AD
AD
AD

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းရှိ တိုဘာရေအိုင်ကြီး (Lake Toba) အတွင်း ဇွန်လ ၁၈ ရက် ညနေပိုင်းက ခရီးသည်များ အဆမတန် တင်ဆောင်လာတဲ့ ကူးတို့ရေယာဉ်တစ်စီး နစ်မြုပ်ခဲ့ရာ သေဆုံးသူ အလောင်း ၂ လောင်းသာ ပြန်ရှာတွေ့ရသေးပြီး အခြား လူ ၁၈၀ ပျောက်ဆုံးနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

play


"လူအများအပြား ပျောက်ဆုံးနေတယ်လို့ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေက သတင်းပို့ထားကြပါတယ်" လို့ မီဒန်မြို့မှာ အခြေစိုက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ အဖွဲ့ခေါင်းဆောင် ဘူဒီယာဝမ်က Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။

play


အာဏာပိုင်တွေက အစောပိုင်းမှာ ပြောကြားခဲ့မှုအရ နစ်မြုပ်ခဲ့တဲ့ ကူးတို့ရေယာဉ်ဟာ ခရီးသည် ၈၀ တင်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။ သို့သော် ယခုနောက်ပိုင်း သတင်းတွေအရ လူ ၆၀ သာ တင်ဆောင်ရန်ခွင့်ပြုထားတဲ့ ကူးတို့ရေယာဉ်ပေါ်မှာ လူ ၁၈၀ ကျော်အထိ လိုက်ပါသွားခဲ့တယ်လို့ ဆိုပါတယ်။

play


အင်ဒိုနီးရှားမှာ ရေလမ်းခရီးသွားလာမှုကို အဓိကထား အသုံးပြုနေကြပြီး ဘေးကင်းလုံခြုံမှု စံချိန်စံညွှန်းများ မလိုက်နာမှုကြောင့် မတော်တဆမှုတွေလည်း မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။ ယမန်နေ့ ညနေပိုင်းမှာ နစ်မြုပ်ခဲ့တဲ့ ကူးတို့ရေယာဉ်မှ ပျောက်ဆုံးနေသူတွေ လိုက်လံရှာဖွေမှုဟာ မိုးရွာသွန်းမှုနဲ့ လေတိုက်ခတ်မှုတွေကြောင့် အခက်အခဲကြုံနေရတယ်လို့လည်း သိရပါတယ်။

play
တိုဘာရေအိုင်ကြီးအတွင်း ပြေးဆွဲနေသည့် ကူးတို့ရေယာဉ်တစ်စီး


ကူးတို့ရေယာဉ် နစ်မြုပ်မှုဖြစ်ခဲ့တဲ့ တိုဘာရေအိုင်ကြီးဟာ ရှေးခေတ်မီးတောင်ပေါက်ကွဲရာမှ ဖြစ်ပေါ်လာခဲ့ပြီး အနက်ပေ ၁,၅၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။ ရေအိုင်ကြီးရဲ့အလယ်ရှိ သာယာလှပတဲ့ သဘာဝကျွန်းတစ်ကျွန်းနဲ့ ကမ်းရိုးတန်းရှိ မြို့ငယ်တွေကြား ကူးတို့ရေယာဉ်များ ပြေးဆွဲခုတ်မောင်းနေတာ ဖြစ်ပါတယ်။

play


လက်ရှိအချိန်ဟာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ အီးဒ်ကာလဖြစ်တာနဲ့အတူ မွတ်စလင်မ်အများစု နေထိုင်ကြတဲ့ အင်ဒိုနီးရှားကို ခရီးသည်ဝင်ရောက်မှုအများဆုံး ဖြစ်ကြောင်းလည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD