AD
AD
AD

အင်ဒိုနီးရှားနိုင်ငံမှာ ပျောက်ဆုံးနေတဲ့ အမျိုးသမီးတစ်ဦးကို သူမ ပျောက်ဆုံးသွားခဲ့တဲ့ ဟင်းသီးဟင်းရွက် စိုက်ခင်းတစ်ခုအနီးရှိ စပါးအုံးမြွေကြီးတစ်ကောင်ရဲ့ ဝမ်းဗိုက်အတွင်းမှာ ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (ဇွန်လ ၁၆ ရက်) ပြောပါတယ်။

play


အဆိုပါ အမျိုးသမီးဟာ သူမရဲ့စိုက်ခင်းမှာ အလုပ်လုပ်နေစဉ် ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ထို့နောက် အမျိုးသမီးအား လိုက်လံရှာဖွေကြတဲ့ ရွာသားတွေက ဇွန်လ ၁၅ ရက်မှာ အရှည် ၂၇ ပေနီးပါးရှိတဲ့ စပါးအုံးမြွေကြီးကို မင်္သကာဖြစ်ကာ ဖမ်းဆီးခဲ့ကြပြီး ဝမ်းဗိုက်ခွဲစစ်ဆေးခဲ့ရာ အသက် ၅၄ နှစ်အရွယ် ဝါတီဘာအမည်ရှိ အမျိုးသမီးရဲ့ အလောင်းကို တွေ့ရှိခဲ့ရပါတယ်။

play


ဆူလာဝေစီကမ်းလွန် မူနာကျွန်းပေါ်ရှိ ပါစီယန်ပန်လောဝီလာ ကျေးရွာမှာ အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ "ပျောက်နေတဲ့ အမျိုးသမီးကို စပါးအုံးမြွေက မျိုလိုက်တယ်လို့ ရွာခံတွေက သံသယရှိခဲ့ကြတာ၊ ဒါနဲ့ သူတို့ ဒီမြွေကြီးကိုသတ်ပြီး ဗိုက်ခွဲကြည့်ခဲ့ကြတော့ အမျိုးသမီးရဲ့အလောင်းကို တွေ့ရတာပဲ" လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ ဟမ်ကာက ပြောပါတယ်။

play


မြွေမျိုခံရပြီး သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ ကြာသပတေးနေ့ (ဇွန်လ ၁၄ ရက်) ညပိုင်းမှာ သူမရဲ့စိုက်ခင်းကနေ ပျောက်သွားခဲ့ပြီး ဆွေမျိုးများအပါအဝင် ဒေသခံ ၁၀၀ ခန့်က လိုက်လံရှာဖွေခဲ့ကြပါတယ်။ လိုက်လံရှာဖွေကြတဲ့ ရွာသွားတွေက ဝါတီဘာရဲ့ ဖိနပ်နဲ့ တောခုတ်ဓားကို စပါးအုံးမြွေကြီးနဲ့ ပေ ၁၀၀ နီးပါးအကွာမှာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးသွားတဲ့ အမျိုးသမီးဟာ သူမရဲ့ဦးခေါင်းကို ဦးစွာအမျိုခံရပြီးနောက် စပါးအုံးမြွေကြီးက တစ်ကိုယ်လုံးကို မျိုခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ မြွေမျိုခံရတဲ့ အမျိုးသမီးရဲ့ စိုက်ခင်းနေရာဟာ ချောက်ကမ်းပါးအောက်ခြေနဲ့ လှိုဏ်ဂူများအနီးမှာရှိပြီး မြွေပေါတဲ့နယ်မြေ ဖြစ်တယ်လို့လည်း သိရပါတယ်။

play


အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်မှာ တွေ့ရလေ့ရှိတဲ့ စပါးအုံးမြွေတွေဟာ ပုံမှန်အားဖြင့် အရှည် ၁၉ ပေခွဲအထိရှိကြပြီး ယခု မြွေကြီးကတော့ ပုံမှန်ထက်ပိုပြီး ရှည်လျားကြီးမားတယ်လို့ ဆိုပါတယ်။

ထိုမြွေကြီးတွေက တိရိစ္ဆာန်အကောင်ငယ်တွေကို ရစ်ပတ်တိုက်ခိုက်ပြီး မျိုလေ့ရှိပေမဲ့ လူတွေကိုမျိုတဲ့ဖြစ်ရပ်မှာ ရှားတဲ့ဖြစ်ရပ်လို့လည်း သိရပါတယ်။ ယမန်နှစ် မတ်လအတွင်းက ဆူလာဝေစီကျွန်းပေါ်ရှိ ဆာလူဘီရိုကျေးရွာမှာ စပါးအုံးမြွေကြီးတစ်ကောင် တိုက်ခိုက်မှုကြောင့် ရွာသားတစ်ဦး သေဆုံးခဲ့ဖူးပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD