စက်ချုပ်ပါရှိနေတဲ့ စတော်ဘယ်ရီသီး စားခဲ့မိတဲ့ အမျိုးသားတစ်ဦးကို ဆေးရုံတင်ခဲ့ရတယ်လို့ဆိုပါတယ်။

သြစတြေးလျမှာ စတော်ဘယ်ရီသီးများအတွင်း စက်ချုပ်အပ်များ ပါရှိနေခဲ့ပြီးနောက် စတော်ဘယ်ရီးသီးကို လှီးဖြတ်ကြည့်ပြီးမှသာ စားသုံးကြရန် အာဏာပိုင်တွေက သတိပေးခဲ့ပါတယ်။




ယခုဖြစ်ရပ်ကြောင့် နိုင်ငံတစ်ဝှမ်း ရောင်းချနေတဲ့ စတော်ဘယ်ရီသီး အမှတ်တံဆိပ်သုံးမျိုးကို ဈေးကွက်မှ ပြန်လည်သိမ်းဆည်းခဲ့ကြောင်း သိရပါတယ်။ စတော်ဘယ်ရီသီများထဲမှာ စက်ချုပ်အပ်ပါဝင်နေကြောင်းကို New South Wales, Queensland နဲ့ Victoria ပြည်နယ်တွေမှာ ကြားသိခဲ့ရတယ်လို့ ဆိုပါတယ်။

Photo: Joshua Gane Facebook



အတွင်းမှာ စက်ချုပ်ပါရှိနေတဲ့ စတော်ဘယ်ရီသီး စားခဲ့မိတဲ့ အမျိုးသားတစ်ဦးကို ဆေးရုံတင်ခဲ့ရတယ်လို့လည်း သတင်းထွက်ပေါ်ခဲ့ပါတယ်။ အသက်ကိုးနှစ်အရွယ် ယောက်ျားလေးတစ်ဦးဟာလည်း စက်ချုပ်ပါတဲ့ စတော်ဘယ်ရီသီးကို စားခဲ့ပေမဲ့ အပ်ကိုမျိုချခဲ့အထိ မဖြစ်ခဲ့ကြောင်း သိရပါတယ်။

Photo: Queensland Strawberry Growers Association



ဈေးကွက်မှ ပြန်သိမ်းခဲ့တဲ့ စတော်ဘယ်ရီသီး အမှတ်တံဆိပ်သုံးခုမှာ Donnybrook, Berry Obsession နဲ့ Berry Licious တို့ ဖြစ်ပါတယ်။ ကျန်းမာရေးဌာနမှ တာဝန်ရှိသူတွေက စတော်ဘယ်ရီသီးများ ဝယ်ယူကြရာမှာ သတိပြုကြရန် အများပြည်သူကို တိုက်တွန်းထားပါတယ်။

သြစတြေလျးမှာ စတော်ဘယ်ရီရောင်းချရမှုဟာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၉၄ သန်းရှိပြီး ယခုဖြစ်ရပ်ကြောင့် အရောင်းဈေးကွက်ကို ထိခိုက်လာနိုင်ကြောင်း စိုးရိမ်နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က