AD
AD
AD

အိန္ဒိယနိုင်ငံမှာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရေအကျပ်အတည်း ကြုံတွေ့နေရပြီး လူဦးရေး သန်း ၆၀၀ ခန့်ဟာ စိုးရိမ်စရာကောင်းတဲ့ ရေပြတ်လပ်မှု အခြေအနေကို ရင်ဆိုင်နေရကြောင်း အစိုးရအတိုင်ပင်ခံ ကျွမ်းကျင်ပညာရှင်အဖွဲ့က ပြောပါတယ်။

play


Niti Aayog အဖွဲ့က အိန္ဒိယပြည်နယ် ၂၉ ခုအနက် ၂၄ ခုမှ အချက်အလက်တွေကို ရယူခဲ့ပြီး ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ရေပြတ်လပ်မှုဟာ လာမယ့် ရှေ့နှစ်တွေမှာ ပိုမိုဆိုးရွားလာရန်သာရှိကြောင်း ဖော်ပြထားပါတယ်။ လာမယ့် ၂၀၂၀ ခုနှစ်မှာ အိန္ဒိယရဲ့ မြို့ကြီး ၂၁ မြို့မှာ ရေသုံးစွဲမှုမြင့်တက်လာသည့်တိုင် မြေအောက်ရေ ခမ်းခြောက်သွားနိုင်တယ်လို့လည်း ထိုအဖွဲ့က သတိပေးခဲ့ပါတယ်။

play


ရေအရင်းအမြစ် ၈၀ ရာခိုင်နှုန်းကို စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးပြုနေတာကြောင့် ရေပြတ်လပ်မှုနဲ့အတူ အစားအစာ ဘေးကင်းစိတ်ချရမှုကိုလည်း ခြိမ်းခြောက်လာနိုင်တယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှ မြို့ကြီး မြို့ငယ်တွေမှာ ပိုက်လိုင်းများဖြင့် နေအိမ်အားလုံးအရောက် ရေပေးဝေနိုင်တဲ့ အခြေခံ အဆောက်အအုံ မရှိတာကြောင့် နွေရာသီကာလအတွင်း ရေပြတ်လပ်မှု ပုံမှန်ကြုံရလေ့ရှိပါတယ်။

play


အိန္ဒိယကျေးလက်ဒေသတွေမှာလည်း သန့်ရှင်းတဲ့ရေ မရရှိမှု ဆိုးရွားစွာ ကြုံတွေ့ရပါတယ်။ မုတ်သုံမိုး နောက်ကျခြင်း၊ လုံလောက်တဲ့ ရွာသွန်းမှုမရှိခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ မြေအောက်ရေသုံးစွဲမှု တိုးမြင့်လာခဲ့ရာ ကျေးလက်ဒေသခံတွေဟာ မြေအောက်ရေကို အားထားနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

play


အိန္ဒိယမှာ သန့်ရှင်းတဲ့ရေ မရရှိတာကြောင့် နှစ်စဉ် လူ ၂၀၀,၀၀၀ ဝန်းကျင် သေဆုံးနေကြောင်းလည်း Niti Aayog အစီရင်ခံစာက ပြောထားပါတယ်။ အိန္ဒိယပြည်သူ အများအပြားဟာ အစိုးရက အခကြေးငွေပေးချေတဲ့ ပုဂ္ဂလိက ရေပေးဝေမှုလုပ်ငန်းတွေထံမှ ရေရယူသုံးစွဲနေရပါတယ်။

အိန္ဒိယ ဆင်းရဲသားရပ်ကွက်တွေမှာ ရေပေးဝေတဲ့ မော်တော်ယာဉ်များထံမှ သို့မဟုတ် အများပြည်သူသုံး ရေဘုံဘိုင်များမှ ရေစုဆောင်းရယူနိုင်ရန် တန်းစီစောင့်ဆိုင်းနေရတဲ့ မြင်ကွင်းကိုလည်း အမြဲလို မြင်တွေ့နေရတယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD