AD
AD
AD

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်ရှိ ရေကြီးနေတဲ့ ဂူထဲမှာ ပိတ်မိနေခဲ့ပြီး ပြန်ကယ်ထုတ်နိုင်ခဲ့တဲ့ တောဝက်ဘောလုံးအသင်းမှ လူငယ်အုပ်စုကို ဆေးရုံမှာ လိုအပ်တဲ့ ဆေးကုသမှုပြုလုပ်ပေးနေတဲ့ ပထမဆုံးဗီဒီယို ထွက်ပေါ်လာခဲ့ပါတယ်။

play
Photo: Thai Government via AFP/Getty Images


ဆေးရုံဝတ်စုံများနဲ့ မျက်နှာဖုံးများ တပ်ဆင်ထားတဲ့ လူငယ်လေးတွကိုတွေ့ရပြီး လူငယ်အချို့က အောင်ပွဲခံ အမှတ်အသားအဖြစ် ကင်မရာဘက်ကိုကြည့်ပြီး လက်နှစ်ချောင်းထောင်ပြတာ၊ လက်ပြနှုတ်ဆက်တာနဲ့ လက်အုပ်ချီနှုတ်ဆက်တာ တွေ့ရပါတယ်။

ဆေးရုံအခန်းအပြင်ဘက်မှာတော့ လူငယ်အုပ်စုကို လာရောက်ကြည့်ရှုကြတဲ့ ၎င်းတို့ရဲ့ မိဘဆွေမျိုး သားချင်းတွေကိုလည်း တွေ့ခဲ့ရပါတယ်။

play
Photo: Thai Government via AFP/Getty Images


မယ်ဆိုင်ရှိ Tham Laung ဂူထဲမှာ သီတင်းနှစ်ပတ်ကျော်ကြာ ပိတ်မိခဲ့ကြတဲ့ ထိုင်းလူငယ်တွေဟာ ကိုယ်အလေးအချိန် ၄ ပေါင်ကျော်စီ လျော့ကျသွားခဲ့ပေမဲ့ ကျန်းမာရေးကောင်းမွန်တဲ့ အခြေအနေဖြစ်ကြောင်း သိရပါတယ်။

၎င်းတို့ကို ချင်းရိုင်းဆေးရုံမှာ သီတင်းတစ်ပတ်ကြာ ဆက်လက်ထားရှိပြီးနောက် နေအိမ်မှာ နောက်တစ်ပတ်ကြား အားအင်ပြန်ပြည့်လာရန် အနားယူစေမယ်လို့ ဆိုပါတယ်။

play
Infographic: Rafa Estrada/CNA


ထိုအတောအတွင်း ထိုင်းလူငယ်အုပ်စုကို Tham Laung ဂူထဲကနေ ရေငုပ်သမားတွေက အန္တရယ်များတဲ့ ကယ်ထုတ်မှုအတွင်း ထိတ်လန့်ကြောက်ရွံ့မှုမရှိစေရန် စိတ်ငြိမ်ဆေး သို့မဟုတ် အိပ်ဆေး အသုံးပြုခဲ့ကြောင်း သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ထိုင်းရေတပ် အထူးတပ်ဖွဲ့ကလည်း လူငယ်အုပ်စုကို Tham Laung ဂူထဲကနေ တစ်သုတ်ပြီးတစ်သုတ် ခက်ခက်ခဲခဲနဲ့ အဆင့်ဆင့် ကယ်ထုတ်ခဲ့တဲ့ သုံးရက်ကြာ ကယ်ဆယ်ရေးလုပ်ငန်းစဉ် ဗီဒီယိုတစ်ခုကို ဇူလိုင် ၁၁ ရက် ညပိုင်းက လွှင့်တင်ခဲ့ပါတယ်။

play
ထိုင်းရေတပ် အထူးတပ်ဖွဲ့က ထုတ်ပြန်ခဲသည့် ဗီဒီယိုမှမြင်ကွင်းတစ်ခု (Photo: Thai Navy Seal)


အသက် ၁၁ နှစ်မှ ၁၇ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြတို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်မှာ ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ဧရိယာအတွင်းရှိ Tham Luang ဂူထဲကိုဝင်ရောက်သွားခဲ့ကြပြီး ဂူအတွင်း ရေများဝင်ရောက်လာမှုကြောင့် ပြန်မထွက်နိုင်ဘဲ ပိတ်မိနေခဲ့ကြပါတယ်။

play
ဂူထဲမှကယ်ထုတ်လာသူတစ်ဦးကို ဆေးရုံသို့ပို့ဆောင်ရန် ပြင်ဆင်နေစဉ် (Photo: Nick Edwards/Daily Mail)


၎င်းတို့ဟာ ဂူအတွင်း ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့ကြပြီး ၁၀ ရက်မြောက်ဖြစ်တဲ့ ဇူလိုင် ၂ ရက် ညပိုင်းအချိန်မှာ ကယ်ဆယ်ရေးအဖွဲ့မှ ဗြိတိန်ရေငုပ်သမားနှစ်ဦးက ပြန်ရှာတွေ့ခဲ့ကြပါတယ်။ ထို့နောက် လူငယ်အုပ်စုကို ဂူအတွင်း လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုများ လုပ်ဆောင်ပေးခဲ့ပြီး ဂူအပြင်ကိုကယ်ထုတ်ခဲ့ပါတယ်။

၎င်းတို့အုပ်စုမှ ပထဆုံး ၄ ဦးကို ဇူလိုင် ၈ ရက်၊ ဒုတိယ ၄ ဦးကို ဇူလိုင် ၉ ရက်နဲ့ နောက်ဆုံးကျန်ရှိတဲ့ ၅ ဦးကို ဇူလိုင် ၁၀ ရက်တို့မှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်

play


Tham Luang ဂူထဲကနေ ထိုင်းလူငယ်အုပ်စုကို​ ရှာဖွေကယ်ဆယ်မှုအား မြန်မာနိုင်ငံ အပါအဝင် ၁၁ နိုင်ငံထက်မနည်းက ပူးပေါင်းကူညီခဲ့ကြပြီး ကမ္ဘာတစ်ဝှမ်းမှလည်း စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပြီး အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့မှုကို ဝမ်းသာပျော်ရွှင်ခဲ့ကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

International News


AD