ဇွန်လ ၁၈ ရက် မနက်ပိုင်းမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့မှာပြေးဆွဲတဲ့ ရထားတစ်စင်းပေါ်မှာ မွေးဖွားခဲ့တဲ့ ယောက်ျားလေးကလေးငယ်ကို အများပြည်သူ သယ်ယူပို့ဆောင်ရေးကုမ္ပဏီက အသက် ၂၅ နှစ်အထိ အခမဲ့ ရထားစီးခွင့်ပေးအပ်လိုက်တယ်လို့ ဆိုပါတယ်။



RATP ကုမ္ပဏီက ပါရီမြို့လယ်ရှိ Auber ဘူတာရုံမှာ ခရီးသည်တစ်ဦး နေမကောင်းဖြစ်ခဲ့တယ်လို့ Twitter မှာ စတင်ရေးသားခဲ့ပါတယ်။ ထို့နောက်မှာတော့ ဘူတာရုံရှိ ရထားတစ်စင်းပေါ်မှာ မမျှော်လင့်ဘဲ ကလေးတစ်ဦး မွေးဖွားခဲ့ပြီးနောက် RER A ရထားလမ်းကြောင်းမှာ သွားလာမှုများ ဆိုင်းငံ့ထားကြောင်း RATP က Twitter မှာ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး RATP က ၎င်းရဲ့ ရထားပေါ်မှာ အောင်မြင်စွာ ကလေးမွေးဖွားခဲ့တဲ့ မိခင်ဖြစ်သူကို ဂုဏ်ပြုခဲ့ပြီး ယောက်ျားလေးကလေးငယ်ကို အခမဲ့ ရထားစီးနင်း ခရီးသွားလာခွင့် ပေးအပ်လိုက်ပါတယ်။ ကလေးငယ်ဟာ RATP ရထားပေါ်မှာ ဇွန်လ ၁၈ ရက် ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၄၀ မိနစ်အချိန်က မွေးဖွားခဲ့ကြောင်း သိရပါတယ်။



မိခင်ဖြစ်သူကို ရထားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်အချို့၊ အရေးပေါ်ဝန်ထမ်းများနဲ့ ရထားဝန်ထမ်းတွေ ကူညီပေးခဲ့ကြပါတယ်။ ရထားပေါ်မှာ ကလေးမွေးဖွားနေစဉ် အသွားအပြန် လမ်းကြောင်းနှစ်ခုလုံးမှ ရထားခရီးစဉ်တွေကို ရပ်ဆိုင်းထားခဲ့တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့သိရသလောက် မိခင်ရော ကလေးပါ ကျန်းမာပါတယ်" လို့ RATP ပြောခွင့်ရအမျိုးသားက ပြောပါတယ်။ ပါရီဒေသဆိုင်ရာကောင်စီ အကြီးအကဲ Valerie Pécresse က ကလေးမိခင်နဲ့ ခရီးသည်တွေကို ချီးကျူးဂုဏ်ပြုခဲ့ကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က