AD
AD
AD

တန်ဖိုးမဖြတ်နိုင်တဲ့ ဆွီဒင်နိုင်ငံရဲ့ တော်ဝင်သရဖူနှစ်ခုနဲ့ ကျောက်မျက်စီခြယ်ထားတဲ့ တော်ဝင် အဆောင်အယောင် စက်လုံးတို့ကို နေ့ခင်းကြောင်တောင် ခိုးယူသွားတဲ့ သူခိုးနှစ်ယောက်အား ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။

play
တော်ဝင်သရဖူများထားရှိသည့် ဘုရားကျောင်း (Photo: Alamy)


ဆွီဒင်မြို့တော် စတော့ဟုမ်းမြို့အနီး Strängnäs ဒေသရှိ ဘုရားကျောင်းမှာထားရှိတဲ့ တော်ဝင်သရဖူနှစ်ခုနဲ့ စက်လုံးတို့ကို ယမန်နေ့ (ဇူလိုင် (၃၁ ရက်) နေ့ခင်းပိုင်းအချိန်မှာ သူခိုးနှစ်ယောက်က ခိုးယူခဲ့ပြီးနောက် စပိဘုတ်တစ်စီးဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရပါတယ်။

သူခိုးများလက်ထဲကို ပါသွားခဲ့တဲ့ တော်ဝင်သရဖူနှစ်ခုနဲ့ စက်လုံးတို့ဟာ ၁၇ ရာစုနှစ်မှ ဘုရင်နဲ့ မိဘုရားတို့ရဲ့ အဆောင်အယောင်များ ဖြစ်တယ်လို့ဆိုပါတယ်။

play
ဆွီဒင်တော်ဝင်မိသားစု၏ သရဖူများနှင့် အဆောင်အယောင်များ (Photo: Reuters)


အများပြည်သူ ဝင်ရောက်နိုင်ရန်နဲ့ နေ့လယ်စာစားပွဲ တည်ခင်းပြုလုပ်နေခဲ့တဲ့ ဘုရားကျောင်းအတွင်းမှ အမျိုးသားနှစ်ဦး ပြေးထွက်လာခဲ့တာ မြင်ခဲ့ရတယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။

ဆွီဒင်ရဲ့တပ်ဖွဲ့က တန်ဖိုးမဖြတ်နိုင်တဲ့ နိုင်ငံရဲ့ တော်ဝင်အဆောင်အယောင်တွေကို ခိုးယူသွားသူနှစ်ဦးအား လိုက်လံရှာဖွေမှု အကြီးအကျယ် လုပ်ဆောင်နေကြောင်း သိရပါတယ်။

သူခိုးနှစ်ယောက်က စတော့ဟုမ်းမြို့အနောက်ဘက် မိုင် ၆၀ အကွာ ဘုရားကျောင်းအတွင်း သော့ခတ်ထားပြီး အချက်ပေးစနစ်လည်း တပ်ဆင်ထားတဲ့ မှန်ဘီရိုထဲမှာ ထည့်သွင်းပြသထားတဲ့ တော်ဝင်သရဖူနှစ်ခုနဲ့ အဆောင်အယောင်စက်လုံးတို့ကို ခိုးယူသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

play
Infographic: Guardian, Image: Google Earth


ခိုးယူခံရတဲ့ တော်ဝင်သရဖူနှစ်ခုဟာ ဘုရင် Karl IX နဲ့ ဘုရင်မ Kristina တို့ရဲ့ အဆောင်အယောင်များ ဖြစ်တယ်လို့ သိရပါတယ်။ Karl IX ဟာ ၁၆၀၄ ခုနှစ်မှ နတ်ရွာစံခဲ့ချိန် ၁၆၁၁ ခုနှစ်အထိ ဆွီဒင်ဘုရင်အဖြစ် ထီးနန်းစိုးစံခဲ့ပါတယ်။ ဘုရင်မ Kristina ကတော့ ၁၆၃၂ ခုနှစ်မှာ ဆွီဒင်ကို အုပ်ချုပ်ခဲ့ပြီး ၁၆၅၄ ခုနှစ်မှာ ထီးနန်းစွန့်ခဲ့ကြောင်း သိရပါတယ်။

ယခု ခိုးယူခံရတဲ့ တော်ဝင်သရဖူတွေကို တော်ဝင်ဈာပနအခမ်းအနားမှာ ထည့်သွင်းမြှုပ်နှံခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ ပြန်လည်တူးဖော်ပြီး ဘုရားကျောင်းမှာ ပြသထားခဲ့တာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD