AD
AD
AD

မက္ကစီကိုနိုင်ငံကနေ နယ်စပ်ဖြတ်ကျော်ကာ အမေရိကန်နိုင်ငံအတွင်း  တရားမဝင် ရွှေ့ပြောင်းလာကြတဲ့ မိဘတွေနဲ့ ၎င်းတို့ရဲ့ ကလေးတွေကို သီးခြားစီခွဲထားတဲ့ သမ္မတဒေါ်နယ်ထရန့် အစိုးရရဲ့မူဝါဒကို အဆုံးသတ်ပေးရန် သမ္မတကတော် မယ်လန်နီယာထရန့်က တောင်းဆိုလိုက်ကြောင်း သိရပါတယ်။

play


သမ္မတကတော် မယ်လန်နီယာ၊ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလစ်ကင် လွှတ်တော်အမတ်တွေက အမေရိကန်နယ်စပ်မှာ တရားမဝင် ရွှေ့ပြောင်းလာကြတဲ့ မိဘတွေနဲ့အတူပါရှိလာတဲ့ ကလေးငယ်တွေကို ခွဲခြားထားနေတဲ့ နယ်စပ်လုံခြုံရေးမူဝါဒကို အဆုံးသတ်ရန် ဇွန်လ ၁၇ ရက်မှာ တောင်းဆိုခဲ့ကြပါတယ်။

play


ထရန့်ရဲ့ဇနီး သမ္မတကတော် မယ်လန်နီယာက နိုင်ငံရေးရာကိစ္စတွေမှာ ယခုကဲ့သို့ ပါဝင်ပြောကြားမှုဟာ ရှားပါးလုပ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။ နယ်စပ်မှာ မက္ကစီကိုနိုင်ငံဘက်မှ တရားမဝင် ရွှေ့ပြောင်းလာသူတွေကိစ္စကို ကိုင်တွယ်ဆောင်ရွက်နေမှုဟာ အမေရိကန်မှာ နက်နက်ရှိုင်းရှိုင်း အငြင်းပွားဖွယ် လုပ်ရပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။

လူမှုရေးအရပါ သည်းခံမှုမထားတော့တဲ့ နယ်စပ်လုံခြုံရေးမူဝါဒကို သမ္မတထရန့်အစိုးရက လက်တွေ့ အကောင်အထည်ဖော်နေမှုအပေါ် အမေရိကန်နဲ့ မက္ကစီကို နှစ်နိုင်ငံလုံးမှာ ဒေါသတကြီး ဝေဖန်မှုတွေလည်းရှိနေပါတယ်။

play


လတ်တလော သီတင်းခြောက်ပတ်အတွင်း အမေရိကန်နဲ့ မက္ကစီကိုနယ်စပ်မှာ မိဘနဲ့ကလေး သီးခြားစီး ခွဲထားမှု ၂,၀၀၀ နီးပါးရှိနေပြီလို့လည်း သိရပါတယ်။

သမ္မတထရန့်အစိုးရဲ့ရဲ့ နယ်စပ်လုံခြုံရေးမူဝါဒအရ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ပြီး အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်လာတဲ့ အရွယ်ရောက်ပြီးသူတွေကို ဖမ်းဆီးထိန်းသိမ်းကာ ရာဇဝတ်မှုဖြင့် စွဲချက်တင်အရေးယူပါတယ်။

ထိုသို့ လုပ်ဆောင်မှုအရ ဖမ်းဆီးခံထားရတဲ့ မိဘတွေနဲ့ ၎င်းတို့ရဲ့ ရာနဲ့ချီ အရေအတွက်ရှိ ကလေးငယ်တွေ တစ်ကွဲတပြားစီ ဖြစ်ခဲ့ကြရပါတယ်။ မိဘတွေ ဖမ်းဆီးခံထားရပြီးနောက် ၎င်းတို့ရဲ့ ကလေးတွေကို ထိန်းသိမ်းရေးစခန်းတွေမှာ သီးခြားခွဲထားတာ ဖြစ်ပါတယ်။

play


အမေရိကန်သမ္မတထရန့်က နယ်ဖြတ်ကျော်လာတဲ့ မိဘနဲ့ကလေးတွေကို သီးခြားခွဲထားနေမှုတွေကို အဆုံးသတ်ချင်ပေမဲ့ ထိုသို့ နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းသူတွေကိစ္စ အကျပ်အတည်းကို ဖြစ်စေခဲ့တဲ့ အတိုက်အခံ ဒီမိုကရက်တို့ကို အပြစ်တင်ရန် ဆက်လက် လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

play


နိုင်ငံရေးကိစ္စတွေမှာ ဝင်ရောက်ပြောဆိုမှု အလွန်းရှားတဲ့ သမ္မတကတော် မီလန်နီယာက 'ကလေးတွေ သူတို့မိသားစုတွေကနေ ခွဲခြားခံရတာ မမြင်ချင်ပါဘူး၊ နှစ်ဖက်လုံး လူဝင်မှုကြီးကြပ်ရေးကိစ္စ ပြုပြင်ပြောင်းလဲမှုကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်း' ပြောခဲ့တယ်လို့ သူမရဲ့ ပြောခွင့်ရအမျိုးသမီး စတက်ဖနီဂရစ်ဟမ်က CNN သတင်းဌာနကို ပြောပါတယ်။

play


"ကျွန်မတို့နိုင်ငံက တရားဥပဒေအားလုံးကို လေးစားလိုက်နာတဲ့ နိုင်ငံဖြစ်ဖို့တင်မဟုတ်ဘူး နှလုံးသားနဲ့ အုပ်ချုပ်တဲ့နိုင်ငံဖြစ်ဖို့လည်း လိုအပ်တယ်လို့ သမ္မတကတော်က ယုံကြည်ပါတယ်" လို့ ပြောခွင့်ရအမျိုးသမီးက ဆိုပါတယ်။

နယ်စပ်မှာ တရားမဝင် ရွှေ့ပြောင်းလာတဲ့ မိဘတွေနဲ့ကလေးတွေကို ခွဲခြားထားမှုအား တက္ကပြည်နယ် တော်နီလ်လိုမြို့မှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ကြောင်းလည်း သိရပါတယ်။ အမေရိကန်အစိုးရက ယခု လုပ်ဆောင်နေတဲ့ နယ်စပ်လုံခြုံရေးမူဝါဒအပေါ် လူ့အခွင့်အရေးအုပ်စုတွေက မကြုံစဖူးလုပ်ရပ်အဖြစ် ဝေဖန်ခဲ့ကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD