ပေါက်ကွဲမှုတွေ ဒါဇင်နဲ့ချီ ဆက်တိုက်ဖြစ်ပွားကာ မီးလောင်မှုဖြစ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့အနီး လူနေရပ်ကွက်တစ်ခုမှာ ဂက်စ်ပိုက်လိုင်း ဆက်တိုက်ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦးထက်မနည်း သေဆုံးပြီး အခြား ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်းနဲ့ လူဦးရေရာနဲ့ချီ ဘေးကင်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

Photo: Reuters



ကြာသပတေးနေ့ (စက်တင်ဘာ ၁၃ ရက်) က ဖြစ်ပွားခဲ့တဲ့ ဂက်စ်ပေါက်ကွဲမီးလောင်မှုကြောင့် ဒါဇင်နဲ့ချီတဲ့ နေအိမ်နဲ့ အခြား အဆောက်အအုံများ ပျက်စီးခဲ့ပြီး မီးသတ်ဌာန ၅၀ မှ မီးသတ်သမားတွေက နာရီအတန်ကြာအောင် မီးငြှိမ်းသတ်ခဲ့ရပါတယ်။

ဂက်စ်ပေါက်ကွဲမီးလောင်မှုအတွင်း သေဆုံးခဲ့သူဟာ အသက် ၁၈ နှစ်အရွယ် လီယွန်နယ်ရွန်ဒန်ဖြစ်ပြီး ၎င်းရဲ့နေအိမ်အနီး ကားအတွင်းရှိနေစဉ် ကားပေါ်ကို မီးခိုးခေါင်းတိုင် ပြုတ်ကျမှုကြောင့် ထိခိုက်ဒဏ်ရာရပြီး ဆေးရုံမှာ သေဆုံးခဲ့ကြောင်း သိရပါတယ်။

လီယွန်နယ်ရွန်ဒန် (Photo: Facebook)



ဂက်စ်ပိုက်ပေါက်ပြီး မီးလောင်ဖြစ်တဲ့ ဧရိယာအတွင်း နောက်ထပ် မီးကူးစက်လောင်ကျွမ်းမှု မရှိစေရန် ဂက်စ်ပိုက်လိုင်းနဲ့ လျှပ်စစ်ဓာတ်အား ပေးဝေမှုတို့ကို ရပ်ဆိုင်းထားခဲ့တယ်လို့ ဆိုပါတယ်။

Columbia Gas of Massachusetts ကုမ္ပဏီရဲ့ ဂက်စ်ပို့လွှတ်တဲ့ ပင်မပိုက်လိုင်းမှာ ဖိအားမြင့်တက်ရာမှာ ပေါက်ကွဲမှုတွေ ဒါဇင်နဲ့ချီ ဆက်တိုက်ဖြစ်ပွားကာ မီးလောင်မှုဖြစ်ခဲ့ကြောင်း မီးလောင်မှုစုံစမ်းစစ်ဆေးသူတွေက သံသယရှိခဲ့ကြတယ်လို့ အန်ဒိုဗာမီးသတ်ဌာန အကြီးအကဲ မိုက်ကယ်မန်စ်ဖီးက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

Photo: WBZ-TV



အဆိုပါ ဂက်စ်ကုမ္ပဏီက မက်ဆာချူးဆက်ပြည်နယ်အတွင်း ၎င်းရဲ့ ပင်မဂက်စ်ပိုက်လိုင်းတွေကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်သွားမယ်လို့ စက်တင်ဘာ ၁၃ ရက် အစောပိုင်းမှာ ကြေညာထားခဲ့တယ်လို့ ဆိုပါတယ်။

သို့သော် ယခု ဂက်စ်ပိုင်လိုင်း ပေါက်ကွဲမီးလောင်မှုတွေ ဖြစ်ပွားခဲ့စဉ် ထိုဧရိယာအတွင်း ဂက်စ်ကုမ္ပဏီက ပင်မပိုက်လိုင်း အဆင်မြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်နေခဲ့ခြင်းရှိ မရှိ အတိအကျ မသိရသေးပါဘူး။

Photo: NBC



"Columbia Gas က အခု ဖြစ်ပွားခဲ့တဲ့ ဂက်စ်ပေါက်ကွဲမီးလောင်မှုနဲ့ ပတ်သက်ပြီး ၎င်းရဲ့ ဂက်စ်ပို့လွှတ်မှုစနစ်မှာ ဘာဖြစ်ခဲ့သလဲဆိုတာ စစ်ဆေးနေပါတယ်" လို့ Columbia Gas ရဲ့ ပင်မကုမ္ပဏီ NiSource မှ ပြောခွင့်ရအမျိုးသား ကန်စတမ်မင်းန်က ပြောခဲ့

Share

Loading Next Article...
က္က