AD
AD
AD

စကော့တလန်နိုင်ငံ ဂလက်စဂိုမြို့ရှိ ကမ္ဘာ့ထိပ်တန်းစာရင်းဝင် အနုပညာကျောင်းတစ်ကျောင်းမှာ မီးလောင်မှုအကြီးအကျယ် ဖြစ်ပွားခဲ့ရာ မီးသတ်သမား ၁၂၀ ကျော် မီးငြှိမ်းသတ်နိုင်ရန် အပြင်းအထန် ကြိုးပမ်းခဲ့ရကြောင်း သိရပါတယ်။

play


ဇွန်လ ၁၅ ရက် ညပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုအတွင်း Glasgow School of Art အနုပညာကျောင်းရှိ စကာ့လတန်ရဲ့ ဗိသုကာဆိုင်ရာ လက်ရာများနဲ့ နာမည်ကျော် ဗိသုကာပညာရှင် Mackintosh လက်ရာ အဆောက်အအုံတို့ မီးလောင်ပျက်စီးခဲ့ရပါတယ်။ အဆိုပါ အနုပညာကျောင်း မီးလောင်မှုဟာ လေးနှစ်အတွင်း ဒုတိယအကြိမ်ဖြစ်ကြောင်း စကော့တလန်မီးသတ်ဖွဲ့က ယနေ့ (ဇွန်လ ၁၆ ရက်) ပြောပါတယ်။

play


မီးလောင်မှုကြောင့် ၁၉၀၉ ခုနှစ်က တည်ဆောက်ခဲ့တဲ့ အနုပညာကျောင်း အဆောက်အအုံ ပျက်စီးခဲ့ပြီး အနီးအနားရှိ နိုက်ကလပ်တစ်ခုနဲ့ ဂီတဖျော်ဖြေပွဲပြုလုပ်တဲ့ နေရာတစ်ခုကိုလည်း မီးကူးစက်ခဲ့ကြောင်း သိရပါတယ်။ မီးလောင်မှုအတွင်း သေဆုံးဒဏ်ရာသူ မရှိခဲ့ဘူးလို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

play


"ကျွန်မ ပထမဆုံး စိုးရိမ်ပူပန်မိတာက လူတွေ ဘေးကင်းရေးအတွက်ပါ၊ ဒါပေမဲ့ ဂလက်စကိုမြို့ရဲ့ နှစ်သက်စဖွယ် အနုပညာကျောင်းအတွက်လည်း ဝမ်းနည်းရပါတယ်" လို့ စကော့တလန် အစိုးရအဖွဲ့ခေါင်းဆောင် နီကိုလာ စတာဂျီရွန်က သူမရဲ့ Twitter မှာ ရေးသားထားပါတယ်။

play


မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အနုပညာကျောင်းအနီးမှာ နေထိုင်သူတွေကို ၎င်းတို့နေအိမ်များမှ ရွှေ့ပြောင်းပေးခဲ့ပြီး မီးတောက်တွေကို ဂလက်စကိုမြို့လယ်မှာ အထင်းသား မြင်တွေ့ခဲ့ရကြောင်း မျက်မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။ ယခုမီးလောင်မှုဟာ ယခင်တစ်ကြိမ်ကထက် များစွာပိုဆိုးရွားကြောင်းလည်း မျက်မြင်တွေ့ရသူတွေက သတင်းဌာတွေကို ပြောခဲ့ကြပါတယ်။

play


ဂလက်စကိုမြို့လယ်မှာ တည်ရှိတဲ့ Glasgow School of Art အနုပညာကျောင်းမှာ အဆောက်အအုံများ ပါဝင်ဖွဲ့စည်းထားပြီး ဂလက်စကိုမြို့ဇာတိဖွား နာမည်ကျော် ဗိသုကာနဲ့ ဒီဇိုင်းပညာရှင် Mackintosh က ၁၈၉၇ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၉၀၉ ခုနှစ် အပြီးသတ်ခဲ့တဲ့ ဂလက်စကိုမြို့ရဲ့ အထင်ကရ Mackintosh အဆောက်အအုံလည်း ပါဝင်ပါတယ်။

play


ဂလက်စကို အနုပညာကျောင်းကနေ ထူးချွန်တဲ့ အနုပညာရှင်တွေ မွေးဖွားပေးနိုင်ခဲ့ပြီး ထိုကျောင်းထွက်တွေဖြစ်တဲ့ Simon Starling၊ Richard Wright နဲ့ Martin Boyce တို့က ၂၀၀၅ ခုနှစ်၊ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်တို့မှာ Turner Prize အနုပညာဆုကို အသီးသီး ရရှိခဲ့ကြပါတယ်။


ဒါ့အပြင် Doctor Who မင်းသား Peter Capaldi၊ Harry Potter နဲ့ James Bond ဇာတ်ကားတွေမှ မင်းသား Robbie Coltrane နဲ့ စကော့တလန် ရော့ခ်တေးဂီတအဖွဲ့ Travis and Franz Ferdinand မှ အဖွဲ့ဝင်တွေဟာလည်း Glasgow School of Art အနုပညာကျောင်းဆင်းတွေဖြစ်ကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD