ထုံးကျောက်တူးဖော်ရေး လုပ်ငန်းခွင်အနီးမှာ မြေပြိုကျမှု ဖြစ်ပွားခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းဒေဒသမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရာ လူခြောက်ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ပိတ်မိနေနိုင်ကြောင်း သိရပါတယ်။

Photo: Reuters





ယနေ့ (စက်တင်ဘာ ၂၀ ရက်) ဖြစ်ပွားခဲ့တဲ့ မိုးသည်းထန်းပြီး မြေပြိုမှုဟာ ဖိလစ်ပိုင်မှာ ခြောက်ရက်အတွင်း ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုတွေရှိတဲ့ မတော်တဆမှုတွေအနက် နောက်ဆုံးတစ်ခုလည်း ဖြစ်လာပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖိလစ်ပိုင်အလယ်ပိုင်း စီဘူးကျွန်းပေါ်ရှိ နာဂါမြို့စွန်ရှိ ထုံးကျောက်တူးဖော်ရေး လုပ်ငန်းခွင်အနီးမှာ မြေပြိုကျမှုဖြစ်ပွားခဲ့ရာ နေအိမ်များကို ဖုံးလွှမ်းသွားခဲ့ပြီး လူလေးဦးကို မြေကြီးများအောက်မှ အသက်ရှင်လျက် ဆွဲထုတ်ကယ်တင်နိုင်ခဲ့ပါတယ်။

Photo: Arni Aclao



"မြေပြိုကျမှုကြောင့် လူနေအိမ် ၂၀ ကနေ ၂၄ လုံးလောက်ကို မြေကြီးတွေဖုံးသွားသွားပြီး လူတွေအားလုံး အထဲမှာပိတ်မိနေတယ်" လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အရာရှိ ဒီဘိုးစီနက်စ်က သတင်းထောက်တွေကို ပြောပါတယ်။

ကယ်ဆယ်ရေးသမားတွေက မြေကြီးအောက်မှာ ပိတ်မိနေနိုင်တဲ့ လူ ၅၀ မှ ၈၀ ခန့်ကို ရှာဖွေနေကြကြောင်း နာဂါမြို့မှ တာဝန်ရှိသူ ကာမီလီနိုခရုဇ်က ANC သတင်းဌာနကို ပြောခဲ့ပါတယ်။

Photo: CNN



"မြေပြင်က လှုပ်နေတုန်းပဲ၊ မြေပြင်တုန်ခါနေမှုကို ခံစားသိရှိနေရတယ်" လို့လည်း ခရုဇ်ကဆိုပါတယ်။ ဖိလစ်ပိုင်မှာ စူပါတိုင်ဖွန်းမန်ဂွတ် ဖြတ်သန်းတိုက်ခတ်ခဲ့ပြီးနောက် မြေပြိုကျမှု ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး လူဇွန်ကျွန်းမကြီးပေါ်ရှိ တောင်တန်းထူထပ်တဲ့ ကော်ဒီလီရာဒေသမှာ မြေပြိုမှုအများဆုံးဖြစ်ခဲ့ပါတယ်။

Map: CNN



ထိုဒေသရှိ မိုင်းတွင်းလုပ်ငန်းခွင့်တစ်ခုမှာ လူ ၂၁ ဦးရဲ့ အလောင်းတွေကို ယမန်နေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက ပြန်ရှာတွေ့ခဲ့ပါတယ်။

ကယ်ဆယ်ရေးသမားတွေက ပြီးခဲ့တဲ့ စနေနေ့ (စက်တင်ဘာ ၁၅ ရက်) ကတည်းက မြေပြိုမှုအတွင်း ပိတ်မိနေခဲ့ကြသူ ၅၃ ဦးကို ရှာဖွေနေဆဲဖြစ်ပြီး အသက်ရှင်လျင် ပြန်ရှာတွေ့ရန် မျှော်လင့်ချက်အနည်းငယ်သာရှိတယ်လို့ ပြောကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က