မွမ်ဘိုင်းမြို့မှ ဂျိုင်းပူးရ်မြို့ကိုပျံသန်းတဲ့ လေယာဉ်ပေါ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယလေယာဉ်တစ်စီးမှ အမှုထမ်းတွေက လေယာဉ်အတွင်း လေဖိအားထိန်းညှိတဲ့ ခလုတ်တစ်ခုကိုဖွင့်ရန် မေ့လျော့သွားခဲ့မှုကြောင့် ခရီးသည် ၃၀ ကျော် နားနဲ့နှာခေါင်းထဲမှ သွေးယိုစီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

Photo: Twitter





Jet Airways လေကြောင်းလိုင်းမှ လေကြောင်းခရီးစဉ်အမှတ် 9W 697 ခရီးသည်တင်လေယာဉ်ဟာ မွမ်ဘိုင်းမြို့မှ ရာဂျက်စ်သန်ပြည်နယ် ဂျိုင်းပူးရ်မြို့ကို ယနေ့ (စက်တင်ဘာ ၂၀ ရက်) ထွက်ခွာပျံသန်းပြီး မကြာမီမှာပင် အဆိုပါ ဖြစ်ရပ်ကြောင့် ပြန်လှည့်ဆင်းသက်ခဲ့ရပါတယ်။

လေယာဉ်ပေါ်မှာ ခရီးသည် ၁၆၆ ဦး လိုက်ပါလာခဲ့ကြောင်းနဲ့ မွမ်ဘိုင်းလေဆိပ်မှာ ပြန်လည်ဆင်းသက်ပြီးနောက် သွေးယိုစီးမှု ဖြစ်ခဲ့သူတွေကို ဆေးကုသပေးခဲ့ကြောင်း Jet Airways က ပြောပါတယ်။

Photo: AFP



ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး လေယာဉ်အမှုထမ်းတွေကို တာဝန်ဆိုင်းငံ့ထားကာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်းလည်း လေကြောင်းလိုင်းကုမ္ပဏီက သတင်းထုတ်ပြန်ပါတယ်။ ခရီးသည်တွေ အွန်လိုင်းမှာလွှင့်တင်ခဲ့တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေမှာ လေယာဉ်ကိုယ်ထည်အတွင်း အောက်စီဂျင်မျက်နှာဖုံးများ ထွက်ကျနေတာ တွေ့ရပါတယ်။

Photo: Twitter



ယခုနှစ် ဇန်နဝါရီလအတွင်းကလည်း လန်ဒန်မြို့မှ မွမ်ဘိုင်းမြို့ကို ပျံသန်းတဲ့ Jet Airways လေယာဉ်တစ်စီးမှ လေယာဉ်မှူးနှစ်ဦး ရန်ပွဲဖြစ်ပွားခဲ့သေးကြောင်း သိရပါတယ်။ ခရီးသည် ၃၂၄ ဦး လိုက်ပါလာတဲ့ အဆိုပါ လေယာဉ်ဟာ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က