ကင်မ်ဂျုံအန်က နျူလက်နက်ဖျက်သိမ်းရေးကို အမြန်ဆောင်ရွက်လိုပြီး ဒေါ်နယ်ထရန့်နဲ့ ဒုတိယအကြိမ် တွေ့ဆုံလိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို အလျင်အမြန် ဆောင်ရွက်လိုပြီး ဒေါ်နယ်ထရန့်နဲ့ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံဆွေးနွေးလိုကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ပြောကြားပါတယ်။



Photo: Reuters



သမ္မတမွန်ဂျေအင်းက မြောက်ကိုရီးယားကို သုံးရက်ကြာ သမိုင်းဝင်ခရီးစဉ် သွားရောက်ခဲ့ပြီးနောက် ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုကိုလည်း နောက်တစ်ကြိမ် လာရောက်စေလိုတယ်လို့ ဆိုပါတယ်။

အဓိကကျတဲ့ ရည်မှန်းချက်မှာ ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲပြီးဆုံးကြောင်း ကြေညာရေးဖြစ်တယ်လို့လည်း တောင်ကိုရီးယားသမ္မတက ကြာသပတေးနေ့ (စက်တင်ဘာ ၂၀ ရက်) မှာ ပြောခဲ့ပါတယ်။

Photo: AP



သုံးရက်ကြာ မြောက်ကိုရီးယားခရီးစဉ်အတွင်း ၎င်းနဲ့ကင်မ်ဂျုံအန်တို့ဟာ ပြုံးယမ်းနဲ့ဝါရှင်တန်ကြား နျူကလီးယားအရေး ဆွေးနွေးမှုတွေ ပြန်လည်စတင်နိုင်ရန် အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်မ်ပီအိုကလည်း မြောက်ကိုရီးယားနဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး စေ့စပ်ညှိနှိုင်းမှုတွေ ပြန်လည်စတင်ရန် အသင့်ရှိနေကြောင်း အစောပိုင်းမှာ ပြောထားပါတယ်။

မိုက်ခ်ပွန်မ်ပီအိုရဲ့ အဆိုအရ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို ၂၀၂၁ ခုနှစ်မှာ အပြီးသတ်လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။

Photo: Reuters



တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ၎င်းရဲ့သုံးရက်ကြာ ခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ကိုလည်း ဆိုးလ်မြို့သို့ အလည်အပတ်လာရောက်ရန် ဖိတ်ကြားခဲ့ပါတယ်။

မွန်ဂျေအင်းရဲ့ ဖိတ်ကြားမှုအတိုင်း ကင်မ်ဂျုံအန် လာရောက်ခဲ့ပါက တောင်ကိုရီးယားမြို့တော် ဆိုးလ်မြို့ကို အလည်အပတ်လာရောက်တဲ့ ပထမဆုံး မြောက်ကိုရီးယားခေါင်းဆောင်လည်း ဖြစ်လာမယ်လို့ ဆိုပါတယ်။

Photo: AFP



တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက ပြုံးယမ်းမှာရှိနေစဉ် Arirang Festival ခေါ် မြောက်ကိုရီးယားတို့ရဲ့ ကျွမ်းဘားအကအလှနဲ့ အနုပညာတင်ဆက်မှု ပွဲတော်ကိုတက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။ မွန်ဂျေအင်းက မြောက်ကိုရီးယားမှာ ထင်ရှားတဲ့ Mount Paektu တောင်ပေါ်ကိုလည်း ကင်မ်ဂျုံအန်နဲ့အတူ သွားရောက်ခဲ့သေးကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က