ဒဏ်ရာရသူတွေအနက် ၁၃ ဦးကို ဆေးရုံတင်ခဲ့ရပါတယ်။

ဟာဝိုင်အီကျွန်းပေါ်ရှိ Kilauea မီးတောင်ပေါက်ကွဲမှုကို ကြည့်ရှုနေသူတွေကို တင်ဆောင်ထားတဲ့ သင်္ဘောတစ်စီးပေါ်သို့ မီးတောင်ချော်ခဲ ကျရောက်ထိမှန်ခဲ့မှုကြောင့် လူ ၂၃ ဦး ဒဏ်ရာရခဲ့ကြောင်း မီးသတ်ဌာနက ဇူလိုင် ၁၆ ရက်မှာ ပြောပါတယ်။

မီးတောင်ချော်ခဲ ထိမှန်ပြီး အပေါက်ဖြစ်သွားသည့် သင်္ဘောအမိုး (Photo: Hawaii DLNR)



ဒဏ်ရာရသူတွေအနက် ၁၃ ဦးကို ဆေးရုံတင်ခဲ့ရကြောင်းနဲ့ ကျန်ရှိသူတွေကိုတော့ ဆိပ်ကမ်းမှာ လိုအပ်တဲကုသမှု ပြုလုပ်ပေးခဲ့ကြောင်း သိရပါတယ်။

ဟာဝိုင်အီကျွန်းပေါ်ရှိ Kilauea မီးတောင်ပေါက်ကွဲနေမှုဟာ နှစ်လကြာပြီဖြစ်ပြီး မီးတောင်ပေါက်ကွဲမှုနဲ့ ချော်ရည်များစီးဆင်မှုကို ကြည့်ရှုကြတဲ့ ခရီးစဉ်ဝန်ဆောင်မှုများလည်း ရှိနေပါတယ်။ Kilauea မီးတောင်မှ ချော်ရည်များဟာ ပစိဖိတ်သမုဒ္ဒရာထဲကိုက စီးဝင်သွားမှုကို သင်္ဘောပေါ်မှ လိုက်ပါကြည့်ရှုကြတာ ဖြစ်ပါတယ်။

Photo: USGS Volcanoes



ယခုဖြစ်ရပ်အတွင်း အမျိုးသမီးတစ်ဦး ပေါင်ရိုးကျိုးဒဏ်ရာ ပြင်းထန်စွာရခဲ့တယ်လို့ ဆိုပါတယ်။ မီးတောင်ချော်ခဲ ကျရောက်ထိမှန်ခဲ့တဲ့ သင်္ဘောပေါ်မှာ လိုက်ပါသွားသူ အရေအတွက်ကို ချက်ချင်းမသိနိုင်သေးကြောင်း ဟာဝိုင် မီးသတ်ဌာနက ပြောခဲ့ပါတယ်။

ယမန်နေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ အဆိုပါ မတော်တဆမှုအတွင်း မီးတောင်ချော်ခဲဟာ သင်္ဘောအမိုးပေါ်ကို ကျရောက်ထိမှန်ခဲ့ကြောင်း သိရပါတယ်။

Kilauea မီးတောင်ပေါက်ကွဲမှုကို ကြည့်ရှုသည့်ခရီးစဉ် ဝန်ဆောင်မှုသင်္ဘော (Photo: Reuters/T. Sylvester)



Kilauea မီးတောင်ဟာ ပြီးခဲ့တဲ့ မေလ ၃ ရက်မှာ စတင်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ရာနဲ့ချီ အရေအတွက်ရှိ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ Kilauea မီးတောင်ဟာ ဟာဝိုင်အီကျွန်းပေါ်ရှိ မီးတောင်ငါးခုအနက်မှ တစ်ခုဖြစ်ပြီး ကမ္ဘာ့လှုပ်ရှားမှုအရှိဆုံး မီးတောင်တစ်ခုလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က