ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပြီး ရာနဲ့ချီတဲ့ သစ်ပင်များ လဲပြိုခဲ့ပါတယ်။

ပေါ်တူဂီမြောက်ပိုင်းဒေသမှာ ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခဲ့မှုကြောင့် နေအိမ် ၃၀၀,၀၀၀ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။ ဟာရီကိန်းလက်စ်လီ (Hurricane Leslie) က ပေါ်တူဂီကို ယမန်နေ့ (အောက်တိုဘာ ၁၃ ရက်) ညလုံးပေါက် ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၀၉ မိုင်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

Photo: EPA



ပြည်သူ့ကာကွယ်ရေးဌာနရဲ့ အဆိုအရ ဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှုအတွင်း လူ ၂၇ ဦး အသေးစား ဒဏ်ရာများရခဲ့ကြောင်း သိရပါတယ်။ မုန်တိုင်းကြောင့် ဒေသအလိုက် ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပြီး ရာနဲ့ချီတဲ့ သစ်ပင်များ လဲပြိုခဲ့ပါတယ်။ဟာရီကိန်းအန္တရာယ်ကြောင့် လေကြောင်းခရီးစဉ် အများအပြားကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ ဟာရီကိန်းလက်စ်လီဟာ ပေါ်တူဂီကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အားအကောင်းဆုံး မုန်တိုင်းတစ်ခုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး လက်ရှိမှာ စပိန်နိုင်ငံမြောက်ပိုင်းကို ဖြတ်ကျော်နေတယ်လို့ သိရပါတယ်။

Map: Twitter/AWxNYC

ဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှု အဆိုးရွားဆုံး ကြုံခဲ့ရတဲ့ ပေါ်တူဂီဒေသများမှာ လစ္စဘွန်းမြို့တော်အနီးတဝိုက်၊ Coimbra နဲ့ Leiria, Aveiro, Viseu နဲ့ Porto ဖြစ်ပါတယ်။ အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ မုန်တိုင်းတိုက်ခတ်မှုကြောင့် သစ်ပင် ၁,၀၀၀ ခန့် အမြစ်မှကျွတ်ထွက် လဲပြိုခဲ့တယ်လို့ သိရပါတယ်။ အဓိက အဝေးပြေးလမ်းမ A1 ဟာလည်း ယာယီပိတ်ဆို့မှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှုအတွင်း မတော်တဆမှု ၁,၉၀၀ ခန့် ဖြစ်ပွားခဲ့ကြောင်း အရေးပေါ်ဌာနက ပြောပါတယ်။

လက်စ်လီ စက်တင်ဘာ ၂၃ ရက်မှာ ဟာရီကိန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာခဲ့ပေမဲ့ ကုန်းတွင်းပိုင်းကို မဝင်ရောက်မီ အားလျော့သွားခဲ့ပါတယ်။ သို့သော် လေတိုက်နှုန်းမှာ ဟာရီကိန်းမုန်တိုင်းတစ်ခုရဲ့ ပြင်းအားဖြင့် ဆက်လက် တိုက်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က