ရှာဖွေကယ်ဆယ်ရေး ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရှိ ကမ္ဘာလှည့်ခရီးသည် လာရောက်မှုများပြားတဲ့ ဖူးခက်ကျွန်း ကမ်းလွန်ပင်လယ်ပြင်မှာ သင်္ဘောတစ်စီး တိမ်းမှောက်ခဲ့မှုအတွင်း အမျိုးသားတစ်ဦး သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး အခြား လူအများအပြား ပျောက်ဆုံးနေကြောင်း ဘေးအန္တရာယ် ကာကွယ်ရေးနဲ့လျှော့ချရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ (ဇူလိုင် ၅ ရက်) ညပိုင်းမှာ ပြောပါတယ်။

Photo: CGTN



တိမ်းမှောက်ခဲ့တဲ့ Phoenix အမည်ရှိ သင်္ဘောပေါ်မှာ ခရီးသည် ၉၀ ဦးထက်မနည်း လိုက်ပါသွားကြောင်းနဲ့ ၎င်းတို့အနက် ထက်ဝက်နီးပါးကို ကယ်ဆယ်နိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း တာဝန်ရှိသူက AFP သတင်းဌာနကို ပြောပါတယ်။

Phoenix အမှတ်တံဆိပ်ပါ အသက်ကယ်အင်္ကျီ ဝတ်ဆင်ထားပြီး သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ အလောင်းကို ဇူလိုင် ၅ ရက် နှောင်ပိုင်းမှာ ပင်လယ်ပြင်မှ ဆယ်ယူရရှိခဲ့ပါတယ်။ အဆိုပါ သင်္ဘောဟာ ခိုရာချာ (Koh Racha) ကနေ ဖူးခက်ကို ပြန်လည်ခုတ်မောင်းလာစဉ် လှိုင်းကြမ်းနေတဲ့ ပင်လယ်ပြင်မှာ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

Photo: Phuket Deparment of Disaster Prevention and Mitigation



"၅၃ ယောက် ပျောက်ဆုံးနေပါတယ်၊ ညပိုင်းမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ရပ်ဆိုင်းထားပြီး ဇူလိုင် ၆ ရက် မနက်ပိုင်းမှာ ပြန်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်" လို့ ဖူးခက်တောင်ပိုင်း အုပ်ချုပ်ရေးမှူး Noraphat Plodthong က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Facebook မှာ တွေ့ရတဲ့ ဗီဒီယိုတစ်ခုအရ တာဝန်ရှိသူတွေက ဆိပ်ကမ်းတစ်ခုမှာ သတင်းအချက်အလက် စုဆောင်းနေပြီး ၎င်းတို့အနောက်ဘက် ပင်လယ်ပြင်မှာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေကြတာ တွေ့ရပါတယ်။ တိမ်းမှောက်ခဲ့တဲ့ သင်္ဘောပေါ်မှ ခရီးသည်တွေဟာ တရုတ်၊ ထိုင်ဝမ်နဲ့ ရုရှားမှ ကမ္ဘာလှည့်ခရီးသည်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

Photo: Phuket Deparment of Disaster Prevention and Mitigation



သို့သော် အဆိုပါနေရာကို ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားနှစ်သက်ကြတယ်လို့ ဆိုပါတယ်။ ကြာသပတေးနေ့ (ဇူလိုင် ၅ ရက်) မှာ ထိုနေရာအတွင်း လူ ၃၉ ဦး တင်ဆောင်လာတဲ့ ရွက်လှေတစ်စီးလည်း တိမ်းမှောက်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ကနဦး သတင်းတစ်ခုအရ ရွက်လှေတိမ်းမှောက်မှုအတွင်း လိုက်ပါလာသူအားလုံးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက AFP ကို ပြောခဲ့ပေမဲ့ နောက်ထပ် အသေးစိတ်ကိုတော့ မပြောခဲ့ကြောင်း သိရပါတယ်။

ထပ်မံသိရတဲ့ သတင်းတွေအရ ဖူးခက်ကျွန်းကမ်းလွန်မှာ သင်္ဘောတိမ်းမှောက် နစ်မြုပ်ခဲ့မှုအတွင်း လူ ၁၇ ဦး သေဆုံံးကြောင်းနဲ့ ၃၇ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ သေဆုံးခဲ့သူတွေအနက် ၁၀ ဦးဟာ တရုတ်ကမ္ဘာလှည့်ခရီးသည်များ ဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က