AD
AD
AD


ဂျပန်နိုင်ငံအနောက်ပိုင်းမှာ အင်းအားပြင်းတဲ့ ငလျင်တစ်ခု ယနေ့ (ဇွန်လ ၁၈ ရက်) လှုပ်ခတ်ခဲ့မှုအတွင်း လူလေးဦးထက်မနည်း သေဆုံးပြီး အခြား လူ ၃၈၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ငလျင်ကြောင့် သေဆုံးခဲ့သူတွေအနက် အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

play


မိန်းကလေးငယ်ဟာ အိုဆာကာမြို့မြောက်ပိုင်း တာကတ်ဆူကီမြို့ရှိ သူမရဲ့ကျောင်းပေါ်ကို နံရံတစ်ခုပြိုကျခဲ့မအတွင်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ NKH သတင်းမှာ ဖော်ပြမှုအရ နောက်ထပ် သေဆုံးသူတစ်ဦးမှာ အသက် ၈၀ အရွယ် အမျိုးသားတစ်ဦး နံရံပြိုကျမှုကြောင့် သေဆုံးခဲ့ကြောင်း သိရပါတယ်။

play


အခြား အမျိုးသားတစ်ဦးကတော့ ငလျင်လှုပ်ခတ်စဉ် ၎င်းရဲ့နေအိမ်မှာ စာအုပ်စင်တစ်ခု လဲပြိုကျမှုအောက် ရောက်သွားခဲ့ပြီး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

ငလျင်ရဲ့ပြင်းအားဟာ ၅.၃ ရစ်(ခ်)တာစကေးဖြစ်ပြီး ယနေ့မနက် ဒေသစံတော်ချိန် ၇ နာရီ ၅၈ မိနစ်မှာ ဂျပန်အနောက်ပိုင်း အိုဆာကာမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း United States GEological Survey (USGS) က ဖော်ပြထားပါတယ်။

play


ဂျပန်မိုးလေဝသဌာနကတော့ ငလျင်ရဲ့ပြင်းအားကို ၅.၉ ရစ်(ခ်)တာစကေးဖြစ်ပြီး ငလျင်ရဲ့ဗဟိုချက်ဟာ မြေအောက်အနက် ၆.၂ မိုင်အကွာမှာဖြစ်ကြောင်း အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ သို့သော် နောက်ပိုင်းမှာတော့ ငလျင်ရဲ့ပြင်းအားဟာ ၆.၁ ရစ်(ခ်)တာစကေး ဖြစ်တယ်လို့ တိုးမြှင့်ဖော်ပြခဲ့ပါတယ်။

play


"ငလျင်ကြောင့် ကြီးကြီးမားမား ထိခိုက်ပျက်စီးမှု သတင်းတွေ မကြားရပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ အခြေအနေကို စစ်ဆေးနေဆဲ ဖြစ်ပါတယ်" လို့ အိုဆာကာမှာ တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် Mihama, Takahama နဲ့ Ohi နျူကလီးယားဓာတ်အားပေးစက်ရုံတွေမှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ မတွေ့ခဲ့ရကြောင်း KanSai Electric Power ကုမ္ပဏီကဆိုပါတယ်။

play


ငလျင်လှုပ်ခတ်ပြီးနောက် အိုဆာကာနဲ့ အနီးမှာရှိတဲ့ ဟျူဂိုစီရင်စုတို့ရှိ အိမ်ထောင်စု ၁၇၀,၀၀၀ ဟာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် နေရာဒေသအချို့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဖြစ်ခဲ့ပြီး မနက်ပိုင်း အသွားအလာများပြားချိန်အတွင်း ရထားခရီးစဉ်များ ရပ်ဆိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။

play


ဂျပန်နိုင်ငံဟာ ပစိဖိတ်မီးကွင်းဒေသလို့ ခေါ်ဝေါ်ကြတဲ့ နေရာမှာတည်ရှိနေပြီး ကမ္ဘာမှာ မြေငလျင်လှုပ်ခတ်မှု အများဆုံး ဖြစ်ပွားတဲ့ နိုင်ငံဖြစ်ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း မြေငလျင်လှုပ်ခတ်မှုတွေရဲ့ ၂၀ ရာခိုင်နှုန်းကို ဂျပန်မှာ တွေ့ကြုံရလေ့ရှိပါတယ်။

play


၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်က ပစိဖိတ်သမုဒ္ဒရာအောက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အား ၉.၀ ရစ်(ခ်)တာစကေးရှိတဲ့ အလွန်ပြင်းထန်တဲ့ ငလျင်ကြောင့် ဂျပန်ကမ်းရိုးတန်းမှာ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့ပြီး လူပေါင်း ၁၆,၀၀၀ နီးပါး သေဆုံးခဲ့ပြီး အခြား လူ ၆,၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ ငလျင်နဲ့ဆူနာမီ ဖြစ်ရပ်အတွင်း လူ ၂,၅၀၀ ကျော် ပျောက်ဆုံးခဲ့ကြောင်းလည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD