AD
AD
AD

ပြင်သစ်နိုင်ငံမှာ ဖိနပ်ထည့်ဘူးထဲမှတွေ့ရတဲ့ ၁၈ ရာစုနှစ်လက်ရာ တရုတ်ရှေးဟောင်းပန်းအိုးတစ်လုံးကို ယူရို ၁၆.၂ သန်းဖြင့် လေလံတင်ရောင်းချနိုင်ခဲ့ပါတယ်။ အဆိုပါ ရှေးဟောင်းပန်းအိုဟာ ဖိနပ်ဘူးထဲမှာ ဆယ်စုနှစ်အတန်ကြာ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

play


ပန်းအိုးကို Sotheby's လေလံကုမ္ပဏီက ဇွန်လ ၁၂ ရက်မှာ လေလံတင်ရောင်းချခဲ့ရာ မူလခန်မှန်းထားခဲ့တဲ့ လေလံဈေး ယူရို ၅၀၀,၀၀၀ မှ ၇၀၀,၀၀၀ ထက် အဆပေါင်း ၂၀ ကျော် ဈေးပိုရခဲ့ပါတယ်။ ယခုဈေးနှုန်းဟာ ပြင်သစ်နိုင်ငံမှာ Sotheby's က လေလံတင်ခဲ့တဲ့ ပစ္စည်းတစ်ခုတည်းကို အမြင့်ဆုံးပေးဝယ်ခဲ့တဲ့ လေလံဈေးနှုန်းလည်း ဖြစ်လာခဲ့ပါတယ်။

ရှေးဟောင်းတရုတ်ပန်းအိုးကို မိသားစုအမွေအဖြစ် ရရှိထားခဲ့တာဖြစ်ပြီး နေအိမ်ထပ်ခိုးတစ်ခုမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

play


"လေလံတင်ရောင်းချသူက ရထားစီးလာပြီး ဘူတာရုံကနေ Sotheby's ရုံးခန်းကို လမ်းလျှောက်လာခဲ့တယ်၊ ပြီးတော့ ကျွန်တော့်ရုံးခန်းထဲကို ဖိနပ်ဘူးထဲမှာ သတင်းစာနဲ့ပတ်ထားတဲ့ ပန်းအိုနဲ့အတူရောက်လာခဲ့တယ်" လို့ Sotheby's မှ အာရှအနုပညာလက်ရာ ကျွမ်းကျင်သူ အိုလီဗီယာ ဗောလ်မီယာက ပြောပါတယ်။

"အဲဒီနောက် သူမက ဖိနပ်ဘူးကို ကျွန်တော့်စားပွဲပေါ်တင်လိုက်ပြီး ဖွင့်ပြလိုက်ချိန်မှာတော့ လှပတဲ့ ရှေးခတ်လက်ရာပန်အိုးကိုတွေ့ရလို့ ကျွန်တော်တို့ အံ့အားသင့်သွားခဲ့ကြတယ်" လို့ အိုလီဗီယာကဆိုပါတယ်။ "ဒါက တစ်ကယ့် အနုပညာလက်ရာကောင်းတစ်ခုပါပဲ" လို့လည်း ၎င်းက ပြောခဲ့ပါတယ်။

play


အမြင့် ၁၁.၈ လက်မရှိပြီး ပုလင်းပုံသဏ္ဍန် ပန်းအိုးကို အစိမ်းရောင်၊ အပြာရောင်နဲ့ ခရမ်းနုရောင်တို့ဖြင့် ခြယ်သထားပြီး Qing မင်းဆက်ခေတ်မှ ဖြစ်တယ်လို့ဆိုပါတယ်။ ပန်းအိုးပေါ်မှာ တောအုပ်တစ်ခုအတွင်း သမင်၊ ငှက်များနဲ့ အခြား တိရိစ္ဆာန်တွေပုံ ပန်းချီရေးဆွဲထားပါတယ်။

အဆိုပါ ပန်းအိုးမှာ ၁၇၃၆ ခုနှစ်မှ ၁၇၉၅ ခုနှစ်အထိ တရုတ်ပြည်ကိုအုပ်ချုပ်ခဲ့တဲ့ Qianglong ဧကရာဇ်ရဲ့ အမှတ်အသားလည်း ပါရှိတယ်လို့ဆိုပါတယ်။ ပန်အိုးဟာ အကောင်းပတိအတိုင်း အခြေအနေဖြစ်ကြောင်း သိရပါတယ်။

play


"ပန်းအိုးပိုင်ရှင်တွေက တန်ဖိုးရှိမယ်ဆိုတာသိပေမဲ့ အခုလောက်အထိ တန်ဖိုးကြီးမယ်ဆိုတာနဲ့ Qing မင်းဆက်မှဖြစ်တယ်ဆိုတာ မသိခဲ့ကြဘူး" လို့ Sotheby's လေလံကုမ္ပဏီ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ ၁၈ ရာစုလက်ရာ ရှေးဟောင်းတရုတ်ပန်းအိုးကို လေလံတင်ခဲ့ရာမှာ မိနစ် ၂၀ အတွင်း ရောင်းချနိုင်ခဲ့ပါတယ်။ Sotheby's က အာရှဒေသမှ ဝယ်ယူသူရဲ့ အမည် သို့မဟုတ် မည်သည့်နိုင်ငံသားဖြစ်ကြောင်းကို ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD