ထရန့်နဲ့ပူတင်တို့ ပထမဆုံးအကြိမ် သီးသန့် ထိပ်သီးတွေ့ဆုံဆွေးနွေးမှုကို ဖင်လန်နိုင်ငံမှာ ပြုလုပ်ခဲ့ကြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ သမိုင်းဝင် ထိပ်သီးတွေ့ဆုံမှုအတွင်း ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်မှုကိစ္စကို ကာကွယ်ပြောဆိုခဲ့တာကြောင့် အမေရိကန်မှာ ဝေဖန်မှုတွေရှိနေပါတယ်။

ပူတင်က ထရန့်ကို ကမ္ဘာ့ဖလားဘောလုံး လက်ဆောင်ပေးနေစဉ် (Photo: AFP/Yuri KADOBNOV)



ယမန်နေ့ (ဇူလိုင် ၁၆ ရက်) က ဖင်လန်နိုင်ငံ ဟယ်စင်ကီးမြို့မှာ ထရန့်နဲ့ပူတင်တို့ ပထမဆုံးအကြိမ် သီးသန့် ထိပ်သီးတွေ့ဆုံဆွေးနွေးခဲ့ရာမှာ ထရန့်က ရုရှားအနေနဲ့ အမေရိကန်ရွေးကောက်ပွဲကို စွက်ဖက်စရာ အကြောင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။

ထရန့်ရဲ့ အဆိုပါ မှတ်ချက်ပြုပြောဆိုမှုဟာ အမေရိကန်ထောက်လှမ်းရေးတွေရဲ့ ကောက်ချက်ချထားမှုနဲ့ ဆန့်ကျင်ကွဲလွဲနေခဲ့ပါတယ်။ ထိပ်သီးတွေ့ဆုံရာမှာ ထရန့်နဲ့ပူတင်က နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တိုးတက်ကောင်းမွန်ရေး အဓိကထားခဲ့ကြတယ်လို့ ဆိုပါတယ်။

ရုရှားသမ္မပူတင်နဲ့ အမေရိကန်သမ္မတ ထရန့် (Photo: Variety)



အမေရိကန်နဲ့ ရုရှားတို့ဟာ ယူကရိန်းနိုင်ငံရဲ့ ခရိုင်မီးယားဒေသကို ရုရှားကသိမ်းပိုက်မှုနဲ့ ဆီးရီးယားပြည်တွင်းစစ်ကဲ့သို့ ကိစ္စရပ်တွေမှာ သဘောထားကွဲလွဲပြီး ဆက်ဆံရေးတင်းမာမှုတွေ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

ယခု ထိပ်သီးဆွေးနွေးပွဲမှာ ထရန့်က အမေရိကန်ရွေးကောက်ကို ရုရုားက စွက်ဖက်ခဲ့မှုအပေါ် ကာကွယ်ပြောဆိုမှုအား ရီပတ်ဘလစ်ကင်ပါတီမှ ထိပ်တန်းနိုင်ငံရေးသမားတွေက ဝေဖန်မှုတွေရှိလာခဲ့ပါတယ်။

အမေရိကန်သမ္မတထရန့်စုံတွဲနှင့် ရုရှားသမ္မတပူတင် (Photo: Valery Sharifulin/TASS)



အမေရိကန် အောက်လွှတ်တော် (United States House of Representatives) ဥက္ကဋ္ဌဖြစ်သူ ရီပတ်ဘလစ်ကင် ပါတီမှ ပေါလ်ရိုင်ယန်က သမ္မတထရန့်အနေနဲ့ ရုရုားနိုင်ငံဟာ မိမိတို့ရဲ့ မဟာမိတ်မဟုတ်ကြောင်း သဘောပေါက်ရမယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ရီပတ်ဘလစ်ကင်ပါတီမှ ထိပ်တန်းအမတ်တစ်ဦးဖြစ်သူ ဂျွန်မက်ကိန်းကလည်း ဆိုးရွားတဲ့စွမ်းဆောင်မှုတစ်ခု ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ အမေရိကန်သမ္မတထရန့်နဲ့ ရုရှားသမ္မတပူတင်တို့ဟာ ဖင်လန်နိုင်ငံမြို့တော် ဟယ်စင်ကီးမှာ နှစ်နာရီနီးပါးကြာ တံခါးပိတ် ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

ရီပတ်ဘလစ်ကင် လွှတ်တော်အမတ် ဂျွန်မက်ကိန်း (Photo: CNN)



ထိုသို့ ထိပ်သီးဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်ပွဲ ပြုလုပ်ခဲ့ရာမှာ သတင်းထောက်တွေက သမ္မတထရန့်အနေနဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်ခဲ့မှုနဲ့ ပတ်သက်ပြီး အမေရိကန်ထောက်လှမ်းရေးနဲ့ ရုရှားသမ္မတို့အနက် မည်သည့်ပြောဆိုမှုကို ယုံကြည်ပါသလဲလို့ မေးမြန်းခံခဲ့ရပါတယ်။

"သမ္မတပူတင်က ဒီလို စွက်ဖက်မှုဟာ ရုရှားမဟုတ်ဘူးလို့ ပြောပါတယ်၊ ဒီလို စွက်ဖက်ရမယ့်အကြောင်း ကျွန်တော် မမြင်မိပါဘူး" လို့ ထရန့်က ဖြေကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ယခင် အမေရိကန်အစိုးရများ လက်ထက်က ရုရှားနဲ့ ဆက်ဆံရေးမပြေလည်ခဲ့မှုတွေကိုလည်း သမ္မတထရန့်က အပြစ်ဆိုခဲ့ပါတယ်။

ထရန့်နဲ့ပူတင် ပူးတွဲသတင်းစာရှင်းလင်းပွဲ (Photo: AFP)



အမေရိကန် ထောက်လှမ်းရေး အဖွဲ့အစည်းတွေက ၂၀၁၆ ရွေးကောက်ပွဲမှာ ဟီလာရီကလင်တန်ကို ဆိုက်ဘာတိုက်ခိုက်မှု၊ အစိုးရတစ်ရပ်က ခွင့်ပြုမှုဖြင့် ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ သတင်းအတုတွေကို ဆိုရှယ်မီဒီယာမှာ ဖြန့်ဝေမှုတို့မှာ ရုရှားက နောက်ကွယ်မှ ကြိုးကိုင်ပါဝင်ခဲ့ကြောင်း ကောက်ချက်ချထားခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ထောက်လှမ်းရေးတွေရဲ့ ကောက်ချက်ချထားမှုနဲ့ ဆန့်ကျင်ကွဲလွဲစွာ မှတ်ချက်ပြုခဲ့ပြီးနောက် သမ္မတထရန့်က 'ကျွန်တော့်ရဲ့ ထောက်လှမ်းရေးတွေကို အကြီးအကျယ် ယုံကြည်မှုရှိပါတယ်' လို့ Twitter မှာ ရေးသားခဲ့ကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က