AD
AD
AD

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ယနေ့ (ဇွန်လ ၁၅ ရက်) ကြေညာလိုက်တဲ့ တရုတ်ပစ္စည်းတွေအပေါ် အခွန်ကောက်ခံမယ့် အစီအစဉ်ကို တရုတ်နိုင်ငံဘက်ကလည်း ချက်ချင်း တုံ့ပြန်လာပြီး ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံကြား အလုံးစုံ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာနိုင်မှုကို စိုးရိမ်နေကြပါတယ်။

play


အမေရိကန်သမ္မတထရန့်က ဒေါ်လာ ၅၀ ဘီလီယံ တန်ဖိုးရှိတဲ့ တရုတ်နိုင်ငံမှ တင်သွင်းကုန်တွေအပေါ် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်ကောက်ခံမယ်လို့ ကြေညာလိုက်ပြီး တရုတ်က ဉာဏမူပိုင်ခွင့်တွေကို ခိုးယူနေကြောင်းလည်း စွပ်စွဲပြောကြားလိုက်ပါတယ်။

သမ္မတထရန့်ရဲ့ အစီအစဉ်အရ တရုတ်နိုင်ငံကနေ နှစ်စဉ်ကုန်သွယ်မှုအတွင်း အမေရိကန်ကို တင်သွင်းနေတဲ့ ကုန်ပစ္စည်းအမျိုးအစား ၈၁၈ မျိုးကို လာမယ့် ဇူလိုင် ၆ ရက်မှစပြီး အခွန်ကောက်ခံသွားမယ်လို့ သိရပါတယ်။

အိမ်ဖြူတော်က သတင်းထုတ်ပြန်မှုအရ ဒေါ်လာ ၁၆ ဘီလီယံ တန်ဖိုးရှိတဲ့ အခြား တရုတ်ကုန်ပစ္စည်း ၂၈၄ မျိုးကိုလည်း အခွန်ကောက်ခံရန် စီစဉ်နေပြီး နောက်ပိုင်းမှာ အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။

play


အမေရိကန် ဉာဏမူပိုင်ခွင့်တွေကို ခိုးယူမှုအပေါ် ပြစ်ဒဏ်ခတ်မှုအဖြစ် တရုတ်သွင်းကုန်တွေကို အခွန်စည်းကြပ် ကောက်ခံခြင်းဖြစ်ပြီး အကယ်၍ တရုတ်ဘက်က တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် ကုန်ပစ္စည်းတွေကိုလည်း အခွန်ကောက်ခံလာပါက နောက်ထပ် သွင်းကုန်ကောက်ခံမှုတွေ ထပ်မံ လုပ်ဆောင်သွားမယ်လို့ သမ္မတထရန့်က သတိပေးလိုက်ပါတယ်။

"ဒီ အခွန်ကောက်ခံမှုတွေက အမေရိကန်နည်းပညာနဲ့ ဉာဏမူပိုင်ခွင့်တွေ တရုတ်ကို နောက်ထပ် တရားမဝင် ရောက်မသွားအောင် စည်းကြပ်ကောက်ခံဖို့ မဖြစ်မနေ လိုအပ်ပြီး အမေရိကန် အလုပ်အကိုင် အခွင့်အလမ်းတွေကိုလည်း အကာအကွယ်ပေးပါလိမ့်မယ်" လို့ ထရန့်ကဆိုပါတယ်။

play


တရုတ်နိုင်ငံလည်း သမ္မတထရန့်ရဲ့ ယနေ့ ကြေညာချက်ကို အလျင်အမြန်ပင် တုံ့ပြန်ခဲ့ပြီး အမေရိကန် ထုတ်ကုန်တွေကို တူညီတဲ့ အခွန်စည်းကြပ်သွားမယ်လို့ ပြောခဲ့ပါတယ်။

"ကျွန်ုပ်တို့ ပမာဏတူညီတဲ့ နှုန်းထားတူညီတဲ့ အခွန်စည်းကြပ်မှုကို ချက်ချင်း သတ်မှတ်သွားမှာပါ" လို့ တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနက ၎င်းတို့ရဲ့ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ထားကြောင်း သိရပါတယ်။

အမေရိကန်က မိမိတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်လာပါက အလျင်အမြန် လက်တုံ့ပြန်သွားမှာဖြစ်ကြောင်း တရုတ်အစိုးရက ယမန်နေ့ (ဇွန်လ ၁၄ ရက်) အစောပိုင်းမှာ ပြောကြားထားခဲ့ပါတယ်။

နောက်ဆက်တွဲသတင်း - တရုတ်နိုင်ငံလည်း ဒေါ်လာ ၅၀ ဘီလီယံ တန်ဖိုးရှိတဲ့ အမေရိကန်ထုတ်ကုန် ၆၅၉ မျိုးကို သွင်းကုန်စည်းကြပ် ကောက်ခံသွားမယ်လို့ အစိုးရသတင်းဌာန ဆင်ဟွာက ဇန်နဝါရီ ၁၆ ရက်မှာ ဖော်ပြခဲ့ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD