ပျမ်းမျှလူ့သက်တမ်းအရှည်ဆုံး ကမ္ဘာ့နိုင်ငံများအနက် တတိယနေရာမှာ ရပ်တည်နေမယ်လို့ ဆိုပါတယ်။

စင်ကာပူနိုင်ငံသားတွေဟာ လာမယ့် ၂၀၄၀ ခုနှစ်မှာ ပိုမိုအသက်ရှည်ရှည် နေထိုင်နိုင်လိမ့်မယ်လို့ Institute for Health Metrics and Evaluation (IHME) က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။


Photo: Reuters



ယနေ့ (အောက်တိုဘာ ၁၇ ရက်) ထုတ်ပြန်လိုက်တဲ့  IHME လေ့လာမှုရလဒ်အရ စင်ကာပူနိုင်ငံရဲ့ ပျမ်းမျှလူ့သက်တမ်းဟာ ၂၀၄၀ ခုနှစ်မှာ ၈၅.၄ နှစ် ဖြစ်လာပြီး လူ့သက်တမ်းအရှည်ဆုံး ကမ္ဘာ့နိုင်ငံများအနက် တတိယနေရာမှာ ရပ်တည်နေမယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်မှာ စင်ကာပူရဲ့ ပျမ်းမျှလူ့သက်တမ်းဟာ ၈၃.၁ နှစ် ဖြစ်ခဲ့တယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organisation - WHO) က ထုတ်ပြန်ထားခဲ့ပါတယ်။

၂၀၄၀ ခုနှစ်အရောက်မှာ ပျမ်းမျှလူ့သက်တမ်း အရှည်ဆုံး ကမ္ဘာ့နိုင်ငံအဖြစ် စပိန်က ၈၅.၈ နှစ်ဖြင့် ပထမနေရာမှလည်းကောင်း၊ ဂျပန်နိုင်ငံက ၈၅.၇ နှစ်ဖြင့် ဒုတိယနေရာမှလည်းကောင်း ရပ်တည်နေမယ်လို့ ခန့်မှန်းထားပါတယ်။

Photo: AFP



ဝင်ငွေမြင့်မားတဲ့ နိုင်ငံတွေအနက် အမေရိကန်ကတော့ လူ့သက်တမ်းအရှည်ဆုံး နိုင်ငံတွေအနက် အဆင့်ရပ်တည်မှု များစွာလျော့ကျသွားမယ်လို့လည်း ခန့်မှန်းထားကြောင်း သိရပါတယ်။

အမေရိကန်ဟာ လူ့သက်တမ်းအရှည်ဆုံး နိုင်ငံများစာရင်းမှာ ၂၀၁၆ ခုနှစ်က အဆင့် ၄၃ ဖြစ်ခဲ့ပေမဲ့ ၂၀၄၀ ခုနှစ်အရောက်မှာတော့ အဆင့် ၆၄ သို့ လျော့ကျသွားမယ်လို့ဆိုပါတယ်။ အမေရိကန် ပျမ်းမျှလူ့သက်တမ်းဟာ ၁.၁ နှစ်သာ တိုးလာမယ်လို့လည်း ခန့်မှန်းထားပါတယ်။

IHME ရဲ့ အဆိုအရ ၂၀၄၀ ခုနှစ်မှာ ကမ္ဘာ့နိုင်ငံအားလုံးရဲ့ ပျမ်းမျှလူ့သက်တမ်းဟာ အနည်းငယ်မျှတိုးလာမယ်လို့ သိရပါတယ်။ စင်ကာပူမှာ ပျမ်းမျှလူ့သက်တမ်းတိုးလာမှုဟာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ အရေးပါတဲ့ ကျန်းမာရေးကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်မှုကြောင့် ဖြစ်တယ်လို့လည်း ကျန်းမာရေးနဲ့လူ့သက်တမ်းဆိုင်ရာ IHME လေ့လာမှုရလဒ်ကပြောကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က