ခရီးသည်နဲ့ သင်္ဘောအမှုထမ်း ၄၈ ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဖူးခက်ကျွန်းကမ်းလွန် ပင်လယ်ပြင်မှာ သင်္ဘောတိမ်းမှောက်ခဲ့မှုအတွင်း သေဆုံးသူအရေအတွက် ၂၈ ဦးအထိ မြင့်တက်လာကြောင်း အာဏာပိုင်တွေက ယနေ့ (ဇူလိုင် ၆ ရက်) မွန်းလွဲပိုင်းမှာ ပြောပါတယ်။

Photo: AFP



ကြာသပတေးနေ့ (ဇူလိုင် ၅ ရက်) မှာ တိမ်းမှောက်နစ်မြုပ်ခဲ့တဲ့ Phoenix သင်္ဘောပေါ်မှာ ခရီးသည် ၁၀၅ ဦး လိုက်ပါသွားခဲ့ကြောင်းနဲ့ အများစုဟာ တရုတ်ကမ္ဘာလှည့်ခရီးသည်များ ဖြစ်ကြကြောင်း သိရပါတယ်။

ဖူးခက်ဒေသဆိုင်ရာ ကယ်ဆယ်ရေးဌာနက သင်္ဘောတိမ်းမှောက်မှုမှ အလောင်း ၂၁ လောင်းကို ဆယ်ယူရရှိထားကြောင်း ပြောခဲ့ပါတယ်။

Photo: People's Daily



ထိုအတောအတွင်း ထိုင်းရေတပ်မှ ရေငုပ်သမားတွေက နစ်မြုပ်နေတဲ့ သင်္ဘောအတွင်း အလောင်း ၁၀ လောင်းထက်မနည်း တွေ့ရှိခဲ့တယ်လို့လည်း သိရပါတယ်။ ယမန်နေ့ ညပိုင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆိုင်းငံ့ခြင်းမပြုမီအထိ ခရီးသည်နဲ့ သင်္ဘောအမှုထမ်း ၄၈ ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

Phoenix သင်္ဘောကို ရေအောက်မှာ တွေ့ရစဉ် (Photo: Bangkok Post)



အဆိုပါ သင်္ဘောဟာ ခိုရာချာ (Koh Racha) ကနေ ဖူးခက်ကို ပြန်လည်ခုတ်မောင်းလာစဉ် လှိုင်းကြမ်းနေတဲ့ ပင်လယ်ပြင်မှာ တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ တိမ်းမှောက်ခဲ့တဲ့ သင်္ဘောပေါ်မှ ခရီးသည်တွေဟာ တရုတ်၊ ထိုင်ဝမ်နဲ့ ရုရှားမှ ကမ္ဘာလှည့်ခရီးသည်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

သင်္ဘောတိမ်းမှောက်မှုအတွင်း လူ ၃၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေး ဆက်လက် လုပ်ဆောင်နေကြောင်း ဖူးခက်ဒေသဆိုင်ရာ ဘေးအန္တရာယ် ကာကွယ်ရေးနဲ့လျှော့ချရေးဌာနမှ အကြီးအကဲက ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က