AD
AD
AD

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ ပြုလုပ်ခဲ့တဲ့ ဈာပနအခမ်အနားတစ်ခုအတွင်း ကွယ်လွန်သူမိခင်ရဲ့အခေါင်း ပြုတ်ကျထိခိုက်ခဲ့မှုကြောင့် သားဖြစ်သူ သေဆုံးသွားတဲ့ တုန်လှုပ်ကြေကွဲဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

play


ဆူလာဝေစီကျွန်းပေါ်ရှိ မြောက်ပိုင်းတိုရာဂျာ (North Toroja) ဒေသ ပါရင်ဒင်းတောင်ကြား (Parinding valley နယ်မြေမှာ သောကြာနေ့ (ဇွန်လ ၁၅ ရက်) က ဈာပနအခမ်းအနား ပြုလုပ်ခဲ့စဉ် အခေါင်းထားရာ စင်မြင့်ပေါ်သို့ စမီးန် ကွန်ဒိုရူရာ အမည်ရှိ အမျိုးသားရဲ့ ကွယ်လွန်သူမိခင် အခေါင်းကို ဝါးလှေကားမှတစ်ဆင့် ထမ်းတင်ခဲ့ရာ အခေါင်းထမ်းသူများ ခြေချော်သွားပြီးနောက် အခေါင်းပြုတ်ကျသွားခဲ့ပါတယ်။

play


ပြုတ်ကျသွားတဲ့ အခေါင်းက အောက်ဘက်မှာရှိနေတဲ့ အသက် ၄၀ အရွယ် ကွန်ဒိုရူရာကို ထိခိုက်မိခဲ့ပြီး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (ဇွန်လ ၁၇ ရက်) ပြောပါတယ်။ အဆိုပါဒေသမှာ ကွယ်လွန်သူကို ရိုးရာဓလေ့ထုံးစံအတိုင်း မြေမချမီမှာ စင်မြင့်တစ်ခုတည်ဆောက်ပြီး ထိုမျှော်စင်ပေါ်မှာ အလောင်းကို ထားလေ့ရှိကြောင်း သိရပါတယ်။

play


"အမေဖြစ်သူရဲ့အခေါင်းကို အလောင်းထားတဲ့စင်ပေါ် ထမ်းတင်နေတုန်းမှာ ဝါးလှေကားက ရုတ်တရက် ယိုင်သွားခဲ့တော့ အခေါင်းထမ်းနေသူတွေ ဟန်ချက်ပြီး အကုန်လုံး ပြုတ်ကျကုန်တယ်၊ အဲဒီမှာ မိခင်ရဲ့အခေါင်းက အခု သေဆုံးသွားတဲ့ သူ့သား ကွန်ဒိုရူရာကို ထိခိုက်မိခဲ့တာပဲ" လို့ တာနာတိုရာဂျာ အပန်းဖြေစခန်း ရဲတပ်ဖွဲ့အကြီးအကဲ ဂျူလီယန်တိုဆာအစ်တ်က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

play


အွန်လိုင်းမှာပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုမှတ်တမ်းအရ အခေါင်းထမ်းတင်သူနေတွေဟာ စင်မြင့်ပေါ်ရှိ အခေါင်းထားရမယ့် နေရာကို ရောက်ခါနီးမှာ လှေကားယိုင်သွားခဲ့ပြီး အခေါင်းနဲ့အတူ ၎င်းတို့ပါ အောက်ကိုပြုတ်ကျလာခဲ့တာ တွေ့ရပါတယ်။

ပြုတ်ကျလာတဲ့အခေါင်းကို ကွန်ဒိုရူရာကို ထိခိုက်မိခဲ့ပါတယ်။ ထိုဖြစ်ရပ်ကို မြင်တွေ့ရပြီး ထိတ်လန့်တုန်လှုပ်သွားတဲ့ အနီးအနားရှိနေသူတွေက စမီးန်ထံ အပြေးအလွှား သွားရောက်ကူညီပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ကြပေမဲ့ ဆေးရုံမှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

play
တိုရာဂျန်မျိုးနွယ်တို့၏ အလောင်းမြေချရန် ပြင်ဆင်သည့် မြင်ကွင်းတစ်ခု


ရဲတပ်ဖွဲ့အကြီးအကဲ ဆာအစ်တ်က ယခုဖြစ်ရပ်ဟာ အခေါင်းထားစင်မြင့်ပေါ် တက်ရောက်တဲ့ လှေကားကို အခိုင်အမာ တပ်ဆင်ထားခဲ့ခြင်းမရှိတာကြောင့် ဖြစ်ပွားခဲ့ရကြောင်း ပြောပါတယ်။ သက်ဆိုင်ရာ မိသားစုကတော့ ကွန်ဒိုရူရာ သေဆုံးရမှုအတွက် အမှုဖွင့်ထားခြင်း မရှိဘူးလို့ဆိုပါတယ်။ ယခုအခါ ကွန်ဒိုရူရာရဲ့အလောင်းကို မိခင်ဖြစ်သူ ဘာတာရဲ့ဘေးမှာ ပြင်ဆင်ထားရှိတယ်လို့လည်း ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

အင်ဒိုနီးရှားရှိ တိုရာဂျန် တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ရုရှားထုံးစံအရ ၎င်းတို့မျိုးနွယ်တစ်ဦး ကွယ်လွန်တဲ့အခါ ဒေသခံတွေက ဈာပနအခမ်းအနားကို ဝိုင်းဝန်းစီစဉ်ပေးကြပါတယ်။ အဆိုပါ ဈပနာအခမ်းအနားဟာ အတီးအမှုတ် အကအခုန်များဖြင့် ရက်နဲ့ချီကြာမြင့်လေ့ရှိကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD