ဂူထဲကနေ ထိုင်းလူငယ်အုပ်စုကို ရှာဖွေကယ်ဆယ်မှုအား ကမ္ဘာတစ်ဝှမ်းမှ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ကျောက်ဂူတစ်ခုအတွင်း ပိတ်မိနေခဲ့တဲ့ လူငယ်အုပ်စုမှ နောက်ဆုံးကျန်ရှိနေသူ ၅ ဦးကို ဆက်လက် ကယ်ထုတ်သွားရန်အတွက် ရေငုပ်သမားတွေက ပြင်ဆင်မှုတွေ ပြုလုပ်နေကြပါတယ်။

ဂူထဲမှာ ပိတ်မိခဲ့သည့် ထိုင်းလူငယ်အုပ်စု (Photo: Thai Navy Seal)



ဂူထဲမှာပိတ်မိခဲ့တဲ့ လူငယ်အုပ်စုမှ ၈ ဦးကို ဇူလိုင် ၈ ရက်နဲ့ ၉ ရက်တို့မှာ ကယ်ထုတ်ခဲ့ပြီးဖြစ်ကာ နောက်ဆုံးကျန်ရှိနေသူ ၅ ဦးကို ယနေ့ (ဇူလိုင် ၁၀ ရက်) ကယ်ထုတ်သွားမှာ ဖြစ်ပါတယ်။

ဂူထဲမှာကျန်ရှိနေတဲ့ ယောက်ျားလေး ၄ ဦးနဲ့ ဘောလုံးနည်းပြတို့ဟာ ၎င်းတို့ကို ရေငုပ်သမားတွေက ရေကြီးနေတဲ့ ဂူအတွင်းလမ်းကြောင်းတစ်လျှောက် ရေငုပ်ခေါ်ဆောင်လာရန်အတွက် ကျန်းမာရေးကောင်းမွန်ပြီး အသင့်ရှိနေတယ်လို့ ဆိုပါတယ်။

Tham Laung ဂူတည်ရှိရာ တောင်တန်း၏ ဇူလိုင် ၁၀ ရက် မနက်ပိုင်းမြင်ကွင်း (Photo: ွှ့Thai PBS)



အသက် ၁၁ နှစ်မှ ၁၇ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်မှာ ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ဧရိယာအတွင်းရှိ Tham Luang ဂူထဲကိုဝင်ရောက်သွားခဲ့ကြပြီး ဂူအတွင်း ရေများဝင်ရောက်လာမှုကြောင့် ပြန်မထွက်နိုင်ဘဲ ပိတ်မိနေခဲ့ကြပါတယ်။

ဇူလိုင် ၉ ရက် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မှု (Photo: AFP)



၎င်းတို့ဟာ ဂူအတွင်း ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့ကြပြီး ၁၀ ရက်မြောက်ဖြစ်တဲ့ ဇူလိုင် ၂ ရက် ညပိုင်းအချိန်မှာ ကယ်ဆယ်ရေးအဖွဲ့မှ ဗြိတိန်ရေငုပ်သမားနှစ်ဦးက ပြန်ရှာတွေ့ခဲ့ကြပါတယ်။ ထို့နောက် လူငယ်အုပ်စုကို ဂူအတွင်း လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုများ လုပ်ဆောင်ပေးခဲ့ပြီး ဂူအပြင်ကိုကယ်ထုတ်ခဲ့ပါတယ်။

Tham Luang ဂူထဲကနေ ထိုင်းလူငယ်အုပ်စုကို ရှာဖွေကယ်ဆယ်မှုအား မြန်မာနိုင်ငံ အပါအဝင် ၁၁ နိုင်ငံထက်မနည်းက ပူးပေါင်းကူညီခဲ့ကြပြီး ကမ္ဘာတစ်ဝှမ်းမှလည်း စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။

ဇူလိုင် ၂၉ ရက် ကယ်ဆယ်ရေးလုပ်ငန်း

- ဒေသစံတော်ချိန် မနက် ၁၁ နာရီမှာ လူငယ်များကို ဂူထဲမှကယ်ထုတ်မှု ပြန်လည်စတင်ခဲ့။

- လူငယ်အုပ်စုမှ ၄ ဦးကို ဂူအပြင်သို့ ကယ်ထုတ်နိုင်ခဲ့။

- ထိုင်းဝန်ကြီးချုပ်ပရာယွတ်က ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေကို လာရောက်အားပေး။

- နိုင်ငံတကာမှ ရေငုပ်သမား ၁၈ ဦး ပါဝင်ခဲ့။

- ကယ်ထုတ်ရေးလုပ်ငန်းဟာ အချိန် ၉ နာရီ ကြာမြင့်ခဲ့ပြီး ဇူလိုင် ၈ ရက်ကထက် ၂ နာရီ ပိုမိုမြန်ဆန်။

- ည ၉ နာရီမှာ ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့

ဇူလိုင် ၂၈ ရက် ကယ်ဆယ်ရေးလုပ်ငန်း

- ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာ ဂူထဲမှ လူငယ်တွေကို ပြန်လည်ခေါ်ထုတ် ကယ်ဆယ်ရေးလုပ်ငန်း စတင်ခဲ့။

- ပထမဆုံး ယောက်ျားလေးက ဂူအပြင်ကို ဒေသစံတော်ချိန် ညနေ ၅ နာရီ ၄၀ မိနစ်မှာ ပြန်လည်ရောက်ရှိ။

- စုစုပေါင်း ယောက်ျားလေး ၄ ဦးကို ဂူအပြင်သို့ ပြန်ခေါ်ထုတ်ခဲ့ပြီး ချင်းရိုင်းရှိ ဆေးရုံသို့ပို့ဆောင်ခဲ့။

- ယောက်ျားလေးတွေကို နိုင်ငံခြားမှ ရေငုပ်သမား ၁၃ ဦးနဲ့ ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင် ငါးဦးတို့က ခြံရံစောင့်ရှောက် ခေါ်ဆောင်လာခဲ့။

- ဒေသစံတော်ချိန် ည ၉ နာရီမှာ ကယ်ဆယ်ရေးလုပ်ငန်းများ ခေတ္တရပ်ဆိုင်းခဲ့။

- ယောက်ျားလေး ၈ ဦးနဲ့ ၎င်းတို့ရဲ့ ဘောလုံးနည်းပြတို့ကို ဂူထဲမှ ခေါ်ထုတ်ကယ်ဆယ်ရန် ကျန်ရှိ

Share

Loading Next Article...
က္က