AD
AD
AD

လာမယ့် သြဂုတ်လမှာ ပြုလုပ်ရန်စီစဉ်ထားတဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို ဆိုင်းငံ့ထားရန် သဘောတူညီခဲ့ကြကြောင်း နှစ်နိုင်ငံ တာဝန်ရှိသူတွေက ဇွန်လ ၁၈ ရက်မှာ ပြောပါတယ်။

play
စင်ကာပူမှာ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည့် ကင်မ်ဂျုံအန်နှင့်ထရန့်


မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နဲ့ စင်ကာပူနိုင်ငံမှာ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တောင်ကိုရီးယားနဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ရပ်ဆိုင်းသွားမယ်လို့ ကတိပြုထားခဲ့ပါတယ်။

သမ္မတထရန့်ရဲ့ ကတိကဝတ်ကို အကောင်အထည်ဖော်မှုအဖြစ် နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆိုင်းငံ့ထားရန် ဆွေးနွေးသဘောတူညီခဲ့ကြတာလည်း ဖြစ်ပါတယ်။

play
အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု


"တောင်ကိုရီးယားနဲ့ အမေရိကန်က သြဂုတ်လမှာ ပြုလုပ်သွားရန်စီစဉ်ထားတဲ့ Freedom Guardian ပူးပေါင်းစစ်ရေးလေ့ကျင့်မှု အစီအစဉ်အားလုံးကို ဆိုင်းငံ့ထားဖို့ သဘောတူခဲ့ကြပါတယ်" လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

play
အမေရိကန်သမ္မတထရန့်နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း


အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ကလည်း ပူးတွဲစစ်ရေးလေ့ကျင့်မှု အစီအစဉ် ဆိုင်းငံ့လိုက်ကြောင်းကို အတည်ပြုခဲ့ပါတယ်။ ထိုကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများ၊ သမ္မတထရန့်ရဲ့ နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ်တို့ ယခုသီတင်းပတ်အတွင်း တွေ့ဆုံဆွေးနွေးကြမယ်လို့လည်း ပင်တဂွန်က ပြောပါတယ်။

play
ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရအမျိုးသမီး ဒန်နာဝှိုက်


"ကျွန်မတို့ နောက်ထပ် လုပ်ဆောင်စရာတွေကို ပူးပေါင်းဆောင်ရွက်နေဆဲ ဖြစ်ပါတယ်၊ နောက်ပိုင်းကာလ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက်မရှိသေးပါဘူး" လို့ ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရအမျိုးသမီး ဒန်နာဝှိုက်က ပြောပါတယ်။

play
Ulchi Freedom Guardian အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု


ယမန်နှစ်က အမေရိကန်စစ်သား ၁၇,၅၀၀ နဲ့ တောင်ကိုရီးယားစစ်သား ၅၀,၀၀၀ ကျော်ပါဝင်ကြတဲ့ Ulchi Freedom Guardian အမည်ဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အကြီးအကျယ် လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို မြောက်ကိုရီးယားနိုင်ငံက အစဉ်တစိုက် ကန့်ကွက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD