ဘယ်လ်တီမိုးမြို့အနီး ပါရီမန်းဒေသရှိ ဆေးဝါးဖြန့်ဖြူးရေး ဌာနတစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်မှာ အမျိုးသမီးတစ်ဦးက ပစ်ခတ်မှုကြောင့် လူသုံးဦးသေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ အဆိုပါ အမျိုးသမီးဟာ ကိုယ့်ကိုယ်ကိုယ် ပစ်သတ်သွားခဲ့ကြောင်း ဟတ်ဖို့ဒ်ကောင်တီ ရဲတပ်ဖွဲ့က ပြောပါတယ်။

Photo: Steve Ruark/AP



ဒေသစံတော်ချိန် စက်တင်ဘာ ၂၁ ရက် မနက် ၉ နာရီဝန်းကျင်က ဘယ်လ်တီမိုးမြို့အနီး ပါရီမန်းဒေသရှိ ဆေးဝါးဖြန့်ဖြူးရေးဌာနတစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းက ဖော်ပြပါတယ်။

ပစ်ခတ်ခဲ့တဲ့ အမျိုးသမီးဟာ အသက် ၂၆ နှစ်အရွယ် စနိုချီယာ မော့စ်လေဖြစ်ပြီး ပစ်ခတ်မှုကျူးလွန်ရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။

Photo: EPA



အမေရိကန်မှာ အမျိုးသမီးတွေက လူအများအပြားကို ပစ်ခတ်မှုဟာ ရှားပါးတဲ့ဖြစ်ရပ်လည်း ဖြစ်ပါတယ်။ အမေရိကန်မှာ ဖြစ်ပွားခဲ့တဲ့ အလားတူပစ်ခတ်မှု ၉၅ ရာခိုင်နှုန်းကို အမျိုးသားတွေက ကျူးလွန်ခဲ့ကြတယ်လို့ သိရပါတယ်။

ယခုဖြစ်ရပ်မှာ ပစ်ခတ်ခဲ့တဲ့ အမျိုးသမီးဟာ ဆေးဝါးဖြန့်ဖြူးရေးဌာနမှ ယာယီဝန်ထမ်းတစ်ဦးဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားတဲ့ မနက်ပိုင်းမှာ ပုံမှန်အတိုင်း အလုပ်ကိုလာရောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သို့သော် မနက် ၉ နာရီဝန်းကျင်မှာတော့ အဆိုပါ အမျိုးသမီးက ၉ မမ Glock ပစ္စတိုသေနတ်ဖြင့် အဆောက်အအုံ အပြင်ဖက်မှာ စတင်ပစ်ခတ်ခဲ့ပြီးနောက် အဆောက်အအုံထဲကိုလည်း ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။

Photo: Abby Isaacs News Twitter



ပစ္စတိုသေနတ်ကို သူမနဲ့အတူ ယူဆောင်လာခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာကို ငါးမိနစ်အတွင်း ရောက်ရှိလာခဲ့ပြီး ထိုအချိန်အတွင်းမှာပင် အမျိုးသမီးရဲ့ ပစ်ခတ်မှုကြောင့် လူသုံးဦးသေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရခဲ့ပြီး ဖြစ်ပါတယ်။

ပစ်ခတ်ခဲ့တဲ့ အမျိုးသမီးကိုလည်း ဦးခေါင်းမှာ သေနတ်ဒဏ်ရာဖြင့် တွေ့ရှိခဲ့ရပြီးနောက် ဆေးရုံမှာ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသမီးဟာ ဘယ်လ်တီမိုးမှာ နေထိုင်သူဖြစ်ပြီး ပစ္စတိုသေနတ်ကို လိုင်စင်ဖြင့်ကိုင်ဆောင်သူ ဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က