အစိုးရအဖွဲ့အစည်းအဝေးမှာ ဒူတာတေးက ဆေးစစ်ချက်ရလဒ်ကို ထုတ်ဖော်ပြောခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက ပုဂ္ဂလိကဆေးရုံတစ်ရုံမှာ ကျန်းမာရေးစစ်ဆေးခဲ့ပြီးနောက် ၎င်းထံမှာ ကင်ဆာရောဂါမရှိဘူးလို့ ပြောခဲ့ကြောင်း ခေတ္တပြည်ထဲရေးဝန်ကြီးက ယနေ့ (အောက်တိုဘာ ၉ ရက်) ထုတ်ဖော်ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေး (Photo: Reuters)





"သူက ကျန်းမာရေးစစ်ဆေးတဲ့အဖြေအရ သူ့မှာ ကင်ဆာရောဂါ မတွေ့ရဘူးလို့ ကျွန်တော်တို့ကို ပြောခဲ့ပါတယ်၊ သမ္မတရဲ့ အူကနေ အသားစ နမူနာကိုယူပြီး စစ်ဆေးခဲ့တာပါ" လို့လည်း ခေတ္တပြည်ထဲရေးဝန်ကြီး အီဒူအာဒို အန်နိုက သတင်းထောက်တွေကို ပြောပါတယ်။

တနင်္လာနေ့ (အောက်တိုဘာ ၈ ရက်) ညပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ သမ္မတဒူတာတေးက ၎င်းရဲ့ ဆေးစစ်ချက်ရလဒ်ကို ထုတ်ဖော်ပြောခဲ့တယ်လို့ အန်နိုကဆိုပါတယ်။

အသက် ၇၃ နှစ်အရွယ် ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အစိုးရအဖွဲ့အစည်းအဝေး အပါအဝင် အခမ်းအနားနှစ်ခုကို တက်ရောက်ခြင်းမရှိခဲ့ရာမှ ၎င်းရဲ့ ကျန်းမာရေးချို့ယွင်းမှု ကောလာဟလများ ထွက်ပေါ်လာခဲ့ပါတယ်။

ခေတ္တပြည်ထဲရေးဝန်ကြီး အီဒူအာဒို အန်နို (Photo: Concept News Central)



ဒူတာတေးကလည်း ၎င်းမှာ ကင်ဆာရောဂါ တွေ့ရနိုင်ကြောင်းနဲ့ ဆေးစစ်မှုရလဒ်ကို စောင့်ဆိုင်းနေကြောင်း ထုတ်ဖော်ပြောခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ်မှာ ဖိလစ်ပိုင်သမ္မတဖြစ်လာခဲ့တဲ့ ဒူတာတေးဟာ နိုင်ငံအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ပြင်းထန်စွာဆောင်ရွက်မှုတွေနဲ့ စကားပြောကြမ်းတမ်းမှုတွေကြောင့် နိုင်ငံတကာစာမျက်နှာမှာ ထင်ရှားသူလည်း ဖြစ်ပါတယ်။

၎င်းရဲ့ မူးယစ်ဆေးဝါးနှိမ်နင်းမှုကို စစ်ဆင်ရေးတစ်ရပ်အဖြစ် ပြင်းထန်စွာဆောင်ရွက်မှုတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အနောက်အုပ်စုက ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က