ဟာရီကိန်းမုန်တိုင်းအဖြစ်မှ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာစဉ် အပူပိုင်းမုန်တိုင်းအဖြစ်သို့ အားလျော့သွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားနဲ့ မြောက်ကာရိုလိုင်းနားပြည်နယ် ကုန်းတွင်းပိုင်းကို အားကောင်းတဲ့ မုန်တိုင်းဖလောရင့်စ် ဒေသစံတော်ချိန် စက်တင်ဘာ ၁၄ ရက်မှာ ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။

Photo: AP



ဖလောရင့်စ်ဟာ ပင်လယ်ပြင်မှာ ဟာရီကိန်းမုန်တိုင်းအဖြစ် အလွန်အားကောင်းနေခဲ့ပေမဲ့ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာစဉ် အပူပိုင်းမုန်တိုင်းအဖြစ်သို့ အားလျော့သွားခဲ့ပါတယ်။

သို့သော် ဖလောရင့်စ်မုန်တိုင်း တိုက်ခတ်မှုကြောင့် အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှု၊ လေပြင်းတိုက်မှုကြောင့် သစ်ပင်များလဲပြိုမှုနဲ့ နေအိမ်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Photo: NY Times



အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားခဲ့တဲ့ ဖလောရင့်စ်မုန်တိုင်းက အမေရိကန် အရှေ့ပိုင်းဒေသမှာ လေတိုက်နှုန်း တစ်နာရီလျှင် ၆၅ မိုင်ဖြင့် တိုက်ခတ်နေပြီး ဖြည်းညှင်းစွာ ရွေ့လျားနေတယ်လို့ ဆိုပါတယ်။

မုန်တိုင်းတိုက်ခတ်မှုနဲ့ ဆက်နွယ်နေတဲ့ မတော်တဆမှုတွေကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ကြောင်းနဲ့ ထောင်ပေါင်းများစွာ ယာယီခိုလှုံရေးစခန်းတွေမှာ နေထိုင်လျက်ရှိပါတယ်။ သေဆုံးခဲ့သူတွေအနက် နေအိမ်ပေါ်ကို သစ်ပင်လဲပြိုမှုကြောင့် မိခင်နဲ့ကလေးငယ်တို့လည်း ပါဝင်ခဲ့ပါတယ်။

Photo: AFP



အမျိုးသားတစ်ဦးက ဓာတ်လိုက်မှုကြောင့် သေဆုံးခဲ့ပြီး အခြား အမျိုးသားတစ်ဦးမှာ အိမ်အပြင်ဘက်ရှိ ၎င်းရဲ့ခွေးများကို ထွက်ကြည့်စဉ် လေပြင်းတိုက်မှုနဲ့ဆက်နွယ်တဲ့ ဖြစ်ရပ်ကြောင့် သေဆုံးခဲ့ကြောင်း သိရပါတယ်။

နောက်ထပ် သေဆုံးသူအမျိုးသမီးမှာ သူမရဲ့နေအိမ်ပေါ်ကို သစ်ပင်လဲပြိုကျရာမှ နှလုံးရပ်ပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ မုန်တိုင်းဖြတ်းသန်တိုက်ခတ်မယ့် ဒေသများရှိ လူဦးရေ ၁.၇ သန်းကို ရွှေ့ပြောင်းကြရန် အာဏာပိုင်တွေက အစောပိုင်းမှာ ညွန်ကြားချက်ထုတ်ပြန်ထားခဲ့ပါတယ်။

Source & Map: NHC/BBC



အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားတဲ့ ဖလောရင့်စ်မုန်တိုင်း တိုက်ခတ်နေမှုကြောင့် မြောက်ကာရိုလိုင်းနား၊ တောင်ကာရိုလိုင်းနား၊ ဂျော်ဂျီယာ၊ မေရီလန်းနဲ့ ဗာဂျီးနီးယား ပြည်နယ်တွေမှာ ရာသီဥတုဆိုင်ရာ အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာထားပါတယ်။ ယခုမုန်တိုင်း တိုက်ခတ်မှုကြောင့် လူဦးရေ ၁၀ သန်းခန့်ကို သက်ရောက်မှုရှိနိုင်ကြောင်းလည်း မိုးလေဝသဌာက ပြောထားပါတယ်။

Share

Loading Next Article...
က္က