ခန်းရဲ့ပါတီက ဇူလိုင်လရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာ အများစုအတွက် အနိုင်ရခဲ့ပါတယ်။

ပါကစ္စတန်လွှတ်တော်မှာ ယနေ့ (သြဂုတ် ၁၇ ရက်) မဲခွဲဆုံးဖြတ်မှု ပြုလုပ်ခဲ့ပြီးနောက် နာမည်ကြီး ခရစ်ကတ်ကစားသမားဟောင်း အမ်ရန်ခန်းကို နိုင်ငံဝန်ကြီးချုပ်အဖြစ် အတည်ပြု ခန့်အပ်လိုက်ပြီလို့ သိရပါတယ်။

ဝန်ကြီးချုပ် ဖြစ်လာသည့် ခရစ်ကတ် ကစားသမားဟောင်း အမ်ရန်ခန်း (Photo: Reuters)



မစ္စတာခန်းရဲ့ PTI ပါတီက ဇူလိုင်လရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာ အများစုအတွက် အနိုင်ရခဲ့ပြီးနောက် အခြား ပါတီငယ်များနဲ့ မဟာမိတ်ဖွဲ့ကာ ၎င်းကို ဝန်ကြီးချုပ်ဖြစ်လာစေခဲ့ပါတယ်။

ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ဖူးတဲ့ နာမည်ကျော် ခရစ်ကတ်ကစားသမားခန်းဟာ နိုင်ငံရေးနယ်ပယ်ကို စတင် ဝင်ရောက်ခဲ့ပြီးနောက် ဆယ်စုနှစ်နှစ်ခုကျော်အကြာမှာ ပါကစ္စတန်ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ မစ္စတာခန်းက စနေနေ့ (သြဂုတ် ၁၈ ရက်) မှာ ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုသွားမယ်လို့ သိရပါတယ်။

ပါကစ္စတန်ရဲ့ အရပ်သားနဲ့ စစ်တပ်အရာရှိ ဝန်ကြီးချုပ်များ (Infographic: BBC)



အသက် ၆၅ နှစ်အရွယ် မစ္စတာခန်းဟာ နိုင်ငံရဲ့ စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းမှာဖြစ်ပြီး 'ပါကစ္စတန်နိုင်ငံသစ်' ဖန်တီးမယ်လို့ ကြွေးကြော်ထားပါတယ်။

ပါကစ္စတန်မှာ သြဇာကြီးမားတဲ့ ကြယ်ပွင့်အားကစားသမား မစ္စတာခန်းက ၁၉၉၂ ခုနှစ် ကမ္ဘာ့ဖလား ခရစ်ကတ်ပြိုင်ပွဲမှာ ပါကစ္စတန်အသင်းကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ မစ္စတာခန်းက ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ပြုပြင်ပြောင်းလဲရေးသမားအဖြစ် ခံယူထားသူလို့ ဆိုပါတယ်။

ပါကစ္စတန်လွှတ်တော်မှာ ယနေ့ မဲခွဲဆုံးဖြတ်ခဲ့ရာ မစ္စတာခန်းက ထောက်ခံမဲ ၁၇၆ မဲ ရရှိခဲ့ပြီး ၎င်းရဲ့ပြိုင်ဘက် Pakistan Muslim League-Nawaz (PML-N) ပါတီဥက္ကဋ္ဌ ရှီဘက်ဇ်ရှရစ်ဖ်က ၉၆ မဲ ရရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က