AD
AD
AD

ပေါ်တူဂီနိုင်ငံမှာ ဆယ်လ်ဖီရိုက်စဉ် ဟန်ချက်ပျက်ကာ နံရံတံတိုင်းတစ်ခုပေါ်မှ ပြုတ်ကျမှုကြောင့် သြစတြေးလျစုံတွဲ သေဆုံးခဲ့ကြောင်း သိရပါတယ်။

play


ပေါ်တူဂီရှိ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ ကမ်းခြေတစ်ခုရှိ နံရံတံတိုင်းပေါ်တက်ပြီး ဆယ်လ်ဖီရိုက်စဉ် ဟန်ချက်ပျက်ကာ ပြုတ်ကျခဲ့ပုံရကြောင်း ဆိပ်ကမ်းအာဏာပိုင်တစ်ဦးက ဇွန်လ ၁၂ ရက်မှာ ပြောခဲ့ပါတယ်။

play


"မြင်တွေ့ရတဲ့ အနေအထားအရတော့ သူတို့ ဆယ်လ်ဖီရိုက်နေတုန်း ပြုတ်ကျခဲ့တာပါ" လို့ လစ္စဘွန်းမြို့အနီးရှိ Cascais ဆိပ်ကမ်းမြို့မှ ကယ်ဆယ်ရေးဌာနခေါင်းဆောင် Rui Pereira da Terra က AFP သတင်းဌာနကို ပြောပါတယ်။

အသက် ၄၀ ကျော်အရွယ် အမျိုးသားနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတို့ကို ၉၈ ပေကျော်မြင့်တဲ့ နံရံတံတိုင်းအောက်ခြေ သဲသောင်ပြင်မှာ သန့်ရှင်းရေးသမားတစ်ဦးက တွေ့ရှိခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြပါတယ်။

play


အဆိုပါစုံတွဲဟာ ဇွန်လ ၁၂ ရက် ဒေသစံတော်ချိန် မနက် ၁ နာရီနဲ့ ၆ နာရီကြားမှာ ပြုတ်ကျသေဆုံးခဲ့တယ်လို့ ယုံကြည်ရကြောင်း စစ်ဆေးသူတွေက ဆိုပါတယ်။

"သူတို့ရဲ့ မိုဘိုင်းဖုန်း လက်ထဲကလွတ်ကျသွားတာကို လှမ်းဖမ်းယူဖို့ ကြိုးစားလိုက်ရာက ဟန်ချက်ပျက်ကာ ပြုတ်ကျခဲ့တယ်လို့ ယူဆရပါတယ်" လို့ ၎င်းက ဖြည့်စွက်ပြောပါတယ်။ လစ္စဘွန်းမြို့မှ ၁၉ မိုင်ခန့်အကွာရှိ ကမ္ဘာလှည့်ခရီးသည်တွေကြား ကျော်ကြားတဲ့ Ericeira ကမ်းခြေမှာ အဆိုပါ မတော်တဆဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD