မက္ကစီကိုဘက်မှ ရွှေ့ပြောင်း မိဘနဲ့ကလေးတွေကို သီးခြားခွဲထားတဲ့ အမေရိကန်ရဲ့ လုပ်ဆောင်မှုအပေါ် ဝေဖန်မှုတွေရှိခဲ့ပါတယ်။

မက္ကစီကိုနိုင်ငံဘက်မှ ရွှေ့ပြောင်းလာတဲ့ မိဘနဲ့ကလေးများ သီးခြားခွဲထားမှု အဆုံးသတ်ပြီး အတူတကွသာထားရန် အမိန့်ညွန်ကြားချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇွန်လ ၂၀ ရက်မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

ရွှေ့ပြောင်းမိသားစုများအား ခွဲခြားမထားရန် ညွန်ကြားချက်ကို သမ္မတထရန့် လက်မှတ်ရေးထိုးစဉ်



မက္ကစီကိုဘက်မှ ရွှေ့ပြောင်းလာတဲ့ မိသားစုများမှ မိဘနဲ့ကလေးတွေကို သီးခြားခွဲထားတဲ့ အမေရိကန်ရဲ့ လုပ်ဆောင်မှုအပေါ် ဒေါသတကြီး ဝေဖန်မှုတွေရှိလာခဲ့ပြီးနောက် ထိုမိသားစုတွေကို အတူတကွသာထားရှိရန် သမ္မတထရန့်က ညွန်ကြားလိုက်တာလည်း ဖြစ်ပါတယ်။

သမ္မတကတော် မီလန်နီယာထရန့်



အစောပိုင်းမှာ ထရန့်ရဲ့ဇနီး သမ္မတကတော် မီလန်နီယာထရန့် ကိုယ်တိုင်ကလည်း ရွှေ့ပြောင်းလာတဲ့ မိဘနဲ့ကလေးတွေကို သီးခြားစီခွဲထားမှု အဆုံးသတ်ရန် တောင်းဆိုထားခဲ့တယ်။ ထို့အတူ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလစ်ကင် လွှတ်တော်အမတ်တွေကလည်း မိဘနဲ့ကလေးတွကို ခွဲခြားထားမှု အဆုံးသတ်ရန် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

အမေရိကန်-မက္ကစီကို နယ်စပ်ဒေသမှာ ရွှေ့ပြောင်းလာသူတွေကို ထိန်းသိမ်းမှု



နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်မှုဖြင့် ဖမ်းဆီးစွဲချက်တင်ခံရတဲ့ မိဘတွေထံကနေ ကလေးငယ်များအား ခေါ်ဆောင်သွားတဲ့ ဓာတ်ပုံတွေက ၎င်းကို လွှမ်းမိုးသွားခဲ့တယ်လို့ ထရန့်ကဆိုပါတယ်။ အစောပိုင်းမှာ သမ္မတထရန့်က မိသားစုတွေကို ထိုသို့ခွဲခြားနေရမှု အဆုံးသတ်နိုင်ရန် ဥပဒေမူကြမ်းအား အတည်ပြုရန် ရီပတ်ဘလစ်ကင်အမတ်တွေကို တိုက်တွန်းခဲ့တယ်။

အမေရိကန်-မက္ကစီကို နယ်စပ်ရှိ ထိန်းသိမ်းရေးစခန်းမြင်ကွင်း



ထရန့်က တင်းကျပ်တဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတစ်ရပ်ကို လိုလားကြောင်းလည်း သိရပါတယ်။ မက္ကစီကိုဘက်မှ ဝင်ရောက်လာတဲ့ မိသားစုတွေကို အတူတကွထားရန် ညွှန်ကြးချက်ကို လက်မှတ်ရေးထိုးခဲ့စဉ် ထရန့်က "ဒါက မိသားစုတွေကို အတူတကွထားဖို့ပါ၊ မိသားစုတွေ တကွဲတပြားဖြစ်နေတဲ့ မြင်ကွင်းကို ကျွန်တော် မမြင်ချင်ပါဘူး" လို့ ပြောခဲ့ပါတယ်။

အမေရိကန်နယ်စပ်ရှိ ထိန်းသိမ်းရေး စခန်းတစ်ခုမြင်ကွင်း



သို့သော် လူမှုရေးအရပါ သည်းခံမှုမထားတော့တဲ့ နယ်စပ်လုံခြုံရေးမူဝါဒကိုမူ အစိုးရက ဆက်လက် ကျင့်သုံးသွားမယ်လို့ သမ္မတထရန့်ကဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်များအတွင်း မက္ကစီကိုဘက်မှ ဝင်ရောက်လာသူတွေကို ထိန်းသိမ်းခဲ့ရာမှာ မိဘနဲ့ကလေး သီးခြားစီး ခွဲထားမှု ၂,၀၀၀ နီးပါးရှိခဲ့တာလည်း ဖြစ်ပါတယ်။

ရွှေ့ပြောင်း မိဘနဲ့ကလေးတွေကို ခွဲထားမှုအား ကန့်ကွက်ဆန္ဒပြစဉ်



သမ္မတထရန့်အစိုးရဲ့ရဲ့ နယ်စပ်လုံခြုံရေးမူဝါဒအရ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ပြီး အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်လာတဲ့ အရွယ်ရောက်ပြီးသူတွေကို ဖမ်းဆီးထိန်းသိမ်းကာ ရာဇဝတ်မှုဖြင့် စွဲချက်တင်အရေးယူပါတယ်။ ထိုသို့ လုပ်ဆောင်မှုအရ ဖမ်းဆီးခံထားရတဲ့ မိဘတွေနဲ့ ၎င်းတို့ရဲ့ ရာနဲ့ချီ အရေအတွက်ရှိ ကလေးငယ်တွေ တစ်ကွဲတပြားစီ ဖြစ်ခဲ့ကြရပါတယ်။

မိဘတွေ ဖမ်းဆီးခံထားရပြီးနောက် ၎င်းတို့ရဲ့ ကလေးတွေကို ထိန်းသိမ်းရေးစခန်းတွေမှာ သီးခြားခွဲထားခဲ့ကြောင်း သိရပါတယ်။ ထရန့်အစိုးရရဲ့ အဆိုပါလုပ်ရပ်ကို အမေရိကန်မှာ ကန့်ကွက်ဆန္ဒပြမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က