ဗီယက်နမ်မှာ နှစ်စဉ် ရေကြီးမှုနဲ့ မုန်တိုင်းတိုက်ခတ်မှုတွေ ကြုံတွေ့ရလေ့ရှိပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ရေကြီးမှုတွေကြောင့် သေဆုံးသူအရေအတွက် ၁၉ ဦးထက်နည်း ရှိလာကြောင်း အစိုးရက ယနေ့ (ဇူလိုင် ၂၂ ရက်) ပြောပါတယ်။ ရေကြီးမှုဖြစ်ပေါ်နေတဲ့ ဒေသမှာနေထိုင်ကြသူတွေဟာ ရေဘေးအန္တရာယ် ကင်းလွတ်နိုင်တဲ့ အမြင့်ပိုင်းနေရာတွေကို ရှာဖွေရွှေ့ပြောင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

Photo: AFP



ရှည်လျားတဲ့ ကမ်းရိုးတန်းရှိပြီး အပူပိုင်းဒေသနိုင်ငံဖြစ်တဲ့ ဗီယက်နမ်မှာ နှစ်စဉ် ရေကြီးမှုနဲ့ မုန်တိုင်းတိုက်ခတ်မှုတွေ ကြုံတွေ့ရလေ့ရှိပြီး မုတ်သုန်ရာသီအတွင်း ရာနဲ့ချီတဲ့ လူသေဆုံးမှုတွေ ဖြစ်လေ့ရှိကြောင်း သိရပါတယ်။

လက်ရှိမှာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီဖြစ်တဲ့ တိုင်ဖွန်းမုန်တိုင်း Son Tinh ဟာ ဗီယက်နမ်ကုန်းတွင်းပိုင်းကို ဗုဒ္ဓဟးူနေ့ (ဇူလိုင် ၁၈ ရက်) ညပိုင်းမှာ ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ တိုင်ဖွန်း Son Tinh ဟာ ယခုနှစ်အတွင်း ဗီယက်နမ်ကို ဝင်ရောက်တိုက်ခတ်တဲ့ တတိယမြောက် အပူပိုင်းလည်း ဖြစ်လာပါတယ်။

Photo: CGTN



မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ပြီး အခြား လူ ၁၃ ဦး ပျောက်ဆုံးနေကြောင်း ဗီယက်နမ် သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဗီယက်နမ်နိုင်ငံတစ်ဝှမ်း ဟနွိုင်းမြို့တော် အပါအဝင် မြို့ပြနဲ့ ကျေးလက်ဒေသတွေမှာ ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ လာမယ့် ရက်များမှာလည်း မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေ ဆက်လက် ဖြစ်ပွားနိုင်တယ်လို့ ခန့်မှန်ထားပါတယ်။

Photo: Xinhua



ဟနွိုင်းမြို့ ဆင်ခြေဖုံးရှိ Chuong My ဒေသမှာ နေထိုင်ကြသူတွေကို ရေကြီးမှုကြုံရနိုင်တာကြောင့် ၎င်းတို့နေအိမ်များမှ ရွှေ့ပြောင်းကြပြီး ပိုမိုမြင့်တဲ့ နေရာများမှာ နေထိုင်ကြရန် ညွန်ကြားထားကြောင်း အစိုးရပိုင် VNExpress သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ မိုးရာသီကာလဟာ ဒေသတွင်း အခြား နိုင်ငံများကဲ့သို့ပင် ဇွန်လမှ နိုဝင်ဘာအထိဖြစ်ပေမဲ့ မုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးမှုဟာ အိမ်နီးချင်းနိုင်ငံတွေထက် ပိုများလေ့ရှိပါတယ်။

ယမန်နှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ဗီယက်နမ်မှာ လူ ၃၈၉ ဦး သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၆ ဘီလီယံအထိ ရှိခဲ့ကြောင်း အစိုးရရဲ့ စာရင်းတွေအရ သိရှိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က