AD
AD
AD

အမေရိကန်ပြည်ထောင်စု နယူးဂျာစီပြည်နယ်မှာ ညလုံးပေါက် ကျင်းပပြုလုပ်နေတဲ့ အနုပညာပွဲတော်အတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ အခြား လူ ၂၀ ထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

play


ထရန်တန်မြို့မှာ ကျင်းပပြုလုပ်တဲ့ Art All Night Festival မှာ ယနေ့ (ဇွန်လ ၁၇ ရက်) ဒေသစံတော်ချိန် မနက် ၃ နာရီမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း Los Angeles Times သတင်းက ဖော်ပြပါတယ်။ ပစ်ခတ်ခဲ့သူတွေဟာ အမျိုးသားနှစ်ဦးဖြစ်ပြီး အသက် ၃၃ နှစ်အရွယ် အမျိုးသားမှာ အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ကြောင်းနဲ့ နောက်ထပ် သံသယရှိသူကိုတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရပါတယ်။

play


"ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ Art All Night ပွဲကို လာရောက်ခဲ့သူနှစ်ဦးက ပစ်ခတ်ခဲ့ကြပြီး ၎င်းတို့ထံမှာ လက်နက်အချို့ သိမ်းဆည်းရမိခဲ့ပါတယ်" လို့ မာဆာကောင်တီ အစိုးရရှေ့နေ အန်ဂျလိုအွန်နိုဖရီက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

play


ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့သူတွေအနက် အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦးဟာ ဒဏ်ရာအလွန်ပြင်းထန်ကြောင်းလည်း သိရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားစဉ် ပွဲတော်ကိုလာရောက်သူ ၁,၀၀၀ ကျော်နေခဲ့ကြောင်းလည်း အန်ဂျလိုက ပြောပါတယ်။

play


Art All Night ပွဲတော်မှာ အနုပညာလက်ရာများ၊ တေးဂီတဖျော်ဖြေမှုနဲ့ အစားအသောက် ရောင်းချမှုတွ ပါဝင်တယ်လို့ဆိုပါတယ်။ ယခု ကျင်းပပြုလုပ်မှုဟာ ၁၂ ကြိမ်မြောက် အနုပညာပွဲတော်ဖြစ်ပြီး ဒေသတွင်း အနုပညာရှင်တွေအတွက် ရန်ပုံငွေရရှိစေရန် ရည်ရွယ်ကြောင်း သိရပါတယ်။

play


Art All Night ပွဲတော်ကို စနေနေ့ (ဇွန်လ ၁၆ ရက်) မွန်းလွဲပိုင်းမှာစတင်ခဲ့ပြီး နောက်တစ်ရက်ဖြစ်တဲ့ ဇွန်လ ၁၇ ရက် မွန်းလွဲပိုင်းအထိ ၂၄ နာရီကြာ ဆက်တိုက် ကျင်းပပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ သို့သော် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ယခုအခါ ပွဲတော်ကိုဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD