AD
AD
AD

မလေးရှားနိုင်ငံမှာ မိုဘိုင်းဖုန်းပေါက်ကွဲမှုကြောင့် ကုမ္ပဏီ CEO တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ Cradle Fund Bhd ရဲ့ CEO (chief executive officer) နက်ဇ်ရင်ဟတ်ဆန် သေဆုံးရမှုဟာ မိုဘိုင်းဖုန်းပေါက်ကွဲမှုကြောင့် ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ဇွန်လ ၁၅ ရက် ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

play
Cradle Fund ၏ CEO ဟတ်ဆန်


CEO ဟတ်ဆန် သေဆုံးရမှုဟာ ၎င်းရဲ့ဘေးမှာ ဘက်ထရီအားသွင်းထားတဲ့ မိုဘိုင်းဖုန်းပေါက်ကွဲမှုဖြစ်ရာမှ ရရှိခဲ့တဲ့ ဦးခေါင်းဒဏ်ကြောင့်ဖြစ်ကြောင်း အလောင်းခွဲစိတ်စစ်ဆေးမှုက ကောက်ချက်ချထားတယ်လို့ ကုမ္ပဏီက အတည်ပြုခဲ့ပါတယ်။

ဟတ်ဆန်ရဲ့ ယောက်ဖဖြစ်သူက ဆိုရှယ်မီဒီယာမှာ ပြောကြားထားမှုအရလည်း အားသွင်းထားတဲ့ မိုဘိုင်းဖုန်း အပူလွန်ကဲပြီး ပေါက်ကွဲမှုဖြစ်ခဲ့ရာမှ ဟတ်ဆန်ရဲ့ဦးခေါင်းနောက်ဘက်ကို ထိခိုက်ဒဏ်ရာရခဲ့ပြီး ထိုဒဏ်ရာကြောင့် သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

play
မိုဘိုင်းဖုန်းပေါက်ကွဲမှု ဖြစ်ခဲ့သည့် ဟတ်ဆန်၏ အိပ်ခန်းမြင်ကွင်း


မိုဘိုင်းဖုန်းပေါက်ကွဲမှုဖြစ်ပြီး မွေ့ယာဟာလည်း မီးလောင်ကျွမ်းခဲ့ကြောင်း သို့သော် ဟတ်ဆန်ဟာ အစောပိုင်းကတည်းက ဦးခေါင်းဒဏ်ရာကြောင့် သေဆုံးခဲ့ပြီးဖြစ်တယ်လို့လည်း ၎င်းရဲ့ယောက်ဖတော်စပ်သူက ပြောပါတယ်။

play
ဟတ်ဆန်ရဲ့အလောင်းကို သယ်ယူလာစဉ်


ရဲတပ်ဖွဲ့က ဟတ်ဆန်ဟာ ၎င်းရဲ့နှစ်ထပ်နေအိမ်ရှိ မီးလောင်နေတဲ့ အိပ်ခန်းအတွင်း ပိတ်မိခဲ့ပြီး မီးခိုးမွန်းကျပ်ကာ သေဆုံးခဲ့ဖွယ်ရှိကြောင်း အစောပိုင်းမှာ ပြောထားခဲ့ပါတယ်။ Mutiara Damansara မြို့မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်ရပ်အတွင်း ဟတ်ဆန်ရဲ့ခန္ဓာကိုယ်မှာ မီးလောင်ဒဏ်ရာလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

play
ဆန်းသစ်တီထွင်မှုနဲ့ စွန်းဦးစီးပွားရေး လုပ်ငန်းတွေကို အားပေးသည့် ဟတ်ဆန်


"Cradle အတွက် အမြော်အမြင်ရှိပြီး တီထွင်ဖန်တီးနိုင်သူကို ဆုံးရှုံးလိုက်ရတာပါ၊ ဟတ်ဆန်နဲ့ သိကျွမ်းရပြီး အတူတကွ အလုပ်လုပ်ခွင့်ရတဲ့သူတွေက ကံကောင်းကြသူတွေပါပဲ၊ သူတို့အတွက် ချစ်ခင်ရတဲ့ မိတ်ဆွေတစ်ယောက်နဲ့ အားကျအတုယူရတဲ့ ဆရာတစ်ဆူ ဆုံးရှုံးလိုက်ရပါတယ်" လို့ Cradle ရဲ့ COO (chief opeartions officer) ရာဇစ်ဇ် အဇစ်က ပြောခဲ့ပါတယ်။

play
ကားဝပ်ရှော့ဝန်ဆောင်မှု Carbengkel App မိတ်ဆက်ပွဲမှာ တွေ့ရသည့် ဟတ်ဆန် (ယာဘက်အစွန်)


မိုဘိုင်းဖုန်းပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ ဟတ်ဆန်မှာ ဇနီးနဲ့ ကလေး ၄ ဦး ကျန်ရစ်ခဲ့တယ်လို့ The Star သတင်းက ပြောပါတယ်။ Cradle Fund ဟာ နည်းပညာဆိုင်ရာလုပ်ငန်း စတင်တည်ထောင်သူတွေကို အကူအညီပေးနေပြီး ဆန်းသစ်တီထွင်မှုနဲ့ စွန့်ဦးစီးပွားရေးလုပ်ငန်းတွေကို အလေးထားလုပ်ဆောင်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD