တိရစ္ဆာန်ဥယျာဉ်မှာ ကျားဖြူတွေကို ထိန်းသိမ်းထားရှိမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါတယ်။

ဂျပန်နိုင်ငံရှိ တိရစ္ဆာန်ဥယျာဉ်တစ်ခုမှာ ရှားပါးတဲ့ ကျားဖြူတစ်ကောင်က ၎င်းရဲ့လှောင်အိမ်အတွင်း တိရစ္ဆာန်ရုံဝန်ထမ်းကို ကိုက်သတ်ခဲ့ကြောင်း အာဏာပိုင်တွေက ယနေ့ (အောက်တိုဘာ ၉ ရက်) ပြောပါတယ်။

wire-4880104-1539077378-428_634x425.jpg

Photo: AFP



လည်ပင်းနေရာမှာ အကိုက်ခံထားရတဲ့ အသက် ၄၀ နှစ်အရွယ် တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်း အမျိုးသားကို ကျားဖြူလှောင်အိမ်အတွင်း တွေ့ခဲ့ရပါတယ်။



၎င်းကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ပေမဲ့ သေဆုံးသွားခဲ့ပါတယ်။ အဆိုပါ အမျိုးသားကို တိရစ္ဆာန်ဥယျာဉ်ရှိ ကျားဖြူလေးကောင်အနက် တစ်ကောင်က ကိုက်သတ်ခဲ့တယ်လို့ ယုံကြည်ရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ကယ်ဆယ်ရေးတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ မရောက်ရှိမီ ကျားဖြူကို စိတ်ငြိမ်ဆေးသုံးပြီး ထိန်းသိမ်းထားခဲ့တယ်လို့ ဆိုပါတယ်။ တနင်္လာနေ့ (အောက်တိုဘာ ၈ ရက်) နှောင်းပိုင်းက ဂျပန်တောင်ပိုင်း ကာဂိုရှီမာမြို့ရှိ ဟီရာကာဝါ တိရစ္ဆာန်ဥယျာဉ်မှာ အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

Photo: AFP



ထိုဖြစ်ရပ်နဲ့ပတ်သက်ပြီး တိရစ္ဆာန်ဥယျာဉ်မှာ ကျားဖြူတွေကို ထိန်းသိမ်းထားရှိမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ ဂျပန်သတင်းဌာန ကျိုဒိုကပြောပါတယ်။

၂၀၁၇ ခုနှစ်မှာလည်း ဗြိတိန်နိုင်ငံ ကမ်းဘရစ်ချ်ရှိုင်းယား တိရစ္ဆာန်ရုံရှိ ကျားလှောင်အိမ်အတွင်း ကျားကိုက်ခံရပြီး တိရစ္ဆာန်ရုံဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပါတယ်။ ရုရှားနိုင်ငံ ကလင်နင်ဂရတ်ဒ်မြို့မှာလည်း တိရစ္ဆာန်ရုံဝန်ထမ်းတစ်ဦး ကျားကိုက်ခံခဲ့ရပေမဲ့ အသက်မသေခဲ့ကြောင်း သိရပါတယ်။

ကျားဖြူများ

- ကျားဖြူတွေဟာ လိမ္မော်ရောင် ဘင်ဂေါကျားမျိုးစိတ်ရဲ့ ရှားပါးတဲ့ မျိုးစိတ်ကွဲတစ်ခုဖြစ်ပါတယ်။ ကျားဖြူ အကောင်ရေဟာ ယခုအခါ အလွန်နည်းပါးနေပြီး ရှားပါးစာရင်းဝင်ပါတယ်။

Photo: AFP



- တိရစ္ဆာန်ရုံတွေမှာတွေ့ရတဲ့ ကျားဖြူတွေမှာ အမြင်အာရုံနဲ့ ကိုယ်လက်အင်္ဂါချို့ယွင်းမှုကဲ့သို့ ကျန်းမာရေးပြဿနာတွေ ရှိနေပါတယ်။

- တောထဲမှာ လှည့်လည်သွားလာနေတဲ့ ကျားဖြူကို ၁၉၅၈ ခုနှစ်မှာ ဖြစ်ပါတယ်။ ထိုနောက်ပိုင်းမှာတော့ အိန္ဒိယတောထဲမှာ ကျားဖြူကို ရံဖန်ရံခါ တွေ့ရလေ့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က