AD
AD
AD

ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ ရေကြီးမှုတွေကြောင့် လူဦးရေ ၁,၆၀၀ ကို ရွှေ့ပြောင်းပေးခဲ့ရပြီး အများစုဟာ အပျော်တမ်း စခန်းချခရီးထွက်လာတဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

play
Photo: CNN


ရေကြီးမှုအတွင်း အပျော်တမ်း စခန်းချခရီးထွက်တဲ့ ကလေးငယ်တွေကို ကြီးကြပ်သူ အသက် ၇၀ အရွယ် ဂျာမန်အမျိုးသားတစ်ဦး ပျောက်ဆုံးနေကြောင်းလည်း သိရပါတယ်။ ရေကြီးမှုအဆိုးဆုံး ဖြစ်ပေါ်ခဲ့တဲ့ နေရာဒေသတွေဟာ Gard, Ardeche နဲ့ Drome တို့ ဖြစ်ပါတယ်။

ရေကြီးမှုအတွင်း ကယ်ဆယ်ရေးဆောင်ရွက်ရန်အတွက် မီးသတ်သမား ၄၀၀ ကျော်နဲ့ ရဟတ်ယာဉ်လေးစီးကို အသင့်ချထားတယ်လို့ ဆိုပါတယ်။

play
Photo: CNN


ပြင်သစ်တောင်ပိုင်းနဲ့ ဥရောပဒေသ အများအပြားမှာ ပုံမှန်မဟုတ်တဲ့ အပူချိန်မြင့်တက်မှုတွေ ဖြစ်ခဲ့ပြီးနောက် မိုးသက်မုန်တိုင်းများကြောင့် ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

play
Photo: CNN


မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ ရေကြီးမှုဖြစ်တဲ့ ဒေသတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် သုံးလက်မထိ ရွာသွန်းခဲ့တယ်လို့ သိရပါတယ်။ မိုးသက်မုန်တိုင်းနဲ့ ရေကြီးမှုတွေကြောင့် နေအိမ် ၁၇,၀၀၀ ဟာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ရတယ်လို့ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD