ဆေးရုံကုတင်အနီးမှာ မတ်တပ်ရပ်နိုင် လမ်းလျှောက်သွားလာနိုင်ပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ကျောက်ဂူတစ်ခုအတွင်း ပိတ်မိနေခဲ့တဲ့ လူငယ်အုပ်စုမှ ကယ်ထုတ်ခဲ့ပြီးသူ ၈ ဦးဟာ စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ယနေ့ (ဇူလိုင် ၁၀ ရက်) ပြောပါတယ်။

ဂူထဲမှာပိတ်မိခဲ့သည့် ထိုင်းလူငယ်အုပ်စု (Photo: Thai Navy Seal)




ဇူလိုင် ၈ ရက်နဲ့ ၉ ရက်မှာ ဂူအပြင်ကို ကယ်ထုတ်ခဲ့ပြီးဖြစ်တဲ့ ယောက်ျားလေး ၈ ဦးကို လိုအပ်တဲ့ ဓာတ်မှန်ရိုက် စစ်ဆေးမှုနဲ့ သွေးစစ်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ၎င်းတို့အနက် နှစ်ဦးမှာသာ အဆုတ်ရောင်မှု ဖြစ်နေတယ်လို့ ယူဆရပြီး ကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။

ဂူအပြင်ကို ကယ်ထုတ်ခဲ့ပြီးတဲ့ အဆိုပါ ယောက်ျားလေး ၈ ဦးကို ချင်းရိုင်းဆေးရုံမှာ နောက်ထပ် အနည်းဆုံး ၇ ရက်ကြာ ဆက်လက်ထားရှိပြီး ကျန်းမာရေးအခြေအနေ စောင့်ကြည့်သွားမယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ချင်းရိုင်းဆေးရုံမြင်ကွင်း (Photo: Reuters)



"၈ ယောက်လုံး ကျန်းမာရေးကောင်းပါတယ်၊ ကိုယ်ပူဖျားနာနေတာမျိုးလည်း မရှိပါဘူး၊ အားလုံးက စိတ်ပိုင်းဆိုင်ရာ အခြေအနေလည်း ကောင်းကြပါတယ်" လို့ ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဂျက်ဆာဒါ ချွတ်ကီဒမ်ယောင်ဆွတ်ခ်က သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

၎င်းတို့ဟာ ဆေးရုံကုတင်အနီးမှာ မတ်တပ်ရပ်နိုင် လမ်းလျှောက်သွားလာနိုင်ကြောင်းလည်း သိရပါတယ်။ ကယ်ထုတ်ခဲ့ပြီးတဲ့ ယောက်ျားလေး ၈ ဦးရဲ့ ကျန်းမာရေးစစ်ဆေးမှုရလဒ်တွေကို စောင့်ဆိုင်းနေချိန်မှာ ကြိုတင်ပြင်ဆင်မှုတွေကိုတော့ အစွမ်းကုန် လုပ်ဆောင်ထားခဲ့ကြောင်းလည်း ဂျက်ဆာဒါက ဖြည့်စွက်ပြောပါတယ်။

ဇူလိုင် ၉ ရက်က Tham Laung ဂူအနီး တွေ့ရသည့် အရေးပေါ်ကားတစ်စီး (Photo: AFP)



ဂူထဲမှာ ကျန်ရှိနေသေးတဲ့ ယောက်ျားလေး ၄ ဦးနဲ့ ဘောလုံးနည်းပြတို့ကို ယနေ့ ဆက်လက် ကယ်ထုတ်သွားရန် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

အသက် ၁၁ နှစ်မှ ၁၇ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်မှာ ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ဧရိယာအတွင်းရှိ Tham Luang ဂူထဲကိုဝင်ရောက်သွားခဲ့ကြပြီး ဂူအတွင်း ရေများဝင်ရောက်လာမှုကြောင့် ပြန်မထွက်နိုင်ဘဲ ပိတ်မိနေခဲ့ကြပါတယ်။

ဇူလိုင် ၁၀ ရက် မနက်ပိုင်းမှာ တွေ့ရသည့် ကယ်ဆယ်ရေးသမားများ (Photo: AP)



၎င်းတို့ဟာ ဂူအတွင်း ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့ကြပြီး ၁၀ ရက်မြောက်ဖြစ်တဲ့ ဇူလိုင် ၂ ရက် ညပိုင်းအချိန်မှာ ကယ်ဆယ်ရေးအဖွဲ့မှ ဗြိတိန်ရေငုပ်သမားနှစ်ဦးက ပြန်ရှာတွေ့ခဲ့ကြပါတယ်။ ထို့နောက် လူငယ်အုပ်စုကို ဂူအတွင်း လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုများ လုပ်ဆောင်ပေးခဲ့ပြီး ဂူအပြင်ကိုကယ်ထုတ်ခဲ့ပါတယ်။

Tham Luang ဂူထဲကနေ ထိုင်းလူငယ်အုပ်စုကို ရှာဖွေကယ်ဆယ်မှုအား မြန်မာနိုင်ငံ အပါအဝင် ၁၁ နိုင်ငံထက်မနည်းက ပူးပေါင်းကူညီခဲ့ကြပြီး ကမ္ဘာတစ်ဝှမ်းမှလည်း စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပါတယ်။

ဇူလိုင် ၂၉ ရက် ကယ်ဆယ်ရေးလုပ်ငန်း

- ဒေသစံတော်ချိန် မနက် ၁၁ နာရီမှာ လူငယ်များကို ဂူထဲမှကယ်ထုတ်မှု ပြန်လည်စတင်ခဲ့။

- လူငယ်အုပ်စုမှ ၄ ဦးကို ဂူအပြင်သို့ ကယ်ထုတ်နိုင်ခဲ့။

- ထိုင်းဝန်ကြီးချုပ်ပရာယွတ်က ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေကို လာရောက်အားပေး။

- နိုင်ငံတကာမှ ရေငုပ်သမား ၁၈ ဦး ပါဝင်ခဲ့။

- ကယ်ထုတ်ရေးလုပ်ငန်းဟာ အချိန် ၉ နာရီ ကြာမြင့်ခဲ့ပြီး ဇူလိုင် ၈ ရက်ကထက် ၂ နာရီ ပိုမိုမြန်ဆန်။

- ည ၉ နာရီမှာ ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့

ဇူလိုင် ၂၈ ရက် ကယ်ဆယ်ရေးလုပ်ငန်း

- ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာ ဂူထဲမှ လူငယ်တွေကို ပြန်လည်ခေါ်ထုတ် ကယ်ဆယ်ရေးလုပ်ငန်း စတင်ခဲ့။

- ပထမဆုံး ယောက်ျားလေးက ဂူအပြင်ကို ဒေသစံတော်ချိန် ညနေ ၅ နာရီ ၄၀ မိနစ်မှာ ပြန်လည်ရောက်ရှိ။

- စုစုပေါင်း ယောက်ျားလေး ၄ ဦးကို ဂူအပြင်သို့ ပြန်ခေါ်ထုတ်ခဲ့ပြီး ချင်းရိုင်းရှိ ဆေးရုံသို့ပို့ဆောင်ခဲ့။

- ယောက်ျားလေးတွေကို နိုင်ငံခြားမှ ရေငုပ်သမား ၁၃ ဦးနဲ့ ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင် ငါးဦးတို့က ခြံရံစောင့်ရှောက် ခေါ်ဆောင်လာခဲ့။

- ဒေသစံတော်ချိန် ည ၉ နာရီမှာ ကယ်ဆယ်ရေးလုပ်ငန်းများ ခေတ္တရပ်ဆိုင်းခဲ့။

- ယောက်ျားလေး ၈ ဦးနဲ့ ၎င်းတို့ရဲ့ ဘောလုံးနည်းပြတို့ကို ဂူထဲမှ ခေါ်ထုတ်ကယ်ဆယ်ရန် ကျန်ရှိ


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က