AD
AD
AD

သြစတြေးလျနိုင်ငံရှိ မြို့တစ်မြို့လုံးကို အထူးခြင်များသုံးပြီး သွေးလွန်တုပ်ကွေးရောဂါကို အောင်မြင်စွာ ကာကွယ်ထားခဲ့ကြောင်း သုတေသီတွေက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားပါတယ်။

play
သွေးလွန်တုပ်ကွေး ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ပေးမယ့် အထူးခြင်များ (Photo: PETER ILLICIEV/FIOCRUZ)


သုတေသီတွေက သဘာဝအတိုင်းတွေ့ရတဲ့ ဘက်တီးရီးယားတစ်မျိုး သယ်ဆောင်ထားတဲ့ ခြင်တွေကို သြစတြေးလျရှိ Townsville မြို့ထဲမှာလွှတ်လိုက်ပြီးနောက် မြို့မှာရှိနေတဲ့ ခြင်တွေနဲ့ မိတ်လိုက်စေပါတယ်။

Townsville မြို့မှာ သုတေသီတွေ လွှတ်လိုက်တဲ့ခြင်တွေဟာ Wolbachia ဘက်တီရီးယား သယ်ဆောင်ထားပြီး အဆိုပါ ဘက်တီးရီးယားက သွေးလွန်တုပ်ကွေး ကူးစက်ပျံ့နှံ့မှုကို နှေးကွေးစေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လေးနှစ် မိုးရာသီကာလများမှာ Wolbachia ဘက်တီးရီးယားပါရှိတဲ့ အထူးခြင်တွေ လွှတ်ထားခဲ့တဲ့ Townsville မြို့ဟာ ၂၀၁၄ ခုနှစ်ကတည်းက သွေးလွန်တုပ်ကွေးရောဂါ ကင်းစင်ခဲ့ကြောင်းလည်း သိရပါတယ်။

play
Townsville မြို့မှာ အထူးခြင်များလွှတ်ရန် ပါဝင်ကူညီတဲ့ ကလေးငယ်တစ်ဦး (Photo: Courtesy of World Mosquito Program)


သုတေသီတွေက Wolbachia ဘက်တီးရီးယား သယ်ဆောင်ထားတဲ့ ခြင်တွေကို ကွင်းစ်လန်းပြည်နယ်ရှိ လူဦးရေ ၁၈၇,၀၀၀ နေထိုင်ကြတဲ့အပူပိုင်းဒေသမြို့ Townsville ရဲ့ ဧရိယာအကျယ်အဝန်း ၂၅ စတုရန်းမိုင်ပတ်လည်အတွင်း လွှတ်ခဲ့ကြပါတယ်။

သုတေသီတွေရဲ့ အထူးခြင်းများလွှတ်တဲ့ အစီအစဉ်ကို မြိုခံတွေကလည်း ပူးပေါင်းကူညီခဲ့ကြကြောင်း သိရပါတယ်။ ကျောင်းသူကျောင်းသား ကလေးငယ်တွေပါ အထူးခြင်လွှတ်ရေးမှာ ပါဝင်ကူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

ယခု အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြတဲ့ Monash တက္ကသိုလ်မှ သုတေသီတွေက ၎င်းတို့ရဲ့ နည်းလမ်းဖြင့် ခြင်မှတစ်ဆင့် ကူးစက်ဖြစ်ပွားစေတဲ့ ဇီကာနဲ့ ငှက်ဖျားရောဂါ ဖြစ်ပွားမှုတွေကိုပါ ရပ်တန့်နိုင်မယ်လို့လည်း ယုံကြည်ထားကြပါတယ်။

play
Photo: BBC


"လူတစ်ယောက်အတွက် မြန်မာငွေ ၁၆,၀၀၀ ဝန်းကျင် (သြစတြေးလျ ၁၅ ဒေါ်လာ) ကုန်ကျပါတယ်၊ Townsville မှာ စမ်းသပ်မှုအရ ဒီ အစီအစဉ်ကို အလျင်အမြန် စတင်နိုင်ပြီး လူ့အသိုင်းအဝိုင်းကို ခြင်မှတစ်ဆင့် ကူးစက်စေတဲ့ ရောဂါတွေကနေ ကာကွယ်နိုင်မှာပါ" လို့ ပါမောက္ခ အိုနေးလ်က ပြောပါတယ်။ သြစတြေလျးသုတေသီတွေရဲ့ ယခု အစီအစဉ်ကို ကမ္ဘာ့နိုင်ငံ ၁၁ ခုမှာ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

play
Townsville မြို့ မြင်ကွင်း (Photo: Startup Daily)


Wolbachia ဘက်တီးရီးယား သယ်ဆောင်ထားတဲ့ အထူးခြင်တွေကို ကမ္ဘာတစ်ဝှမ်း ပိုမိုကျယ်ပြန့်စွာ လွှတ်သွားရန်၊ ဆင်းရဲတဲ့ နေရာဒေသတွေမှာ လွှတ်သွားရန်နဲ့ ကုန်ကျစရိတ်ကိုလည်း လူတစ်ဦးအတွက် မြန်မာငွေ ၁,၅၀၀ ဝန်းကျင် (သြစတြေးလျ ၁.၃၅ ဒေါ်လာ) အထိ လျှော့ချသွားနိုင်ရန် ရည်ရွယ်ထားပါတယ်။

သြစတြေးလျသုတေသီတွေရဲ့ အထူးခြင်တွေလွှတ်တဲ့ နောက်တစ်ဆင့် စမ်းသပ်မှုကို လူဦးရေ ၃၉၀,၀၀၀ ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံရှိ Yogyakarta မြို့မှာ ပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD