ဟိုတယ်အနောက်ဘက် လမ်းမပေါ်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာတစ်ခုအနီးမှာ ပြိုင်ဘက်ဂိုဏ်းအဖွဲ့ဝင်များကြား အပြန်အလှန် ပစ်ခတ်မှုအတွင်း ကမ္ဘာလှည့်ခရီးသည်နှစ်ဦး သေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာတွေက ပြောပါတယ်။



Photo: Twitter/JS100



ယမန်နေ့ (အောက်တိုဘာ ၇ ရက်) ဒေသစံတော်ချိန် ည ၈ နာရီခွဲဝန်းကျင်က Centara Watergate Pavillion ဟိုတယ်အနောက်ဘက် လမ်းမပေါ်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းနဲ့ ထိုနေရာမှာ ကမ္ဘာလှည့်ခရီးသည် ဘတ်စ်ကားများ ရပ်နားထားခဲ့ကြောင်း The Nation သတင်းက ဖော်ပြပါတယ်။

ပစ်ခတ်မှုဖြစ်ပွားရာအနီး ဟိုတယ်ဟာ Watergate Pavillion ဈေးဝယ်စင်တာနဲ့ ဆက်သွယ်ထားပြီး Platinum Fashion နဲ့ Siam Paragon ဈေးဝယ်စင်တာတို့မှ  ၁၅ မိနစ်မျှ လမ်းလျှောက်ရတဲ့ အကွာအဝေးမှာ တည်ရှိကြောင်း သိရပါတယ်။

Photo: Straits Times



ပစ်ခတ်မှုအတွင်း သေဆုံးဒဏ်ရာရသူအချို့ဟာ အိန္ဒိယလူမျိုး ကမ္ဘာလှည့်ခရီးသည်များဖြစ်ပြီး Watergate Pavillion ဈေးဝယ်စင်တာမှာ ညစာစားပြီးနောက် ကားရပ်နားနေရာမှာ ၎င်းတို့ရဲ့ဘတ်စ်ကားကို စောင့်ဆိုင်းနေခဲ့ကြတယ်လို့ ဆိုပါတယ်။

ထိုစဉ် ကားရပ်နားတဲ့နေရာဘေးရှိ ဘိလိယက်ထိုးရာနေရာမှ လူငယ်အုပ်စုနှစ်ခု ထွက်လာခဲ့ပြီးနောက် ခိုက်ရန်ဖြစ်ပွားခဲ့ရာမှာ သေနတ်ဖြင့်ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Photo: Straits Times



မျက်မြင်တွေရဲ့ အဆိုအရ ရန်ပွဲဖြစ်ခဲ့ကြတဲ့ အမျိုးသား ၂၀ ဝန်းကျင်က သေနတ်များ၊ ဓားနဲ့တုတ်များကိုင်ဆောင်ကာ လမ်းမပေါ်ကို ပြေးထွက်လာခဲ့ကြတယ်လို့ သိရပါတယ်။ ရန်ဘက်ဂိုဏ်းအဖွဲ့ဝင်တွေဟာ ရဲတပ်ဖွဲ့ရောက်ရှိလာချိန်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြတယ်လို့ The Bangkok Post သတင်းက ပြောပါတယ်။

ရဲတပ်ဖွဲ့က ပစ်ခတ်မှုအတွင်း အသုံးပြုခဲ့တဲ့ သေနတ်အမျိုးအစားကို သတ်မှတ်ထုတ်ပြန်ခြင်းမရှိသေးပေမဲ့ AK47 ချေမှုန်းရေးရိုင်ဖယ် ကျည်ဆန်တွေကို အခင်းဖြစ်နေရာမှာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

Photo: Google Street View of Watergate Pavillion Mall



ပစ်ခတ်မှုအတွင်း အသက် ၄၂ နှစ်အရွယ် အိန္ဒိယလူမျိုး Gakhrejr Dheeraj နဲ့ အသက် ၂၈ နှစ်အရွယ် လာအို ကမ္ဘာလှည့်ခရီးသည် Keovongsa Thonekeo တို့ သေနတ်ထိမှန်ခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ခဲ့ပေမဲ့ ဆေးရုံမှာသေဆုံးခဲ့ပါတယ်။ အခြား အိန္ဒိယ ကမ္ဘာလှည့်ခရီးသည်တစ်ဦးနဲ့ ထိုင်အမျိုးသားနှစ်ဦး သေနတ်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က