AD
AD
AD

မြောက်ကိုရီယားခေါင်းဆောင် ကင်မ်ဂျုံအန်က တရုတ်နိုင်ငံကို နှစ်ရက်ကြာခရီးစဉ် လာရောက်မယ်လို့ တရုတ်အစိုးရသတင်းဌာန CCTV က ပြောပါတယ်။

play
မတ်လကုန်ပိုင်းမှာ ကင်မ်ဂျုံအန်နှင့် တရုတ်သမ္မတရှီကျင်းပင် တွေ့ဆုံခဲ့စဉ်


စင်ကာပူမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲအပြီး တစ်ပတ်အကြာမှာ ကင်မ်ဂျုံအန်က တရုတ်နိုင်ငံကို ယနေ့ (ဇွန်လ ၁၉ ရက်) လာရောက်မယ်လို့ဆိုပါတယ်။ CCTV သတင်းက ကင်မ်ဂျုံအန် ရောက်ရှိနေခဲ့ခြင်းရှိ မရှိကိုတော့ မဖော်ပြခဲ့ပါတယ်။

ကင်မ်ဂျုံအန်က သုံးလမပြည့်မီအတွင်း တတိယအကြိမ်အဖြစ် တရုတ်နိုင်ငံကို လာရောက်မှုလည်း ဖြစ်လာပါမယ်။ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းနဲ့ မေလ ပထမပတ်အတွင်းမှာလည်း ကင်မ်ဂျုံအန်က တရုတ်ကိုလာရောက်ခဲ့ပြီး သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

play
ကင်မ်ဂျုံအန်နှင့် ဒေါ်နယ်ထရန့် ထိပ်သီးဆွေးနွေးပွဲ


ယခင်ခရီးစဉ်နှစ်ကြိမ်မှာတော့ ကင်မ်ဂျုံအန် တရုတ်နိုင်ငံမှ ပြန်သွားပြီးမှသာ အစိုးရသတင်းဌာနတွေက အတည်ပြု ပြောကြားခဲ့လေ့ရှိပြီး ယခုတစ်ကြိမ်မှာမူ ထူးခြားစွာဖြင့် ကြိုတင်ဖော်ပြလာခဲ့တာ တွေ့ရပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က တရုတ်နိုင်ငံကို ယနေ့နဲ့ မနက်ဖြန် (ဇွန်လ ၂၀ ရက်) နှစ်ရက်ကြာခရီးစဉ် လာရောက်ခြင်းဖြစ်တယ်လို့လည်း CCTV သတင်းက ပြောပါတယ်။ ကင်မ်ဂျုံအန်ဟာ ဘေဂျင်းမြို့ကိုရောက်ရှိလာဖွယ်ရှိပြီး လုံခြုံရေးအစီအစဉ်များ လုပ်ဆောင်နေတာ တွေ့ရတယ်လို့ ဂျပန်သတင်းဌာန Nikkei Business Daily က ဆိုပါတယ်။

play
မေလ ပထမပတ်မှာ ကင်မ်ဂျုံအန်နှင့် ရှီကျင်းပင် တွေ့ဆုံခဲ့စဉ်


ကင်မ်ဂျုံအန်ရဲ့ ယခုတစ်ကြိမ် တရုတ်ခရီးစဉ်အတွင်း အရေးယူပိတ်ဆို့မှုများနဲ့ ထရန့်နဲ့ထိပ်သီးတွေ့ဆုံမှုအတွင်း ၎င်း ကတိပြုခဲ့တဲ့ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး အပါအဝင် အခြားကိစ္စရပ်တွေကို တရုတ်သမ္မတရှီကျင်းပင်နဲ့ ဆွေးနွေးသွားမယ်လို့ မျှော်လင့်ရပါတယ်။

မြောက်ကိုရီးယားရဲ့ တစ်နိုင်ငံတည်းဖြစ်တဲ့ စီးပွာရေးမဟာမိတ် တရုတ်နိုင်ငံ မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုတွေကို ဖြေလျှော့နိုင်ကြောင်း ပြောထားခဲ့ပါတယ်။

ထိုအတောအတွင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့က လာမယ့် သြဂုတ်လမှာ ပြုလုပ်သွားရန် စီစဉ်ထားတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဆိုင်းငံ့ထားရန် သဘောတူညီခဲ့ကြကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD