အင်ဒိုနီးရှားမှာ လူသေဆုံးမှုအများဆုံး ကူးတို့ရေယာဉ် မတော်တဆမှုတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းရှိ တိုဘာရေအိုင်ကြီး (Lake Toba) အတွင်း နစ်မြုပ်ခဲ့တဲ့ ကူးတို့ရေယာဉ်ရဲ့ ရေယာဉ်မှူးကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းလိုက်ကြောင်း အာဏာပိုင်တွေက ဇွန်လ ၂၁ ရက်မှာ ပြောပါတယ်။



ဇွန်လ ၁၈ ရက် ညနေပိုင်းက တိုဘာရေအိုင်ကြီးအတွင်း ခရီးသည်များ အဆမတန် တင်ဆောင်ထားတဲ့ ကူးတို့ရေယာဉ်တစ်စီး နစ်မြုပ်ခဲ့ရာ လက်ရှိအချိန်ထိ ရေယာဉ်မှူး Tua Sagala အပါအဝင် လူ ၁၈ ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး ဇွန်လ ၂၁ ရက်အထိ လူသုံးဦးသေဆုံးကြောင်း အတည်ပြုထားပါတယ်။

ဇွန်လ ၂၁ ရက် မနက်ပိုင်းမှာ အာဏာပိုင်တွေက ခန့်မှန်းပြောကြားခဲ့မှုအရ ကူးတို့ရေယာဉ်နစ်မြုပ်မှုအတွင်း ကလေးများအပါအဝင် လူ ၁၉၃ ဦး ပျောက်ဆုံးနေပြီး ယခုဖြစ်ရပ်ဟာ အင်ဒိုနီးရှားမှာ လူသေဆုံးမှုအများဆုံး ကူးတို့ရေယာဉ် မတော်တဆမှုတစ်ခုလည်း ဖြစ်လာနိုင်ကြောင်း သိရပါတယ်။



လူအများအပြားဟာ နစ်မြုပ်သွားတဲ့ ကူးတို့ရေယာဉ်အတွင်း ပိတ်မိခဲ့ကြဖွယ်ရှိကြောင်း ဒေသခံသတင်းတွေက ပြောပါတယ်။ သစ်သားဖြင့်ပြုလုပ်ထားတဲ အင်ဒိုနီးရှား ဒေသတွင်းသုံး ကူးတို့ရေယာဉ်ဟာ ခရီးသည်နဲ့ကုန်ပစ္စည်းစာရင်း သို့မဟုတ် ခရီးသည်လက်မှတ်များဖြင့် တရားဝင် ပြေးဆွဲနေခြင်းမဟုတ်ဘူးလို့ ဆိုပါတယ်။


နစ်မြုပ်ခဲ့တဲ့ ရေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်အရေအတွက်ဟာလည်း မိသားစုတွေက ၎င်းတို့ရဲ့ ဆွေးမျိုးသားချင်းများ ပျောက်ဆုံးနေကြောင်း သတင်းပို့မှုအပေါ် မူတည်ပြီး ရေတွက်ထားခြင်းဖြစ်ပါတယ်။ ဒေသခံမိသားစုတွေက ပျောက်ဆုံးနေတဲ့ ဆွေမျိုးသားချင်းတွေဟာ နစ်မြုပ်သွားတဲ့ ကူးတို့ရေယာဉ်ပေါ်မှာ ပါသွားခဲ့နိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။


အကယ်၍ အတည်ပြုနိုင်ခဲ့ပါကလည်း နစ်မြုပ်သွားတဲ့ ကူးတို့ရေယာဉ်ပေါ်မှာ ဒါဇင်နဲ့ချီ အရေအတွက်ရှိတဲ့ မော်တော်ဆိုင်ကယ်တွေလည်း တင်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကူးတို့ရေယာဉ်ဟာ တင်ဆောင်နိုင်တဲ့ သတ်မှတ်ခရီးသည် အရေအတွက်ထက် လေးဆ သို့မဟုတ် ငါးဆအထိ ခရီးသည်များ အဆမတန် တင်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

နစ်မြုပ်ခဲ့တဲ့ ကူးတို့ရေယာဉ်ဟာ ခရီးသည် ၆၀ သာ တင်ဆောင်ခွင့်ဖြင့် လိုင်စင်ပြုလုပ်ထားခြင်းဖြစ်ပေမဲ့ လူ ၂၀၀ ကျော်နဲ့ ကုန်ပစ္စည်းတွေ တင်ဆောင်သွားခဲ့ဖွယ်ရှိကြောင်း သိရပါတယ်။



ကူးတို့ရေယာဉ် နစ်မြုပ်မှုဖြစ်ခဲ့တဲ့ တိုဘာရေအိုင်ကြီးဟာ ရှေးခေတ်မီးတောင်ပေါက်ကွဲရာမှ ဖြစ်ပေါ်လာခဲ့ပြီး ရေအိုင်ကြီးရဲ့အလယ်ရှိ သာယာလှပတဲ့ သဘာဝကျွန်းတစ်ကျွန်းနဲ့ ကမ်းရိုးတန်းရှိ မြို့ငယ်တွေကြား ကူးတို့ရေယာဉ်များ ပြေးဆွဲခုတ်မောင်းနေတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာ ရေလမ်းခရီးသွားလာမှုကို အဓိကထား အသုံးပြုနေကြပြီး ဘေးကင်းလုံခြုံမှု စံချိန်စံညွှန်းများ မလိုက်နာမှုကြောင့် မတော်တဆမှုတွေလည်း မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

ယခင်သတင်း - အင်ဒိုနီးရှား ကူးတို့ရေယာဉ်နစ်မြုပ်မှု လူ ၁၈၀ ပျောက်ဆုံးနေ

Share

Loading Next Article...
က္က