နှစ်နာရီကြာ လေ့ကျင့်ပျံသန်းမှုခရီးစဉ်အဖြစ် ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ တောင်တန်းထူထပ်ရာဒေသမှာ ကယ်ဆယ်ရေးရဟတ်ယာဉ်တစ်စီး လေ့ကျင့်ပျံသန်းစဉ် ပျက်ကျခဲ့မှုအတွင်း လိုက်ပါသွားသူ ကိုးဦးလုံး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ယနေ့ (သြဂုတ် ၁၁ ရက်) ပြောပါတယ်။

aerial-footage-broadcast-on-japanese-television-showed-the-wreckage-of-the-crashed-helicopter-surrounded-by-trees-as-the-government-dispatched-aircraft-accident-investigators-to-the-site-1533962902824-2.jpg

ရဟတ်ယာဉ်ပျက်ကျခဲ့သည့် တောအုပ်နေရာကို ကောင်းကင်မှ မြင်တွေ့ရစဉ် (Photo: AFP)



သောကြာနေ့ (သြဂုတ် ၁၀ ရက်) မှာ တိုကျိုအနောက်မြောက်ဘက် Gunma စီရင်စုအတွင်း တောအုပ်တစ်ခုထဲ့သို့ အဆိုပါ ရဟတ်ယာဉ်ပျက်ကျခဲ့ပြီးနောက် ဂျပန်ရဲတပ်ဖွဲ့နဲ့ စစ်သားများ ပူးပေါင်းအဖွဲ့က ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ကြပါတယ်။



"ဒီနေ့ မွန်းလွဲပိုင်းမှာ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် လိုက်ပါသွားသူ ကိုးဦးလုံး သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်" လို့ ဒေသခံ အစိုးရတာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့သူတွေဟာ ဘေးအန္တရာယ်ဆိုင်ရာဌာမှ တာဝန်ရှိသူများ၊ မီးသတ်သမားများ၊ ရဟတ်ယာဉ်မောင်းနဲ့ စက်ပြင်ဆရာတစ်ဦးတို့ဖြစ်ကြောင်း သိရပါတယ်။

ရဟတ်ယာဉ်အပျက်အစီးများ (Photo: Kyodo)



ဂျပန်ရုပ်မြင်သံကြားသတင်းမှာ ထုတ်လွှင့်ပြသခဲ့တဲ့ ကောင်းကင်မှရိုက်ကူးထားမှုအရ သစ်ပင်များကြားထဲမှာ ပျက်ကျနေခဲ့တဲ့ ရဟတ်ယာဉ်အပျက်အစီးတွေကို တွေ့ခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးရေးမှူးတွေက ရဟတ်ယာဉ်ပျက်ကျရာနေရာသို့ ထွက်ခွာသွားပြီး စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ဆိုပါတယ်။

Bell 412 အမျိုးအစား ကယ်ဆယ်ရေးလပ်ငန်းသုံး ရဟတ်ယာဉ်ဟာ သြဂုတ် ၁၀ ရက် မနက်ပိုင်းမှာ တောင်တက်လမ်းကြောင်းများကို လေ့လာရန်အတွက် နှစ်နာရီကြာ လေ့ကျင့်ပျံသန်းမှုခရီးစဉ်အဖြစ် အခြေစိုက်စခန်းကနေ ထွက်ခွာသွားခဲ့ပါတယ်။

Bell 412 အမျိုးအစား ရဟတ်ယာဉ်အချို့ (Photo: Yusuke Hori/Planes Potters)



ထို့နောက် လေကြောင်းထိန်းသိမ်းရေးနဲ့ အဆက်အသွယ်ပြတ်တောက်သွားပြီး အခြေစိုက်စခန်းကို ပြန်ရောက်လာခဲ့ခြင်း မရှိတော့တာ ဖြစ်ပါတယ်။ ယခုနှစ် ဖေဖေါ်ဝါရီလအတွင်းကလည်း စစ်ဘက်ရဟတ်ယာဉ်တစ်စီး ဂျပန်တောင်ပိုင်းဒေသမှာ ပျက်ကျခဲ့မှုကြောင့် ပိုင်းလော့နှစ်ဦး သေဆုံးခဲ့ပါတယ်။

အဆိုပါ ရဟတ်ယာဉ်ဟာ ပျံတက်သွားပြီးနောက် ခုနစ်မိနစ်အကြာမှာ မြေပြင်ရှိ နေအိမ်တစ်လုံးထဲကို ပျက်ကျခဲ့ပြီး မီးလောင်မှုဖြစ်ခဲ့ပါတယ်။ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် နေအိမ်ဟာ လုံးဝ ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။

ဂျပန်နိုင်ငံမှာ ယမန်နှစ်အတွင်းကလည်း လူကိုးဦး လိုက်ပါသွားတဲ့ ရဟတ်ယာဉ်တစ်စီးဟာ တောင်တန်းတစ်ခုပေါ်မှာ ကယ်ဆယ်ရေးလုပ်ဆောင်မှု လေ့ကျင့်နေစဉ် ပျက်ကျခဲ့ပြီး အားလုံးသေဆုံးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က