AD
AD
AD

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဒေါ်လာ ၂၀၀ ဘီလီယံ တန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေကို ၁၀ ရာခိုင်နှုန်း သွင်းကုန်အခွန် ကောက်ခံသွားမယ်လို့ ဇွန်လ ၁၈ ရက်မှာ  ခြိမ်းခြောက်လိုက်ပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ဟာ လတ်တလောမှာ သွင်းကုန်အခွန်ကောက်ခံမှုတွေ အပြန်အလှန် သတ်မှတ် လုပ်ဆောင်နေကြပြီး ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

play
အမေရိကန်သမ္မတထရန့်နှင့် တရုတ်သမ္မတရှီကျင်းပင်


အမေရိကန်သမ္မတထရန့်က ဒေါ်လာ ၅၀ ဘီလီယံ တန်ဖိုးရှိတဲ့ တရုတ်နိုင်ငံမှ တင်သွင်းကုန်တွေအပေါ် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်ကောက်ခံမယ်လို့ ဇွန်လ ၁၅ ရက်မှာ ကြေညာခဲ့ပြီး တရုတ်က ဉာဏမူပိုင်ခွင့်တွေကို ခိုးယူနေကြောင်းလည်း စွပ်စွဲပြောကြားထားပါတယ်။

တရုတ်နိုင်ငံကနေ နှစ်စဉ်ကုန်သွယ်မှုအတွင်း အမေရိကန်ကို တင်သွင်းနေတဲ့ ကုန်ပစ္စည်းအမျိုးအစား ၈၁၈ မျိုးကို လာမယ့် ဇူလိုင် ၆ ရက်မှစပြီး အခွန်ကောက်ခံသွားမယ်လို့ သိရပါတယ်။

play


အမေရိကန် ဉာဏမူပိုင်ခွင့်တွေကို ခိုးယူမှုအပေါ် ပြစ်ဒဏ်ခတ်မှုအဖြစ် တရုတ်သွင်းကုန်တွေကို အခွန်စည်းကြပ် ကောက်ခံခြင်းဖြစ်ပြီး အကယ်၍ တရုတ်ဘက်က တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် ကုန်ပစ္စည်းတွေကိုလည်း အခွန်ကောက်ခံလာပါက နောက်ထပ် သွင်းကုန်ကောက်ခံမှုတွေ ထပ်မံ လုပ်ဆောင်သွားမယ်လို့ သမ္မတထရန့်က သတိပေးထားခဲ့ပါတယ်။

အမေရိကန်နဲ့တရုတ်တို့ကြား ကုန်သွယ်ရေးတင်းမာမှုတွေ ပေါ်ပေါက်နေမှုနဲ့အတူ Wall Street နဲ့ ဥရောပ စတော့ရှယ်ယာဈေးကွက်မှာ ရှယ်ယာဈေးနှုန်းများ ကျဆင်းခဲ့ကြောင်းလည်း သိရပါတယ်။

play


တရုတ်နိုင်ငံလည်း ဒေါ်လာ ၅၀ ဘီလီယံ တန်ဖိုးရှိတဲ့ အမေရိကန်ထုတ်ကုန် ၆၅၉ မျိုးကို သွင်းကုန်စည်းကြပ် ကောက်ခံသွားမယ်လို့ အစိုးရသတင်းဌာန ဆင်ဟွာက ဇန်နဝါရီ ၁၆ ရက်မှာ ဖော်ပြခဲ့ပါတယ်။ ထိုအတောအတွင်း အိန္ဒိယနိုင်ငံကလည်း အမေရိကန်သွင်းကုန် အမျိုးအစား ၃၀ အပေါ် အခွန် ၅၀ ရာခိုင်နှုန်းအထိ သတ်မှတ်ကောက်ခံသွားမယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD