၁၉ နာရီကြာ လေယာဉ်စီးရမယ့် ခရီးစဉ်ဖြစ်ပါတယ်။

ကမ္ဘာ့အရှည်ကြာဆုံး လေကြောင်းခရီးစဉ်အဖြစ် စင်ကာပူကနေ နယူးယော့ခ်ကို ၁၉ နာရီကြာ မရပ်မနားပျံသန်းတဲ့ စင်ကာပူလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်ဟာ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) မှာ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

sia-passengers.jpg

လေယာဉ်ခရီးစဉ်မှာ လိုက်ပါမည့် ခရီးသည်အချို့ (Photo: AFP)



စင်ကာပူလေကြောင်းလိုင်းရဲ့ လေယာဉ်ခရီးစဉ် Flight SQ22 လေယာဉ်ဟာ ယမန်နေ့ ဒေသစံတော်ချိန် ည ၁၁ နာရီ ၃၅ မိနစ်မှာ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ထွက်ခွာသွားခဲ့ပြီး ခရီးသည် ၁၅၀၊ လေယာဉ်အမှုထမ်း ၁၇ ဦးတို့ လိုက်ပါသွားကြောင်း လေကြောင်းလိုင်းမှ ပြောခွင့်ရအမျိုးသမီးက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

လယာဉ်မှူးနှစ်ဦး၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်များ၊ ရုပ်ရှင်နဲ့တီဗီအစီအစဉ် ဖျော်ဖြေရေးတွေက စင်ကာပူကနေ နယူးယော့ခ်ကို တိုက်ရိုက်ပျံသန်းတဲ့ မိုင် ၁၀,၀၀၀ ကျော် လေကြောင်းခရီးစဉ်မှာ ခရီးသည်တွေနဲ့အတူ ရှိနေမှာလည်းဖြစ်ပါတယ်။

Airbus A350-900ULR လေယာဉ် (Photo: AFP)



ယခုခရီးစဉ်ကို ပျံသန်းသွားတဲ့ Airbus A350-900ULR လေယာဉ်ဟာ လူဦးရေ ၁၆၁ ဦးကို တင်ဆောင်ပြီး ခရီးရှည်ပျံသန်းနိုင်ပါတယ်။ လေယာဉ်ပေါ်မှာ ၁၉ နာရီ လိုက်ပါစီးနင်းရမယ့် ခရီးသည်တွေအတွက် ရုပ်ရှင်၊ တီဗီအစီအစဉ်နဲ့ သီချင်းပေါင်းများစွာကို ကြည့်ရှုနားဆင်နိုင်ရန် စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။

စင်ကာပူကနေ နယူးယော့ခ်ကို တိုက်ရိုက်ပျံသန်းတဲ့ လေယာဉ်မှာလိုက်ပါမယ့် အသက် ၅၂ နှစ်အရွယ် Peggy Ang အမည်ရှိ ခရီးသည်အမျိုးသမီးကတာ့ "လေယာဉ်ပေါ်မှာ ၁၉ နာရီလောက် လိုက်ပါစီးနင်းပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေမှာကို စိုးရိမ်မိတယ်" လို့ ပြောပါတယ်။

"ကျွန်မ နည်းနည်းတော့ စိုးရိမ်တယ်၊ အိပ်မယ်၊ တီဗီကြည့်မယ်၊ နောက် ကျွန်မရဲ့အလုပ်တွေလုပ်မယ်လို့တော့ တွေးထားတာပဲ" လို့လည်း သူမက ချန်ဂီလေဆိပ်မှ မထွက်ခွာမီ သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။

လေယာဉ်ခရီးစဉ်မှာ လိုက်ပါမည့် ခရီးသည်အချို့ (Photo: AFP)



ကမ္ဘာ့အရှည်ကြာဆုံး လေကြောင်းခရီးစဉ်ကို ပျံသန်းတဲ့ Airbus A350-900ULR လေယာဉ်ဟာ ၎င်းနဲ့ အရွယ်အစားတူ အခြားလေယာဉ်တွေထက် လောင်စာဆီအသုံးပြုမှု ၂၅ ရာခိုင်နှုန်း လျော့နည်းသက်သာတယ်လို့ Airbus ကဆိုပါတယ်။

ပုံမှန်ရာသီဥတု အခြေအနေမှာ ပျံသန်းပါက ချန်ဂီလေဆိပ်ကနေ နယူးယော့ခ်ရှိ Newark လေဆိပ်ကို ပျံသန်းချိန် ၁၈ နာရီ ၄၅ မိနစ် ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။

Infographic: Rafa Estrada/CNA



ယမန်နေ့က ထွက်ခွာပျံသန်းသွားတဲ့ စင်ကာပူလေကြောင်းလိုင်းရဲ့ Flight SQ22 လေကြောင်းခရီးစဉ်ဟာ လက်ရှိ ကမ္ဘာ့အရှည်ကြာဆုံးအဖြစ် စံချိန်တင်ထားခဲ့တဲ့ ကာတာလေကြောင်းလိုင်းရဲ့ အုတ်ကလန်မြို့ကနေ ဒိုဟာမြို့ကို ၁၇ နာရီ ၄၀ မိနစ်ကြာ ပျံသန်းခဲ့တဲ့ Flight 921 ကို ကျော်လွန်သွားမှာဖြစ်ပါတယ်။

Photo: EPA



- ထပ်မံသိရှိရတဲ့ သတင်းအရ ကမ္ဘာ့အရှည်ကြာဆုံး လေကြောင်းခရီးစဉ်အဖြစ် စင်ကာပူ ချန်ဂီလေဆိပ်မှ ထွက်ခွာလာခဲ့တဲ့ Flight SQ22 လေယာဉ်ဟာ ၁၇ နာရီနဲ့ ၅၂ မိနစ်ကြာ မရပ်မနား ပျံသန်းခဲ့ပြီးနောက် နယူးယော့ခ်ကို အဆင်ပြေချောမွေ့စွာဖြင့် ယနေ့ (အောက်တိုဘာ ၁၂ ရက်) ဆိုက်ရောက်ခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က