AD
AD
AD

ဆွီဒင်နိုင်ငံတောင်ပိုင်း မယ်လ်မိုမြို့ရှိ အင်တာနက်ကဖေးတစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားသုံးဦး သေဆုံးခဲ့ပါတယ်။ မယ်လ်မိုမြို့လယ်ရှိ အင်တာနက်ကဖေးမှာ တနင်္လာနေ့ (ဇွန်လ ၁၈ ရက်) ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

play


ရဲစခန်းတစ်ခုအနီးမှာရှိတဲ့ အဆိုပါ အင်တာနက်ကဖေး ပစ်ခတ်မှုမှာ အနည်းဆုံး သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့ခြင်း ဖြစ်တယ်လို့ဆိုပါတယ်။ အင်တာနက်ကဖေးမှ လူများပြန်ထွက်လာစဉ်မှာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနဲ့ ပစ်ခတ်မှုအတွင်း အခြား လူအချို့လည်း ဒဏ်ရာရခဲ့ပါတယ်။

play


မျက်မြင်တွေ့ရှိခဲ့သူတွေရဲ့ အဆိုအရ သေနတ်ဖြင့် ၁၅ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့က ယခုပစ်ခတ်မှုမှာ အကြမ်းဖက်တိုက်ခိုက်မှု လက္ခဏာမတွေ့ရကြောင်း ပြောပါတယ်။ သတင်းတွေမှာ ဖော်ပြမှုအရ ရဲတပ်ဖွဲ့က အနက်ရောင်ကားတစ်စီးကို လိုက်လံရှာဖွေနေတယ်လို့ ဆိုပါတယ်။

play


သေနတ်သမားဟာ ကားပေါ်ကနေ ပစ်ခတ်ခဲ့ခြင်း သို့မဟုတ် ပစ်ခတ်ပြီးနောက် ထိုနေရာမှာ ချက်ချင်း ကားမောင်းထွက်ပြေးသွားခဲ့ခြင်း ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူသုံးဦးအနက် တစ်ဦးကို မည်သူဖြစ်ကြောင်း ရဲတပ်ဖွဲ့က သိရှိထားပါတယ်။ အင်တာနက်ကဖေး ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူတွေဟာ အသက် ၁၈၊ ၂၀ နဲ့ ၂၉ နှစ်အရွယ်တွေ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD