ဆူမာတြာကျွန်းပေါ်ရှိ ဒေသအချို့မှာ ရေကြီးမှုနဲ့မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းဒေသမှာ မိုးသည်းထန်စွာရွာကာ ရုတ်တရက် ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့မှုအတွင်း လူ ၂၂ ဦးထက်မနည်း သေဆုံးပြီး အများအပြား ပျောက်ဆုံးနေကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ယနေ့ (အောက်တိုဘာ ၁၃ ရက်) ပြောပါတယ်။

Photo: AFP





ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၁၀  ရက်) မှစပြီး မိုးသည်းထန်စွာ ရွာသွန်းနေခဲ့ပြီးနောက် ဆူမာတြာကျွန်းပေါ်ရှိ ဒေသအချို့မှာ ရေကြီးမှုနဲ့မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ရေကြီးမြေပြိုမှုတွေကြောင့် ပြီးခဲ့တဲ့ သုံးရက်အတွက် ဆူမာတြာမြောက်ပိုင်းမှာ လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အတည်ပြုထားပြီး ဆူမာတြာအနောက်ပိုင်းမှာလည်း လူငါးဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Photo: AFP



"ဆူမာတြာမြောက်ပိုင်း Mandailing Natal ခရိုင် Muara Saladi ကျေးရွာက အစ္စလာမ်စာသင်ကျောင်းမှာ သောကြာနေ့ စာသင်နေကြတဲ့ စာသင်သား ၁၁ ယောက်ဟာ ရုတ်တရက် ရေကြီးမှုဖြစ်ပြီး သူတို့ ကျောင်းအဆောက်အအုံ ပျက်စီးသွားမှုအတွင်း သေဆုံးခဲ့ပါတယ်" လို့ အင်ဒိုနီးရှား ဘေးအန္တရာယ်ဆိုင်ရာဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူတိုပိုပွာဝို နူဂရိုဟိုက ပြောခဲ့ပါတယ်။

Photo: AFP



ရေကြီးမြေပြိုမှုကြောင့် ဒါဇင်နဲ့ချီတဲ့ နေအိမ်တွေလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။ "ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေက ရေကြီးမြေပြိုမှု ဖြစ်ခဲ့တဲ့ ခရိုင်ကိုသွားခဲ့ကြပေမဲ့ လမ်းတလျှောက် နေရာတွေမှာ မြေပြိုမှုတွေ ဖြစ်ထားတာကြောင့် အခက်အခဲရှိခဲ့ကြတယ်" လို့ ဆူမာတြားမြောက်ပိုင်း ဘေးအန္တရာယ်ဆိုင်ရာဌာနမှ အကြီးအကဲ Riadil Lubis က AFP သတင်းဌာနကို ပြောပါတယ်။

Photo: Xinhua



သဘာဝဘေးအန္တရာယ်တွေနဲ့ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုတွေ ဖြစ်ပေါ်လေ့ရှိတဲ့ အင်ဒိုနီးရှားမှာ မြေပြိုမှုတွေနဲ့ ရေကြီးမှုတွေ မကြာခဏ ကြုံရလေ့ရှိပါတယ်။ ယခုနှစ် ဖေဖေါ်ဝါရီလအတွင်းကလည်း ဂျားဗာကျွန်း အလယ်ပိုင်းဒေသမှာ ရွှံ့နွံနဲ့ကျောက်တုံးများ တောင်စောင်းဆင်ခြေလျှောအတိုင်း ရုတ်တရက် ပြိုကျလာမှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ဇွန်လအတွင်းမှာလည်း ဂျာဗားကျွန်းအလယ်ပိုင်းမှာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီးနောက် ကျေးရွာများအတွင်း ရေကြီးမှုနဲ့အတူ ရွှံ့နွံနဲ့ကျောက်တုံးများ ရောက်ရှိလာခဲ့မှုကြောင့် လူ ၅၀ နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။

[No available link text] 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က