Tham Luang ဂူထဲကို ဝင်ရောက်ခဲ့ပြီးနောက် ဂူအတွင်း ရေများဝင်ရောက်လာမှုကြောင့် ပိတ်မိနေခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း Tham Luang ဂူထဲမှာ ပိတ်မိပျောက်ဆုံးနေခဲ့တဲ့ လူငယ်အုပ်စုကို ဇူလိုင် ၈ ရက်မှစပြီး ဂူအပြင်သို့ ခေါ်ထုတ်ကယ်ဆယ်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ လေးဦးကို အောင်မြင်စွာ ကယ်ထုတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီလူငယ်လေးတွေက ဘယ်သူတွေလဲ? သူတို့နဲ့ပတ်သက်တဲ့ လတ်တလော ပြောစကားနဲ့ ထူးခြားချက်အချို့ကို ကောက်နုတ်စုစည်းဖော်ပြထားပါတယ်။

wild-boars-football-club-trapped-in-tham-luang-cave.jpg

ဂူထဲမှာ ပိတ်မိခဲ့ကြသည့် ထိုင်းလူငယ်အုပ်စု (Photo: Ekkaphol Chantawong)



ကျန်ရှိနေသေးတဲ့ ၉ ဦးကိုလည်း ယနေ့ (ဇူလိုင် ၉ ရက်) မှာ ဂူအပြင်သို့ ဆက်လက်ကယ်ထုတ်သွားမယ်လို့ သိရပါတယ်။

အသက် ၁၁ နှစ်မှ ၁၇ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးနဲ့ အသက် ၂၅ နှစ်အရွယ် လက်ထောက် ဘောလုံးနည်းပြတို့ဟာ ဇွန်လ ၂၃ ရက်မှာ Tham Luang ဂူထဲကို ဝင်ရောက်ခဲ့ပြီးနောက် ဂူအတွင်း ရေများဝင်ရောက်လာမှုကြောင့် ပိတ်မိနေခဲ့ကြပါတယ်။

ယောက်ျားလေး ၁၂ ဦး (Photo: What's Treding PB Twitter)



ဂူထဲမှာ ပိတ်မိနေခဲ့ကြတဲ့ ထိုင်းလူငယ်အုပ်စုကို ကယ်ထုတ်နိုင်ရေး နိုင်ငံပေါင်း ၁၁ နိုင်ငံထက်မနည်းနဲ့ အဖွဲ့အစည်းတွေက ပူးပေါင်းကူညီခဲ့ကြသလို ဒီဖြစ်ရပ်ကိုလည်း ကမ္ဘာတစ်ဝှမ်းက စိတ်ဝင်တစား၊ စိုးရိမ်တကြီး စောင့်ကြည့်ခဲ့ကြပါတယ်။

ဂူထဲမှာ ၉ ရက်ကြာ ပိတ်မိပျောက်ဆုံးနေခဲ့ပေမဲ့ အသက်ရှင်လျက် ပြန်ရှာတွေ့ကာ ကယ်ထုတ်နေပြီဖြစ်တဲ့ ထိုင်းလူငယ်လေးတွေက ဘယ်သူတွေလဲ? သူတို့နဲ့ပတ်သက်တဲ့ လတ်တလော ပြောစကားနဲ့ ထူးခြားချက်အချို့ကို ကောက်နုတ်စုစည်းဖော်ပြထားပါတယ်။

- Chanin Vibulrungruang (အသက် ၁၁ နှစ်၊ နာမည်ပြောင် - Titan)

အသက် ၇ နှစ်အရွယ်ကတည်းက ဘောလုံးကစားခဲ့သူဖြစ်ပါတယ်။

- Panumas Sangdee (အသက် ၁၃ နှစ်၊ နာမည်ပြောင် - Mig)

ရေတပ်အထူးတပ်ဖွဲ့တွေက ကျွန်တော့်ကို ကောင်းကောင်းစောင့်ရှောက်ကြပါတယ်' လို့ မိဘတွေထံ စာရေးသားခဲ့ပါတယ်။

- Duganpet Promtep (အသက် ၁၃ နှစ်၊ နာမည်ပြောင် - Dom)

Wild Boars ဘောလုံးအသင်းခေါင်းဆောင်ဖြစ်ပြီး ထိုင်းကလပ်အသင်းအချို့က စောင့်ကြည်ခံရသူလည်း ဖြစ်ပါတယ်။

- Somepong Jaiwong (အသက် ၁၃ နှစ်၊ နာမည်ပြောင် - Pong)

ထိုင်းနိုင်ငံ လက်ရွေးစင်ဘောလုံးအသင်းမှာ ပါဝင်ကစားရန် အိမ်မက်ရှိသူဖြစ်ပါတယ်။

- Mongkol Booneiam (အသက် ၁၃ နှစ်၊ နာမည်ပြောင် - Mark)

အလွန်လေးစားစရာကောင်းပြီး လိမ္မာတဲ့ကလေးတစ်ယောက်လို့ သူ့ရဲ့ဆရာတွေက ပြောကြပါတယ်။

- Nattawut Takamrong (အသက် ၁၄ နှစ်၊ နာမည်ပြောင် Tern)

သူ့ကို မစိုးရိမ်ပါနဲ့လို့ မိဘတွေထံ စာရေးသားပြောခဲ့ပါတယ်။

- Ekarat Wongsukchan (အသက် ၁၄ နှစ်၊ နာမည်ပြောင် - Bew)

ဂူထဲကနေ ပြန်လွတ်မြောက်လာပြီးရင် အမေ့ဆိုင်မှာ ကူညီပါ့မယ်လို့ ကတိပေးခဲ့ပါတယ်။

- Adul Sam-on (အသက် ၁၄ နှစ်)

ထိုင်းမြောက်ပိုင်း ဘောလီဘောပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ ဘောလုံးဘောအသင်းရဲ့ ကစားသမားဖြစ်ပါတယ်။

- Prajak Sutham (အသက် ၁၅ နှစ်၊ နာမည်ပြောင် - Note)

စမတ်ကျပြီး တည်ငြိမ်အေးဆေးသူလို့ မိသားစု သူငယ်ချင်းတွေက ပြောကြပါတယ်။

- Pipat Pho (အသက် ၁၅ နှစ်၊ နာမည်ပြောင် - Nick)

ဂူထဲကနေ ပြန်ထွက်လာပြီးရင် သူ့ကို အကင်ဆိုင်မှာ လိုက်ကျွေးပါလို့ မိဘတွေထံ စာရေးမှာကြားခဲ့ပါတယ်။

- Pornchai Kamluang (အသက် ၁၆ နှစ်၊ နာမည်ပြောင် - Tee)

'မစိုးရိမ်ပါနဲ့၊ ကျွန်တော် အရမ်းပျော်ပါတယ်' လို့ မိဘတွေထံ စာရေးပြောကြားခဲ့ပါတယ်။

- Peerapat Sompiangjai (အသက် ၁၇ နှစ်၊ နာမည်ပြောင် - Night)

ဂူထဲကို အုပ်စုလိုက် ဝင်ရောက်ခဲ့ပြီး ပျောက်ဆုံးသွားတဲ့ ဇွန်လ ၂၃ ရက်ဟာ သူ့ရဲ့မွေးနေ့ဖြစ်ပါတယ်။ မိဘတွေက မွေးနေ့ပွဲကျင်းပပေးဖို့ စောင့်နေတယ်လို့ သူ့ကိုပြောခဲ့ပါတယ်။

- Ekapol Chantawong (အသက် ၂၅ နှစ်၊ လက်ထောက်နည်းပြ၊ နာမည်ပြောင် - Ake)

ဘောလုံးအသင်းသားတွေရဲ့ မိဘများထံ တောင်းပန်ပါတယ်လို့ စာရေးသားခဲ့ပါတယ်။ မိဘတွေက သူ့ကို အပြစ်မတင်ပါဘူးလို့ ပြောခဲ့ကြပါတယ်။

Share

Loading Next Article...
က္က