တောင်ကိုရီးယားလူမျိုး တောင်တက်သမား ၅ ဦး ပါဝင်ပါတယ်။

ဟိမဝန္တာတောင်တန်းဒေသ နီပေါနိုင်ငံအနောက်ဘက်ရှိ ဂါဂျာတောင်ပေါ်မှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်း တိုက်ခတ်မှုအတွင်း တောင်ကိုရီးယားနိုင်ငံသားတွေပါဝင်တဲ့ တောင်တက်အဖွဲ့ဝင် ၉ ဦးလုံး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဂူဂျာတောင်ကို တောင်ဘက်အခြမ်းမှ မြင်တွေ့ရမှု (Photo: Damien Gildea)



ဂူဂျာတောင်ပေါ်မှာ ယနေ့ (အောက်တိုဘာ ၁၃ ရက်) ဖြစ်ပေါ်ခဲ့တဲ့ နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် တောင်တက်အခြေစိုက်စခန်းမှာ ရှိနေခဲ့တဲ့ တောင်ကိုရီးယားလူမျိုး တောင်တက်သမား ၅ ဦးနဲ့ နီပေါလူမျိုး လမ်းပြ ၄ ဦးတို့ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

တောင်ကိုရီးယား တောင်တက်သမား ၄ ဦးနဲ့ နီပေါလမ်းပြ ၄ ဦးရဲ့ အလောင်းတွေကို ပြန်ရှာတွေ့ခဲ့ပြီး နောက်ထပ် တောင်ကိုရီးယားတစ်ဦးရဲ့ အလောင်းကိုတော့ ရှာမတွေ့သေးဘူးလို့ ဆိုပါတယ်။ သို့သော် အဆိုပါ တောင်တက်သမားဟာလည်း သေဆုံးခဲ့ဖွယ်ရှိတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

Photo: Sumesara Ankit/Twitter



"ဂူဂျာတောင်ကို တက်ရောက်နေကြတဲ့ ခရီးစဉ်အတွင်း တောင်ကိုရီးယားနိုင်ငံသား ၅ ဦးနဲ့ နီပေါလူမျိုး လမ်းပြ ၄ ဦးတို့ဟာ သူတို့ရဲ့ အခြေစိုက်စခန်းမှာရှိနေတုန်း ပြင်းထန်တဲ့ လေတိုက်ခတ်မှုတွေကြောင့် လွင့်ထွက်သွားခဲ့ကြတယ်၊ သူတို့ တောင်စောင်းပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့ပါတယ်" တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

တောင်တက်အခြေစိုက်စခန်းနေရာကို ပထမဆုံးရောက်ရှိခဲ့သူတွေအနက် ပါဝင်ခဲ့သူ ရဟတ်ယာဉ်ပိုင်းလော့ Siddartha Gurung ရဲ့ ပြောကြားမှုအရ အခြေစိုက်စခန်းနေရာဟာ လုံးဝပျက်စီးသွားပြီး ယာယီတဲများလည်း ပြားပြားဝပ်နေကာ တောင်တက်သမားတွေရဲ့ အလောင်းတွေပြန့်ကျဲနေကြောင်း သိရပါတယ်။

နီပေါနိုင်ငံအတွင်း တောင်တန်းဒေသမှာ တွေ့ရသည့် တောင်တက်သမားတစ်ဦး (Photo: Paul Zizka/Getty Images)



"အားလုံးပျက်စီးသွားတာပဲ၊ ယာယီတဲတွေအားလုံးလည်း တစ်စစီဖြစ်ကုန်တယ်" Gurung က AFP သတင်းဌာနကို ပြောပါတယ်။ ယခုဖြစ်ရပ်ဟာ လတ်တလောနှစ်များအတွင်း ဟိမန္တာတောင်တန်းဒေသ နိုင်ငံမှာ လူသေဆုံးမှုအများဆုံး တောင်တက်ခရီး မတော်တဆမှုလည်း ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားတောင်တက်သမားတွေနဲ့ နီပေါလူမျိုး လမ်းပြတွေပါဝင်တဲ့ တောင်တက်အဖွဲ့ဟာ ၂၃,၅၉၉ ပေမြင့်တဲ့ ဂူဂျာတောင်ကို အောက်တိုဘာလဆန်းမှစပြီး တက်ရောက်ခဲ့ကြတာပါတယ်။ ၎င်းတို့က ရာသီဥတုကောင်းမွန်ချိန်ကို စောင့်ဆိုင်းရန်အတွက် တောင်ခြေမှာ စခန်းချနေထိုင်ကြစဉ် နှင်းမုန်တိုင်းတိုက်မှု ကြုံခဲ့ကြရတာ ဖြစ်ပါတယ်။

ဂါဂျာတောင်ထိပ်ကို ပထမဆုံးအကြိမ် ရောက်ရှိမှုအဖြစ် ၁၉၆၉ ခုနုစ်မှာ ဂျပန်တောင်တက်အဖွဲ့တစ်ဖွဲ့က အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြပါတယ်။ သို့သော် ယခု ဂါဂျာတောင်ထိပ်ကို မည်သည့် တောင်တက်သမားမျှ မရောက်ရှိခဲ့တာ ၂၂ နှစ်ကြာပြီလို့ Himalayan Database ဝက်ဘ်ဆိုက်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က