေရာမှာ ကျွန်တော်တို့ မြောက်ကိုရီးယားနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" လို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ပြောခဲ့ပါတယ်။

သို့သော် ယနေ့ ထပ်သီးဆွေးနွေးပွဲမှာ သဘောတူညီမှုတွရခဲ့ခြင်းက ခရီးအစသာဖြစ်ကြောင်းနဲ့ အခက်အခဲ အများအပြား ရှေ့မှာကြုံရနိုင်ကြောင်းလည်း မွန်ဂျေအင်းက သတိပေးခဲ့ပါတယ်။

play
ဒေါ်နယ်ထရန့်နဲ့ မွန်ဂျေအင်း


"ဒါပေမဲ့ ကျွန်တော်တို့ နောက်ကြောင်းပြန်မလှည့်ပါဘူး၊ ဒီ ခရီးကို အရှုံးမပေးပါဘူး၊ သမိုင်းဆိုတာ ရည်မှန်းချက်တစ်ခုကို အကောင်အဖော်ပြီး စိန်ခေါ်မှုကို ရင်ဆိုင်သူတွေရဲ့ မှတ်တမ်းတစ်ခုပါပဲ" လို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ပြောခဲ့ပါတယ်။

သမ္မတမွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်ဆောင် ကင်မ်ဂျုံအန်တို့ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်မှာ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ထိုနောက်မှာတော့ ကင်မ်ဂျုံအန်နဲ့ အမေရိကန်သမ္မတထရန့်တို့ ထိပ်သီးတွေ့ဆုံရန် စီစဉ်လာခဲ့ကြပါတယ်။

play
ကင်မ်ဂျုံအန်နှင့် မွန်ဂျေအင်း


ထိုသို့ စီစဉ်နေစဉ်အတွင်း မေလနှောင်းပိုင်းမှာ ထရန့်နဲ့ကင်မ် ထိပ်သီးတွေ့ဆုံပွဲ အစီအစဉ် ပျက်ပြယ်မယ့် အခြေအနေ ဖြစ်ပေါ်လာခဲ့ရာ မွန်ဂျေအင်းက မြောက်ကိုရီးယားဘက်ကို နယ်စပ်ဖြတ်ကျော်သွားရောက်ပြီး ကင်မ်ဂျုံအန်နဲ့ ဆွေးနွေးညှိနှိုင်းပေးခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD